ရော်နယ်ဒိုကို ဂျူဗင်တပ်စ် စွန့်ပစ်သင့်ပြီလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်အသင်းအနေနဲ့ အသက် ၃၆ နှစ် အရွယ်ရှိ ရော်နယ်ဒိုကို နွေရာသီတွင် ရောင်းထုတ်ပြီး ခီယေဆာနှင့် ကူလူဆီဗစ်ကဲ့သို့ လူငယ်ခြေတက်များကို ပိုမိုအခွင့်အရေးပေးသင့်ကြောင်း အချို့သတင်းများက ဆိုပါတယ်။

ရော်နယ်ဒိုဟာ ဂျီနိုအာကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲတွင် ဂိုးသွင်းနိုင်ခြင်း မရှိတာ ကြောင့် စိတ်ပျက်နေတာကို လည်း တွေ့မြင်ခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ အဲဒီပွဲအပြီးမှာ ဂျာစီလွှတ်ပစ်တာအပြင်အဝတ်လဲခန်းအတွင်းရှိ နံရံတွေကိုလည်း လက်သီးနဲ့ ထိုးခဲ့ပါတယ်။

ဂျူဗင်တပ်စ်ကွင်းလယ်လူဟောင်း မာအူရိုက စီရော်နယ်ဒိုဟာ တစ်ကိုယ်ကောင်းဆန်သူဖြစ်ပြီး လာမယ့် နွေရာသီတွင် ဒိုလေးကို ရောင်းထုတ်ရန် အသင်းကို တိုက်တွန်းခဲ့ပါတယ်။

အသက် (၃၆)နှစ်အရွယ်ရှိ စီရော်နယ်ဒိုဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လာမယ့် နွေရာသီတွင် အသင်းကနေထွက်ခွာဖွယ်ရှိတယ်လို့ သတင်းထွက်ထားပါသေးတယ်။

မာအူရိုက”စီရော်နယ်ဒိုက ခေါင်းဆောင်ကောင်းတစ်ယောက် မဟုတ်သလို၊ ဘယ်တုန်းကမှလည်း ခေါင်းဆောင် မဖြစ်ခဲ့ပါဘူး။ သူက ကုမ္ပဏီတစ်ခုနဲ့ တူပါတယ်။”

“သူ့ရဲ့ တစ်ကိုယ်တော်အောင်မြင်မှုက အသင်းအောင်မြင်မှုထက်ကို သူ့အတွက် ပိုအရေးကြီးပါတယ်။ စီရော်နယ်လ်ဒိုက အသင်းဖော်တွေကို သူ့နဲ့အတူ ဆွဲခေါ်နိုင်သူမဟုတ်ပါဘူး။ သူက အသင်းဖော်တွေကို သူ့ဆီကိုပဲ ဘောလုံးပေးစေလိုပြီး သူတစ်ယောက်တည်း ဂိုးတွေ သွင်းချင်နေတာပါ။”

“စီရော်နယ်ဒို ရောက်လာပြီးနောက်မှာ ဂျူဗင်တပ်စ်အသင်းက ပိုပြီးကျဆင်းလာပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ်မှာပေါ့။ ဒီတော့ လမ်းခွဲလိုက်တာက နှစ်ဖက်စလုံးအတွက် အကောင်းဆုံးပါပဲ”လို့ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္ဒိုကို ဂ်ဴဗင္တပ္စ္ စြန႔္ပစ္သင့္ၿပီလား

ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ အသက္ ၃၆ ႏွစ္ အ႐ြယ္ရွိ ေရာ္နယ္ဒိုကို ေႏြရာသီတြင္ ေရာင္းထုတ္ၿပီး ခီေယဆာႏွင့္ ကူလူဆီဗစ္ကဲ့သို႔ လူငယ္ေျခတက္မ်ားကို ပိုမိုအခြင့္အေရးေပးသင့္ေၾကာင္း အခ်ိဳ႕သတင္းမ်ားက ဆိုပါတယ္။

ေရာ္နယ္ဒိုဟာ ဂ်ီႏိုအာကို ၃-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲတြင္ ဂိုးသြင္းႏိုင္ျခင္း မရွိတာ ေၾကာင့္ စိတ္ပ်က္ေနတာကို လည္း ေတြ႕ျမင္ခဲ့ရပါတယ္။ ေရာ္နယ္ဒိုဟာ အဲဒီပြဲအၿပီးမွာ ဂ်ာစီလႊတ္ပစ္တာအျပင္အဝတ္လဲခန္းအတြင္းရွိ နံရံေတြကိုလည္း လက္သီးနဲ႔ ထိုးခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္ကြင္းလယ္လူေဟာင္း မာအူ႐ိုက စီေရာ္နယ္ဒိုဟာ တစ္ကိုယ္ေကာင္းဆန္သူျဖစ္ၿပီး လာမယ့္ ေႏြရာသီတြင္ ဒိုေလးကို ေရာင္းထုတ္ရန္ အသင္းကို တိုက္တြန္းခဲ့ပါတယ္။

အသက္ (၃၆)ႏွစ္အ႐ြယ္ရွိ စီေရာ္နယ္ဒိုဟာ ၂၀၂၂ ခုႏွစ္၊ ဇြန္လ (၃၀)ရက္တြင္ ဂ်ဴဗင္တပ္စ္အသင္းႏွင့္ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး လာမယ့္ ေႏြရာသီတြင္ အသင္းကေနထြက္ခြာဖြယ္ရွိတယ္လို႔ သတင္းထြက္ထားပါေသးတယ္။

မာအူ႐ိုက”စီေရာ္နယ္ဒိုက ေခါင္းေဆာင္ေကာင္းတစ္ေယာက္ မဟုတ္သလို၊ ဘယ္တုန္းကမွလည္း ေခါင္းေဆာင္ မျဖစ္ခဲ့ပါဘူး။ သူက ကုမၸဏီတစ္ခုနဲ႔ တူပါတယ္။”

“သူ႔ရဲ႕ တစ္ကိုယ္ေတာ္ေအာင္ျမင္မႈက အသင္းေအာင္ျမင္မႈထက္ကို သူ႔အတြက္ ပိုအေရးႀကီးပါတယ္။ စီေရာ္နယ္လ္ဒိုက အသင္းေဖာ္ေတြကို သူ႔နဲ႔အတူ ဆြဲေခၚႏိုင္သူမဟုတ္ပါဘူး။ သူက အသင္းေဖာ္ေတြကို သူ႔ဆီကိုပဲ ေဘာလုံးေပးေစလိုၿပီး သူတစ္ေယာက္တည္း ဂိုးေတြ သြင္းခ်င္ေနတာပါ။”

“စီေရာ္နယ္ဒို ေရာက္လာၿပီးေနာက္မွာ ဂ်ဴဗင္တပ္စ္အသင္းက ပိုၿပီးက်ဆင္းလာပါတယ္။ အထူးသျဖင့္ ခ်န္ပီယံလိဂ္မွာေပါ့။ ဒီေတာ့ လမ္းခြဲလိုက္တာက ႏွစ္ဖက္စလုံးအတြက္ အေကာင္းဆုံးပါပဲ”လို႔ေျပာပါတယ္။