ရော်နယ်ဒိုကိုရရင် မိနစ်တိုင်း ကစားခွင့်ပေးမယ်ဆိုတဲ့ ရေနီရာရီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဝက်ဖိုဒ့်နဲ့ ယူနိုက်တက်တို့ ဟာ ဒီနေ့ညထိပ်တိုက်တွေ့ကြမှာဖြစ်ပြီး နှစ်သင်းလုံးဟာ ရလဒ်ပိုင်းတွေမှာ မတည်ငြိမ်ဖြစ်နေကြတာပါ။

အီတလီသားကြီး ကိုင်တွယ်နေတဲ့ ဝက်ဖိုဒ့်ကတော့ သူ့လက်ထက် ၄ ပွဲမှာ ၃ ပွဲအထိ အရေးနိမ့်ထားတာဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ ဝက်ဖိုဒ့်မန်နေဂျာ ရေနီရာရီက ရော်နယ်ဒို၊ မက်ဆီတို့နဲ့ ပတ်သက်ပြီး ပြောဆိုသွားပါတယ်။

ယူနိုက်တက်ဟာနွေရာသီတုန်းကစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူခဲ့ပေမယ့်လည်းနောက်ဆုံး၁၂ပွဲတွင်၆ပွဲအထိရှုံးနိမ့်ထားပါတယ်။

ဆိုးလ်ရှားနှင့်ပတ်သက်ပြီးရေနီရာရီက “နည်းပြတိုင်းမှာတော့အမြဲဖိအားရှိပါတယ်။

နိုင်ငံတိုင်း၊အချိန်တိုင်းမှာဖိအားရှိပါတယ်။

ဒါကကျွန်တော်တို့ရဲ့ဘဝပါ။ကျွန်တော်တို့တိုက်ပွဲဝင်ရပါမယ်”လို့ပြောကြားသွားပါတယ်။

” ရော်နယ်ဒိုက ပြဿနာတွေပေးတယ်လို့ထင်နေရင် ရပါတယ် ကျွန်တော့်ကို ရော်နယ်ဒိုပေးပါ။

မလိုချင်ရင် ပေးလိုက်ပါ။ သူက ကျွန်တော့်အတွက်တော့ ပြဿနာ မဟုတ်ပါဘူး။

ကျွန်တော်က သူ့ကို မိနစ်တိုင်း ကစားခွင့်ကိုတောင် ပေးဦးမှာပါ။

ရော်နယ်ဒိုနဲ့ မက်ဆီဘယ်သူပိုကောင်းလဲဆိုပြီး ဘာလို့ နှစ်ယောက်ထဲက တစ်ယောက် ရွေးနေရမှာလဲ?

နှစ်ယောက်လုံး ပေးလိုက်ပါ။

အဲဒီကစားသမားတွေအားလုံး ရရင် ကျွန်တော်ကတော့ ယူမှာပါ။

နောက်ပြီး သူတို့ကို အဓိက ကစားသမားတွေအဖြစ်ပါ သုံးပေးဦးမှာပါ ” လို့ ရေနီရာရီက ထပ်လောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi



