ရော်နယ်ဒိုကို စံထားပြီး ထိပ်ဆုံးတက်လှမ်းနေသူတစ်ဦးရဲ့ဘဝကောက်ကြောင်း

Photo Credit

Photo Credit

တာကူမီမီနာမီနိုဆိုတာ Winner တစ်ဦးပါ။ ဒါမှမဟုတ်ရင်လည်း အနည်းဆုံးတော့ နိုင်ပွဲရဖို့ ကြိုးစားအားထုတ်သူဖြစ်ပြီး အရှုံးဆိုတဲ့အရာကို ဘယ်လိုမုန်းတီးတယ်ဆိုတဲ့အကြောင်းလည်း တစ်ခါတလေ ပြောတတ်ပါတယ်။ အခု သူပြောင်းလာတဲ့အသင်းကလည်း အသင်းသမိုင်းတစ်လျှောက် အဆင့်မြင့်တန်းမှာ ရှုံးပွဲမရှိအရှည်ကြာဆုံးစံချိန်တင်ထားတဲ့ လီဗာပူးဖြစ်ပြီး ၃၄ပွဲဆက်ရှုံးပွဲမရှိစံချိန်တင်ထားတာဖြစ်ပါတယ်။ အရှုံးဆိုတဲ့အရသာကို မုန်းတီးသူနဲ့ ရှုံးပွဲမရှိအရှည်ကြာဆုံးစံချိန်တင်ထားတဲ့ အသင်းတို့ ပေါင်းစည်းမိသွားတာပါ။

Photo Credit

မီနာမီနိုဟာ ငယ်ရွယ်စဉ်ကတည်းက ဘောလုံးကစားရတာကို ဘယ်လောက်ချစ်မြတ်နိုးတယ်ဆိုတာ သိသာထင်ရှားခဲ့ပြီး ကလေးဘဝက ဒေသတွင်းကလပ် ကူမာတိုရီအသင်းမှာ ကစားခဲ့ပါတယ်။ သူဟာ ဂျေလိဂ်ကလပ် ဆီရီဇိုအိုဆာကာအသင်းကို မပြောင်းရွှေ့ခင် ကူမာတိုရီအသင်းမှာ ကစားခဲ့တာဖြစ်ပြီး တစ်ရက်တော့ ပွဲကစားနေရင်း လူစားလဲခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက မူလတန်းကျောင်းသားပဲရှိသေးတဲ့ မီနာမီနိုက နည်းပြကို သွားမေးပါတယ်။ ”ကျွန်တော့်ကို ဘာလို့ လူစားလဲလိုက်ရတာလဲ။ ကျွန်တော့်ကို များများကစားခွင့်ပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးကစားရတာကို ကျွန်တော် မြတ်နိုးလို့ပါ”ဆိုပြီး သွားပြောတာပါ။

Photo Credit

သူက အဲဒီလိုကလေးမျိုးပါ။ အဲဒီအသင်းမှာရှိတဲ့ဘယ်ကစားသမားမှ ပြီးတော့ တခြားဘယ်ဂျပန်ကစားသမားကမှ ကိုယ့်ရဲ့နည်းပြ ဒါမှမဟုတ် တာဝန်ရှိသူတွေကို ဒီလိုယုံကြည်ချက်ပြင်းပြင်းပြပြနဲ့ ပြန်ပြောတာမျိုးမရှိပါဘူး။ အထူးသဖြင့် မီနာမီနိုလို ကလေးတစ်ယောက်ဆို ပိုဆိုးပါတယ်။ ဒါပေမဲ့ ဇန်နဝါရီလ ၁ရက်နေ့မှာ ဆဲလ်ဘတ်ကနေ လီဗာပူးကို တရားဝင်ရောက်ရှိတော့မယ့် မီနာမီနိုက တခြားဂျပန်ကစားသမားတွေလိုမဟုတ်ပါဘူး။

Photo Credit

မီနာမီနိုက ဂျပန်နိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုက သူ့ဘဝမှာ ဘယ်လောက်တွန်းအားဖြစ်စေခဲ့တယ်ဆိုတဲ့အကြောင်း ပြောပါတယ်။ မီနာမီနိုက ရော်နယ်ဒိုရဲ့အဆုံးသတ်မှုတွေ၊ တစ်ဦးချင်းကျော်ဖြတ်မှုတွေကို ရူးသွပ်ခဲ့တာပါ။ သူဟာ ရော်နယ်ဒိုရဲ့ခြေယောင်ပြလှည့်စားမှုတွေအကြောင်း ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ ကြည့်ရှုပြီးနောက် အိမ်အပြင်ထွက်ကာ တစ်ယောက်တည်း လေ့ကျင့်ပါတော့တယ်။ ဒီအတွက်ကြောင့်လည်း အသက် ၂၄နှစ်အရွယ်ရှိ မီနာမီနိုရဲ့ကစားပုံက တစ်ခါတလေ ရော်နယ်ဒိုနဲ့ ဆင်တူနေတာ သိပ်တော့မထူးဆန်းပါဘူး။

Photo Credit

ဒါပေမဲ့ မီနာမီနိုကို နောက်ထပ်လွှမ်းမိုးနိုင်ခဲ့သူကတော့ သူ့ရဲ့အစ်ကို ကန်တာပဲဖြစ်ပါတယ်။ ကန်တာဟာ မီနာမီနိုထက် အသက် ၃နှစ်ကြီးပြီး မီနာမီနိုကလည်း ရလာတဲ့အခွင့်အရေးတိုင်းကို အမိအရဆုပ်ကိုင်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့အဖေက တစ်ခါတလေ နည်းပြအဖြစ် ဆောင်ရွက်ပေးတတ်ပြီး သားတွေကို ကားပါကင်မှာ အရှိန်နဲ့ တစ်ဦးချင်းကျော်ဖြတ်မှုစွမ်းရည်တိုးတက်စေဖို့ လေ့ကျင့်ပေးခဲ့ပါတယ်။ ကန်တာဟာ ညီဖြစ်သူမတိုင်ခင် ဆီရီဇိုအကယ်ဒမီကို ရောက်ရှိခဲ့ပြီး မီနာမီနိုက အစ်ကိုဖြစ်သူရဲ့ခြေရာအတိုင်း လိုက်နင်းရုံသာမက ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် သူ့အစ်ကိုထက် ဘောလုံးလောကထဲ အရင်ဝင်ရောက်နိုင်ခဲ့ပါတယ်။

Photo Credit

ဆီရီဇိုအိုဆာကာက ယနေ့မီနာမီနိုဖြစ်လာအောင် ပုံသွင်းနိုင်ခဲ့ပါတယ်။ စပိန်လို ချယ်ရီသီးတွေ ဖွံ့ဖြိုးလာခြင်းလို့ အဓိပ္ပာယ်ရတဲ့ ဆီရီဇိုဟာ မီနာမီနိုအတွက် သဘာဝကပေးတဲ့ အရည်အသွေးကို ထုတ်လုပ်ပေးတဲ့နေရာဖြစ်ခဲ့ပါတယ်။ ဆီရီဇိုက မီနာမီနိုရဲ့အိမ်နဲ့ အနီးဆုံးမှာရှိတဲ့ပရော်ဖက်ရှင်နယ်ကလပ်ဖြစ်ပြီး ပိုပြီးတိုက်ဆိုင်တာက ဆီရီဇိုအသင်း ဂျေလိဂ်မှာ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့နှစ်က မီနာမီနို မွေးဖွားတဲ့နှစ်ဖြစ်နေတာပါပဲ။ သူဟာ အသက် ၁၂နှစ်အရွယ်မှာ ဆီရီဇိုအိုဆာကာအကယ်ဒမီကို ရောက်လာပြီး ၃နှစ်အကြာမှာတော့ ယူ-၁၈ အသင်းမှာ ပါဝင်ကစားခွင့်ရတဲ့အထိ တိုးတက်လာပါတယ်။

Photo Credit

အသက် ၁၅နှစ်အရွယ်မှာ သူဟာ ၂၀၁၀ အေအက်ဖ်စီ ယူ-၁၆ ဖလားပြိုင်ပွဲရဲ့ဂိုးသွင်းဘုရင်ဖြစ်ခဲ့ပြီး ဂျပန်အသင်းရဲ့လူငယ်အဆင့်ဆင့်မှာလည်း ကိုယ်စားပြုကစားခွင့်ရခဲ့ပါတယ်။ အဲဒီမှာ ၂၀၁၁ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျပန်အသင်း မထင်မှတ်ဘဲ ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တဲ့ပြိုင်ပွဲလည်း ပါဝင်ခဲ့ပါတယ်။ ဆီရီဇိုအကယ်ဒမီအသင်းမှာ မီနာမီနို ရောက်ရှိနေချိန် အသင်းရဲ့ပထမအသင်းမှာ ရှင်ဂျီကာဂါဝါ၊ တာကာရှီအင်နိုင်းနဲ့ ဟီရိုရှီကီကိုတာကေးတို့ ပါဝင်ကစားနေခဲ့တာပါ။ သူတို့အားလုံးက ဥရောပမှာ အောင်မြင်တဲ့ကစားသမားဘဝကို ဖြတ်သန်းနိုင်ခဲ့ပြီး မီနာမီနိုလည်း တစ်နေ့ သူတို့လိုဖြစ်လာရမယ်လို့ စိတ်ပိုင်းဖြတ်ကာ တစ်ခါတလေ သူတို့နဲ့အတူတူ လေ့ကျင့်ခွင့်ရခဲ့ပါတယ်။

Photo Credit

ဆီရီနိုအိုဆာကာအသင်းကို ဒီဇယ်အင်ဂျင် ထုတ်လုပ်ရေးကုမ္ပဏီ ယန်မာက ပိုင်ဆိုင်ထားတာဖြစ်ပြီး အဲဒီအသင်းမှာ ကစားခဲ့တဲ့ ၈နှစ်တာကာလအတွင်း မီနာမီနိုလည်း အကြမ်းခံတဲ့မော်တာကြီးတစ်လုံးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ သူဟာ ဆီရီနိုအကယ်ဒမီမှာ ခက်ခဲပင်ပန်းတဲ့လေ့ကျင့်ခန်းတွေ လုပ်ဆောင်ခဲ့ရပြီး အင်္ဂါနေ့တိုင်း ကွင်းဘေးပတ်လည် ၄ ကီလိုမီတာ ပြေးရသလို အဲဒီနောက် အလွန်ခက်ခဲပင်ပန်းတဲ့လေ့ကျင့်ခန်းတွေ ဆက်တိုက်လုပ်ရပါတယ်။ အသက် ၁၇နှစ်အရွယ်မှာ သူဟာ ဆီရီဇိုအသင်းနဲ့အတူ ပထမဆုံးလိဂ်ပွဲဦးထွက်ခွင့်ရခဲ့ပြီး အသက် ၁၈နှစ်အရွယ်မှာ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် အသင်းသမိုင်းတစ်လျှောက် အဆင့်မြင့်တန်းမှာ ဂိုးသွင်းနိုင်တဲ့အသက်အငယ်ဆုံးကစားသမားဖြစ်လာပါတယ်။

Photo Credit

အဲဒီနောက် ၃၁ရက်အကြာ ယူနိုက်တက်နဲ့ကစားခဲ့တဲ့ရာသီကြိုခြေစမ်းပွဲမှာလည်း မီနာမီနို အထူးခြေစွမ်းပြနိုင်ခဲ့ပြီး ၂၅ ကိုက်အကွာကနေ ထောင့်ကျဉ်းထဲ ဂိုးသွင်းယူနိုင်ခဲ့သလို အဲဒီအချိန်က ယူနိုက်တက်နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ဒေးဗစ်မိုယက်စ်လည်း သူ့ရဲ့ကစားပုံကို ချီးကျူးခဲ့ပါတယ်။ သူဟာ ၂၀၁၃ ရာသီမှာ ဂျေလိဂ်တစ်နှစ်တာအကေင်းဆုံးကစားသမားဆုရရှိခဲ့ပြီး နောက်တစ်ရာသီမှာတော့ ဆီရီဇိုအတွက် အဆိုးရွားဆုံးဖြစ်လာခဲ့ပါတယ်။ ဆီရီဇိုဟာ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန်အပါအဝင် တစ်ဦးချင်းကျွမ်းကျင်သူတွေကို စုစည်းထားပေမယ့် ဂျေလိဂ်ကနေ မထင်မှတ်ဘဲ တန်းဆင်းခဲ့ရပါတယ်။ ဒါပေမဲ့ မီနာမီနိုကတော့ ဂျေလိဂ်-၂ မှာ မကစားလိုက်ရဘဲ ၂၀၁၅ ဇန်နဝါရီလမှာ ဆဲလ်ဘတ်အသင်းကို ပြောင်းရွှေ့သွားပါတယ်။ သူဟာ ဆဲလ်ဘတ်အတွက် သြစတြီးယားပြည်တွင်းလိဂ်မှာ ၄၂ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု အကြိမ် ၂၀ အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

Photo Credit

ဆဲလ်ဘတ်မှာ မီနာမီနိုရဲ့ခြေစွမ်းတွေက ဂျပန်အသင်းနည်းပြ နီရှီနိုကို အပြည့်အဝမဖမ်းစားနိုင်ခဲ့ဘဲ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်မရခဲ့ပါဘူး။ အဲဒီအချိန်အထိလည်း မီနာမီနိုဟာ ဂျပန်အသင်းအတွက် စုစုပေါင်း ၇မိနစ်ပဲ ကစားခွင့်ရခဲ့တာပါ။ အခုတော့ သူဟာ လက်ရှိနည်းပြ မိုရီယာဆုရဲ့လက်အောက်မှာ အဓိကကစားသမားတစ်ဦးဖြစ်နေပါပြီ။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ဂျပန်အသင်းမှာ အပြောင်းအလဲတွေ ပြုုလုပ်ခဲ့ပြီး မီနာမီနိုလည်း အသင်းရဲ့အရေးပါသူဖြစ်လာပါတယ်။ သူဟာ မိုရီယာဆုရဲ့ပထမဆုံး ၃ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဂျပန်အသင်းမှာ ပုံမှန်ပါဝင်ခွင့်ရခဲ့ပြီးနောက် အခု မီနာမီနိုရဲ့ပစ်မှတ်က လီဗာပူးအသင်းနဲ့အတူ ဆက်လက်ခြေစွမ်းပြဂိုးသွင်းနိုင်ရေးပဲဖြစ်ပါတယ်။

Photo Credit

Zawgyi

ေရာ္နယ္ဒိုကို စံထားၿပီး ထိပ္ဆုံးတက္လွမ္းေနသူတစ္ဦးရဲ႕ဘ၀ေကာက္ေၾကာင္း

တာကူမီမီနာမီႏိုဆုိတာ Winner တစ္ဦးပါ။ ဒါမွမဟုတ္ရင္လည္း အနည္းဆုံးေတာ့ ႏိုင္ပြဲရဖုိ႔ ႀကိဳးစားအားထုတ္သူျဖစ္ၿပီး အ႐ံႈးဆုိတဲ့အရာကို ဘယ္လိုမုန္းတီးတယ္ဆုိတဲ့အေၾကာင္းလည္း တစ္ခါတေလ ေျပာတတ္ပါတယ္။ အခု သူေျပာင္းလာတဲ့အသင္းကလည္း အသင္းသမုိင္းတစ္ေလွ်ာက္ အဆင့္ျမင့္တန္းမွာ ရံႈးပြဲမရွိအရွည္ၾကာဆံုးစံခ်ိန္တင္ထားတဲ့ လီဗာပူးျဖစ္ၿပီး ၃၄ပြဲဆက္႐ံႈးပဲြမရွိစံခ်ိန္တင္ထားတာျဖစ္ပါတယ္။ အ႐ံႈးဆိုတဲ့အရသာကို မုန္းတီးသူနဲ႔ ႐ံႈးပြဲမရွိအရွည္ၾကာဆုံးစံခ်ိန္တင္ထားတဲ့ အသင္းတုိ႔ ေပါင္းစည္းမိသြားတာပါ။
မီနာမီႏိုဟာ ငယ္ရြယ္စဥ္ကတည္းက ေဘာလုံးကစားရတာကို ဘယ္ေလာက္ခ်စ္ျမတ္ႏိုးတယ္ဆိုတာ သိသာထင္ရွားခဲ့ၿပီး ကေလးဘ၀က ေဒသတြင္းကလပ္ ကူမာတိုရီအသင္းမွာ ကစားခဲ့ပါတယ္။ သူဟာ ေဂ်လိဂ္ကလပ္ ဆီရီဇိုအိုဆာကာအသင္းကို မေျပာင္းေရႊ႕ခင္ ကူမာတိုရီအသင္းမွာ ကစားခဲ့တာျဖစ္ၿပီး တစ္ရက္ေတာ့ ပြဲကစားေနရင္း လူစားလဲခံခဲ့ရပါတယ္။ အဲဒီအခ်ိန္တုန္းက မူလတန္းေက်ာင္းသားပဲရွိေသးတဲ့ မီနာမီႏိုက နည္းျပကို သြားေမးပါတယ္။ ”ကၽြန္ေတာ့္ကို ဘာလုိ႔ လူစားလဲလုိက္ရတာလဲ။ ကၽြန္ေတာ့္ကို မ်ားမ်ားကစားခြင့္ေပးပါ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ေဘာလုံးကစားရတာကို ကၽြန္ေတာ္ ျမတ္ႏိုးလုိ႔ပါ”ဆုိၿပီး သြားေျပာတာပါ။
သူက အဲဒီလုိကေလးမ်ိဳးပါ။ အဲဒီအသင္းမွာရွိတဲ့ဘယ္ကစားသမားမွ ၿပီးေတာ့ တျခားဘယ္ဂ်ပန္ကစားသမားကမွ ကုိယ့္ရဲ႕နည္းျပ ဒါမွမဟုတ္ တာ၀န္ရွိသူေတြကို ဒီလုိယုံၾကည္ခ်က္ျပင္းျပင္းျပျပနဲ႔ ျပန္ေျပာတာမ်ိဳးမရွိပါဘူး။ အထူးသျဖင့္ မီနာမီႏိုလုိ ကေလးတစ္ေယာက္ဆို ပိုဆိုးပါတယ္။ ဒါေပမဲ့ ဇန္န၀ါရီလ ၁ရက္ေန႔မွာ ဆဲလ္ဘတ္ကေန လီဗာပူးကုိ တရား၀င္ေရာက္ရွိေတာ့မယ့္ မီနာမီႏိုက တျခားဂ်ပန္ကစားသမားေတြလုိမဟုတ္ပါဘူး။
မီနာမီႏိုက ဂ်ပန္ႏိုင္ငံက ပူးတြဲအိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့တဲ့ ၂၀၀၂ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ဂိုးသြင္းဘုရင္ျဖစ္ခဲ့တဲ့ ဘရာဇီးတုိက္စစ္မွဴး ေရာ္နယ္ဒိုက သူ႕ဘ၀မွာ ဘယ္ေလာက္တြန္းအားျဖစ္ေစခဲ့တယ္ဆိုတဲ့အေၾကာင္း ေျပာပါတယ္။ မီနာမီႏိုက ေရာ္နယ္ဒိုရဲ႕အဆုံးသတ္မႈေတြ၊ တစ္ဦးခ်င္းေက်ာ္ျဖတ္မႈေတြကို ႐ူးသြပ္ခဲ့တာပါ။ သူဟာ ေရာ္နယ္ဒိုရဲ႕ေျခေယာင္ျပလွည့္စားမႈေတြအေၾကာင္း ႐ိုက္ကူးထားတဲ့ ဗီဒီယိုေတြ ၾကည့္႐ႈၿပီးေနာက္ အိမ္အျပင္ထြက္ကာ တစ္ေယာက္တည္း ေလ့က်င့္ပါေတာ့တယ္။ ဒီအတြက္ေၾကာင့္လည္း အသက္ ၂၄ႏွစ္အရြယ္ရွိ မီနာမီႏိုရဲ႕ကစားပုံက တစ္ခါတေလ ေရာ္နယ္ဒိုနဲ႔ ဆင္တူေနတာ သိပ္ေတာ့မထူးဆန္းပါဘူး။
ဒါေပမဲ့ မီနာမီႏိုကို ေနာက္ထပ္လႊမ္းမိုးႏုိင္ခဲ့သူကေတာ့ သူ႕ရဲ႕အစ္ကို ကန္တာပဲျဖစ္ပါတယ္။ ကန္တာဟာ မီနာမီႏိုထက္ အသက္ ၃ႏွစ္ႀကီးၿပီး မီနာမီႏိုကလည္း ရလာတဲ့အခြင့္အေရးတိုင္းကို အမိအရဆုပ္ကိုင္ႏိုင္ခဲ့ပါတယ္။ သူတို႔ရဲ႕အေဖက တစ္ခါတေလ နည္းျပအျဖစ္ ေဆာင္ရြက္ေပးတတ္ၿပီး သားေတြကို ကားပါကင္မွာ အရွိန္နဲ႔ တစ္ဦးခ်င္းေက်ာ္ျဖတ္မႈစြမ္းရည္တုိးတက္ေစဖို႔ ေလ့က်င့္ေပးခဲ့ပါတယ္။ ကန္တာဟာ ညီျဖစ္သူမတုိင္ခင္ ဆီရီဇိုအကယ္ဒမီကို ေရာက္ရွိခဲ့ၿပီး မီနာမီႏိုက အစ္ကုိျဖစ္သူရဲ႕ေျခရာအတုိင္း လုိက္နင္း႐ုံသာမက ပေရာ္ဖက္ရွင္နယ္ကစားသမားအျဖစ္ သူ႕အစ္ကိုထက္ ေဘာလုံးေလာကထဲ အရင္၀င္ေရာက္ႏိုင္ခဲ့ပါတယ္။
ဆီရီဇိုအိုဆာကာက ယေန႔မီနာမီႏိုျဖစ္လာေအာင္ ပုံသြင္းႏိုင္ခဲ့ပါတယ္။ စပိန္လုိ ခ်ယ္ရီသီးေတြ ဖြံ႕ၿဖိဳးလာျခင္းလုိ႔ အဓိပၸာယ္ရတဲ့ ဆီရီဇိုဟာ မီနာမီႏိုအတြက္ သဘာ၀ကေပးတဲ့ အရည္အေသြးကို ထုတ္လုပ္ေပးတဲ့ေနရာျဖစ္ခဲ့ပါတယ္။ ဆီရီဇိုက မီနာမီႏိုရဲ႕အိမ္နဲ႔ အနီးဆုံးမွာရွိတဲ့ပေရာ္ဖက္ရွင္နယ္ကလပ္ျဖစ္ၿပီး ပုိၿပီးတုိက္ဆုိင္တာက ဆီရီဇိုအသင္း ေဂ်လိဂ္မွာ ပထမဆုံးအႀကိမ္ ပါ၀င္ယွဥ္ၿပိဳင္ခဲ့တဲ့ႏွစ္က မီနာမီႏို ေမြးဖြားတဲ့ႏွစ္ျဖစ္ေနတာပါပဲ။ သူဟာ အသက္ ၁၂ႏွစ္အရြယ္မွာ ဆီရီဇိုအုိဆာကာအကယ္ဒမီကို ေရာက္လာၿပီး ၃ႏွစ္အၾကာမွာေတာ့ ယူ-၁၈ အသင္းမွာ ပါ၀င္ကစားခြင့္ရတဲ့အထိ တိုးတက္လာပါတယ္။
အသက္ ၁၅ႏွစ္အရြယ္မွာ သူဟာ ၂၀၁၀ ေအအက္ဖ္စီ ယူ-၁၆ ဖလားၿပိဳင္ပြဲရဲ႕ဂုိးသြင္းဘုရင္ျဖစ္ခဲ့ၿပီး ဂ်ပန္အသင္းရဲ႕လူငယ္အဆင့္ဆင့္မွာလည္း ကုိယ္စားျပဳကစားခြင့္ရခဲ့ပါတယ္။ အဲဒီမွာ ၂၀၁၁ ယူ-၁၇ ကမၻာ့ဖလားၿပိဳင္ပဲြမွာ ဂ်ပန္အသင္း မထင္မွတ္ဘဲ ကြာတားဖုိင္နယ္အထိ တက္ေရာက္ႏုိင္ခဲ့တဲ့ၿပိဳင္ပြဲလည္း ပါ၀င္ခဲ့ပါတယ္။ ဆီရီဇိုအကယ္ဒမီအသင္းမွာ မီနာမီႏို ေရာက္ရွိေနခ်ိန္ အသင္းရဲ႕ပထမအသင္းမွာ ရွင္ဂ်ီကာဂါ၀ါ၊ တာကာရွီအင္ႏိုင္းနဲ႔ ဟီ႐ိုရွီကီကိုတာေကးတုိ႔ ပါ၀င္ကစားေနခဲ့တာပါ။ သူတုိ႔အားလုံးက ဥေရာပမွာ ေအာင္ျမင္တဲ့ကစားသမားဘ၀ကို ျဖတ္သန္းႏိုင္ခဲ့ၿပီး မီနာမီႏိုလည္း တစ္ေန႔ သူတုိ႔လုိျဖစ္လာရမယ္လို႔ စိတ္ပိုင္းျဖတ္ကာ တစ္ခါတေလ သူတုိ႔နဲ႔အတူတူ ေလ့က်င့္ခြင့္ရခဲ့ပါတယ္။
ဆီရီႏိုအုိဆာကာအသင္းကို ဒီဇယ္အင္ဂ်င္ ထုတ္လုပ္ေရးကုမၸဏီ ယန္မာက ပုိင္ဆုိင္ထားတာျဖစ္ၿပီး အဲဒီအသင္းမွာ ကစားခဲ့တဲ့ ၈ႏွစ္တာကာလအတြင္း မီနာမီႏိုလည္း အၾကမ္းခံတဲ့ေမာ္တာႀကီးတစ္လုံးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ပါတယ္။ သူဟာ ဆီရီႏိုအကယ္ဒမီမွာ ခက္ခဲပင္ပန္းတဲ့ေလ့က်င့္ခန္းေတြ လုပ္ေဆာင္ခဲ့ရၿပီး အဂၤါေန႔တုိင္း ကြင္းေဘးပတ္လည္ ၄ ကီလုိမီတာ ေျပးရသလုိ အဲဒီေနာက္ အလြန္ခက္ခဲပင္ပန္းတဲ့ေလ့က်င့္ခန္းေတြ ဆက္တုိက္လုပ္ရပါတယ္။ အသက္ ၁၇ႏွစ္အရြယ္မွာ သူဟာ ဆီရီဇိုအသင္းနဲ႔အတူ ပထမဆုံးလိဂ္ပြဲဦးထြက္ခြင့္ရခဲ့ၿပီး အသက္ ၁၈ႏွစ္အရြယ္မွာ ဂိုးသြင္းႏုိင္ခဲ့ၿပီးေနာက္ အသင္းသမုိင္းတစ္ေလွ်ာက္ အဆင့္ျမင့္တန္းမွာ ဂိုးသြင္းႏုိင္တဲ့အသက္အငယ္ဆုံးကစားသမားျဖစ္လာပါတယ္။
အဲဒီေနာက္ ၃၁ရက္အၾကာ ယူႏိုက္တက္နဲ႔ကစားခဲ့တဲ့ရာသီႀကိဳေျခစမ္းပြဲမွာလည္း မီနာမီႏို အထူးေျခစြမ္းျပႏိုင္ခဲ့ၿပီး ၂၅ ကိုက္အကြာကေန ေထာင့္က်ဥ္းထဲ ဂိုးသြင္းယူႏုိင္ခဲ့သလို အဲဒီအခ်ိန္က ယူႏိုက္တက္နည္းျပအျဖစ္ တာ၀န္ယူခဲ့တဲ့ ေဒးဗစ္မုိယက္စ္လည္း သူ႕ရဲ႕ကစားပုံကို ခ်ီးက်ဴးခဲ့ပါတယ္။ သူဟာ ၂၀၁၃ ရာသီမွာ ေဂ်လိဂ္တစ္ႏွစ္တာအေကင္းဆုံးကစားသမားဆုရရွိခဲ့ၿပီး ေနာက္တစ္ရာသီမွာေတာ့ ဆီရီဇိုအတြက္ အဆုိးရြားဆုံးျဖစ္လာခဲ့ပါတယ္။ ဆီရီဇိုဟာ ယူႏိုက္တက္တုိက္စစ္မွဴးေဟာင္း ဒီေယဂိုေဖာ္လန္အပါအ၀င္ တစ္ဦးခ်င္းကၽြမ္းက်င္သူေတြကို စုစည္းထားေပမယ့္ ေဂ်လိဂ္ကေန မထင္မွတ္ဘဲ တန္းဆင္းခဲ့ရပါတယ္။ ဒါေပမဲ့ မီနာမီႏိုကေတာ့ ေဂ်လိဂ္-၂ မွာ မကစားလုိက္ရဘဲ ၂၀၁၅ ဇန္န၀ါရီလမွာ ဆဲလ္ဘတ္အသင္းကို ေျပာင္းေရႊ႕သြားပါတယ္။ သူဟာ ဆဲလ္ဘတ္အတြက္ ၾသစႀတီးယားျပည္တြင္းလိဂ္မွာ ၄၂ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ အႀကိမ္ ၂၀ အထိ ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။
ဆဲလ္ဘတ္မွာ မီနာမီႏိုရဲ႕ေျခစြမ္းေတြက ဂ်ပန္အသင္းနည္းျပ နီရွီႏိုကို အျပည့္အ၀မဖမ္းစားႏိုင္ခဲ့ဘဲ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲ၀င္ လက္ေရြးစင္အသင္းမွာ ပါ၀င္ခြင့္မရခဲ့ပါဘူး။ အဲဒီအခ်ိန္အထိလည္း မီနာမီႏိုဟာ ဂ်ပန္အသင္းအတြက္ စုစုေပါင္း ၇မိနစ္ပဲ ကစားခြင့္ရခဲ့တာပါ။ အခုေတာ့ သူဟာ လက္ရွိနည္းျပ မုိရီယာဆုရဲ႕လက္ေအာက္မွာ အဓိကကစားသမားတစ္ဦးျဖစ္ေနပါၿပီ။ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲအၿပီး ဂ်ပန္အသင္းမွာ အေျပာင္းအလဲေတြ ျပဳုလုပ္ခဲ့ၿပီး မီနာမီႏိုလည္း အသင္းရဲ႕အေရးပါသူျဖစ္လာပါတယ္။ သူဟာ မိုရီယာဆုရဲ႕ပထမဆုံး ၃ပြဲဆက္ ဂိုးသြင္းႏုိင္ခဲ့ပါတယ္။ ဂ်ပန္အသင္းမွာ ပုံမွန္ပါ၀င္ခြင့္ရခဲ့ၿပီးေနာက္ အခု မီနာမီႏိုရဲ႕ပစ္မွတ္က လီဗာပူးအသင္းနဲ႔အတူ ဆက္လက္ေျခစြမ္းျပဂိုးသြင္းႏိုင္ေရးပဲျဖစ္ပါတယ္။