ရော်နယ်ဒိုကိုခေါ်ပြီးရင် ယူနိုက်တက် ချန်ပီယံဖလားယူသင့်တယ်လို့ ရှရင်ဂမ် ပြောဆို
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက် တိုက်စစ်မှူးဟောင်း ရှရင်ဂမ်က စီရော်နယ်ဒို ရှိနေတာကြောင့် ယူနိုက်တက်အသင်းအနေနဲ့ ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဖလားရရန် ပစ်မှတ်ထားသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ယခုရာသီတွင်ရုန်းကန်နေရပြီး၊အသင်းနည်းပြ ဆိုးလ်ရှား၏အနာဂတ်မှာ လှုပ်ခတ်မှုများရှိနေပါတယ်။
ဒါပေမယ့် စီရော်နယ်ဒိုကတော့ ခြေစွမ်းပြဂိုးများ သွင်းယူပေးလျက်ရှိပါတယ်။
စီရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းအတွက် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၄)ပွဲဆက် ဂိုးသွင်းထားပြီး ယခုရာသီ မှာ သူ့ရဲ့ ချန်ပီယံလိဂ်သွင်းဂိုးမှာ (၅)ဂိုးအထိ ရှိနေပြီဖြစ်ပါတယ်။
ရှရင်ဂမ်က “ ကိုယ့်အသင်းမှာ ရော်နယ်ဒိုလို ကစားသမားမျိုးရှိနေမှတော့ ချန်ပီယံလိဂ်ဖလားကို ယူဖို့လိုနေပါပြီ။
ရော်နယ်ဒိုကိုယ်တိုင်လည်း လိုချင်နေပါလိမ့်မယ်။ သူဒါကို အကြိမ်ကြိမ် ယူခဲ့ဖူးပါတယ်။
ဒါပေမယ့် ယူနိုက်တက်နဲ့တော့ ပိုလိုချင်နေပါလိမ့်မယ်။”
“အရာရာက မြန်မြန်ဆန်ဆန် ပြောင်းလဲနေတာပါ။
ယူနိုက်တက်ကတော့ နောက်တစ်ဆင့်ကို ရောက်အောင်သွားဖို့ပဲ လိုပါတယ်။ ကြိုးစားရမယ့်အချိန်ရောက်ပါပြီ။
ကျွန်တော့်အမြင်မှာ ရော်နယ်ဒို ဂိုးသွင်းသေချာချက်ကြီးက ကြောက်စရာတောင် ကောင်းပါတယ်။
အာရုံစူးစိုက်မှု၊ ပရော်ဖက်ရှင်နယ်ကျမှုတွေကလည်း အံ့မခန်းပါ။
မယုံနိုင်စရာ ကောင်းလွန်းတဲ့ ကစားသမားပါပဲ။
သူသာ ယူနိုက်တက်မှာမရှိရင် ယူနိုက်တက်က ဘယ်အဆင့်ရောက်နေမလဲဆိုတာ တွေးတောင် မတွေးရဲပါဘူး ” လို့ ပြောသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ အုပ်စုပွဲစဉ် ၂ ပွဲကစားဖို့ ကျန်သေးပေမယ့် ဗီလာရီးရဲလ်နဲ့အတူ ရမှတ် ၇ မှတ်နဲ့ အုပ်စု F ရဲ့ ထိပ်ဆုံးမှာ ပူးတွဲရပ်တည်လျက်ရှိပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi