





အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ကစားချင်တဲ့
ဆန္ဒကြောင့် ယူနိုက်တက်ကနေ ဒုတိယအကြိမ်ထွက်ခွာဖို့ အားထုတ်





နေတာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က သူတို့ကစားသမားကို
ရောင်းချမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထားသလို ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက်
စိတ်ဝင်စားတဲ့အသင်းကလည်း မရှိသလောက်နည်းပါးနေခဲ့တာဖြစ်ပါတယ်။





ယူနိုက်တက်ကထွက်ခွာဖို့ ကြိုးစားနေပေမယ့် ခေါ်ယူမယ့်အသင်းမရှိလို့
အခက်တွေ့နေတဲ့ရော်နယ်ဒိုကို အခုတော့ အမှန်တကယ်ခေါ်ယူချင်ပါတယ်လို့





ပြောဆိုပြီး စိတ်ဝင်စားနေကြောင်း အတည်ပြုတဲ့အသင်းထွက်ပေါ်လာခဲ့ပါတယ်။
အဲဒီအသင်းကတော့ ဘရာဇီးလ်ကလပ်ကိုရင်သီယန်ဖြစ်ပြီး အသင်းဥက္ကဌ
ဒူလီယိုမွန်တိုင်ရိုအဲလ်ဗက်စ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။





မွန်တိုင်ရိုက “ကျွန်တော်တို့က ရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတာ
အမှန်ပါ။ ကျွန်တော်က အိပ်မက်ကြီးကြီး မက်လေ့ ရှိပါတယ်။ ကျွန်တော်တို့က





ကိုရင်သီယန်ပါ။ ကျွန်တော်တို့မှာ ဝီလီယံနဲ့ အော်ဂတ်စတိုတို့လို
ကစားသမားကောင်းတွေ ရှိနေပါတယ်။ ဘောလုံးလောကမှာ ဘာမဆို
ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်က ကိုရင်သီယန် အတွက်





အကောင်းဆုံး ဖြစ်မယ့် အရာတွေကို လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။
ကျွန်တော်တို့က ရော်နယ်ဒိုကို ခေါ်ယူဖို့ ဖြစ်နိုင်မလား ဆိုတာကိုတော့





သေချာ မသိသေးပါဘူး။ ကျွန်တော်တို့က သူ့အတွက် စုံစမ်းမှုတွေလည်း
မလုပ်ရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က သူ့ရဲ့ အခြေအနေကို
စောင့်ကြည့်နေပါတယ်။ တကယ်လို့ သူကသာ ရုတ်တရတ်ကြီး





ဘရာဇီးလ်မှာ ကစားဖို့ ဆန္ဒရှိလာမယ် ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ
ခင်ဗျားတို့ မှန်းဆကြည့်လို့ ရပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။





zawgyi
ေရာ္နယ္ဒိုကို ေခၚခ်င္တဲ့ အသင္းရွိလာၿပီ





အသက္ ၃၇ ႏွစ္အ႐ြယ္ ေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဝင္ေရာက္ကစားခ်င္တဲ့
ဆႏၵေၾကာင့္ ယူႏိုက္တက္ကေန ဒုတိယအႀကိမ္ထြက္ခြာဖို႔ အားထုတ္





ေနတာျဖစ္ပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္က သူတို႔ကစားသမားကို
ေရာင္းခ်မွာမဟုတ္ဘူးလို႔ ဆုံးျဖတ္ထားသလို ေရာ္နယ္ဒိုကို ေခၚယူဖို႔အတြက္
စိတ္ဝင္စားတဲ့အသင္းကလည္း မရွိသေလာက္နည္းပါးေနခဲ့တာျဖစ္ပါတယ္။





ယူႏိုက္တက္ကထြက္ခြာဖို႔ ႀကိဳးစားေနေပမယ့္ ေခၚယူမယ့္အသင္းမရွိလို႔
အခက္ေတြ႕ေနတဲ့ေရာ္နယ္ဒိုကို အခုေတာ့ အမွန္တကယ္ေခၚယူခ်င္ပါတယ္လို႔





ေျပာဆိုၿပီး စိတ္ဝင္စားေနေၾကာင္း အတည္ျပဳတဲ့အသင္းထြက္ေပၚလာခဲ့ပါတယ္။
အဲဒီအသင္းကေတာ့ ဘရာဇီးလ္ကလပ္ကိုရင္သီယန္ျဖစ္ၿပီး အသင္းဥကၠဌ
ဒူလီယိုမြန္တိုင္႐ိုအဲလ္ဗက္စ္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။





မြန္တိုင္႐ိုက “ကြၽန္ေတာ္တို႔က ေရာ္နယ္ဒိုကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္ဆိုတာ
အမွန္ပါ။ ကြၽန္ေတာ္က အိပ္မက္ႀကီးႀကီး မက္ေလ့ ရွိပါတယ္။ ကြၽန္ေတာ္တို႔က





ကိုရင္သီယန္ပါ။ ကြၽန္ေတာ္တို႔မွာ ဝီလီယံနဲ႔ ေအာ္ဂတ္စတိုတို႔လို
ကစားသမားေကာင္းေတြ ရွိေနပါတယ္။ ေဘာလုံးေလာကမွာ ဘာမဆို
ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္က ကိုရင္သီယန္ အတြက္





အေကာင္းဆုံး ျဖစ္မယ့္ အရာေတြကို လုပ္ေဆာင္သြားဖို႔ ဆုံးျဖတ္ထားပါတယ္။
ကြၽန္ေတာ္တို႔က ေရာ္နယ္ဒိုကို ေခၚယူဖို႔ ျဖစ္ႏိုင္မလား ဆိုတာကိုေတာ့





ေသခ်ာ မသိေသးပါဘူး။ ကြၽန္ေတာ္တို႔က သူ႔အတြက္ စုံစမ္းမႈေတြလည္း
မလုပ္ရေသးပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔က သူ႔ရဲ႕ အေျခအေနကို
ေစာင့္ၾကည့္ေနပါတယ္။ တကယ္လို႔ သူကသာ ႐ုတ္တရတ္ႀကီး





ဘရာဇီးလ္မွာ ကစားဖို႔ ဆႏၵရွိလာမယ္ ဆိုရင္ ဘာေတြျဖစ္လာမလဲဆိုတာ
ခင္ဗ်ားတို႔ မွန္းဆၾကည့္လို႔ ရပါတယ္” လို႔ ေျပာၾကားသြားခဲ့တာပါ။