ရော်နယ်ဒိုကတော့ နယူးကာဆယ်နဲ့ ပွဲမှာ ကစားခွင့်ရဖို့အတွက် ဒီနေ့မှာတင် လေ့ကျင့်ရေးစဆင်းပြီ….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန် မှာ ကွာရန်တင်းရက် ပြည့်သွားပြီဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဒီနေ့ မှာ ယူနိုက်တက် အသင်းရဲ့ လေ့ကျင့်ရေး ကွင်း ကာရင်တန် ကို သွားရောက်ခဲ့ပြီး

နည်းပြ ဆိုးရှား ၊ အသင်းဖော်သစ်တွေ နဲ့ တွေ့ဆုံခဲ့သလို ယူနိုက်တက်မှာ သူ့ရဲ့ ပထမဆုံး လေ့ကျင့်ခန်းပြန်ဆင်းခဲ့တဲ့ နေ့လည်းဖြစ်ခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ သူ့ရဲ့ရပိုင်ခွင့် အားလပ်ရက်တွေရှိနေပေမယ့် နယူးကာဆယ်နဲ့ပွဲမှာ ဝင်ရောက်ကစားနိုင်ဖို့အတွက် အားလပ်ရက်မှာ အချိန်မဖြုန်းတီးနေပဲ

ကွာရန်တင်းရက် ပြည့်သွားတဲ့ ဒီနေ့မှာပဲ ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို အသင်းဖော်တွေနဲ့ ပူးပေါင်း လေ့ကျင့် ခဲ့ပါတယ်။

ပေါ်တာဂီစတားဟာ ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးကွင်းကို ရောက်ရှိချင်းမှာပဲ တစ်ချိန်ကအသင်းဖော်ဟောင်းလည်းဖြစ် အခုအချိန်မှာ

အသင်းရဲ့ နည်းပြဖြစ်တဲ့ ဆိုးလ်ရှားရဲ့ ရုံးခန်းထဲကို သွားရောက် နှုတ်ဆက်ခဲ့ပါတယ်။

ဒီနောက်မှာတော့ သူဟာ မာတာနဲ့အတူ လေ့ကျင့်ရေးကွင်းထဲကို ဝင်ရောက်လာခဲ့ပါတယ်။

အသင်းဖော်တွေနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာလည်း ပူးပေါင်းလုပ်ဆောင်ခဲ့သလို သီးသန့်လေ့ကျင့်ခန်းအစီအစဉ်တွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ရော်နယ်ဒိုအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်လာတာကိုလည်း ယူနိုက်တက် အသင်းသားတွေက ပျော်ရွှင်နေပုံရှိပါတယ်။

နှစ်တွေကြာခဲ့ပေမယ့် လေ့ကျင့်ရေးကွင်းကို အစောဆုံးရောက်တဲ့ ရော်နယ်ဒိုရဲ့အကျင့်ကတော့ အခုအချိန်အထိ မပျက်သေးပဲ

ယူနိုက်တက်ဆီ တစ်ကျော့ပြန်လာတဲ့ သူ့ရဲ့ ပထမဦးဆုံးနေ့မှာလည်း အားလုံးထက် အချိန်စောပြီး ရောက်ရှိခဲ့ပါတယ်။

ဒီတပတ် စက်တင်ဘာ(၁၁)ရက် စနေနေ့ မှာ ကစားမယ့် နယူးကာဆယ်အသင်းနဲ့ အိမ်ကွင်း အိုးထရက်ဖိုဒ် မှာ ရော်နယ်ဒိုအနေနဲ့ ပွဲထွက်ကစားသမား အဖြစ် ပါဝင်လာနိုင်မယ်လို့ ယူဆရပါတယ်။

ဆိုလ်ရှားအနေနဲ့ အစဉ်အလာဖျက်ပြီး အရံခုံမထိုင်ခိုင်းပဲ တစ်ခါထဲ ပွဲထွက်ခွင့်ပေးမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္ဒိုကေတာ့ နယူးကာဆယ္နဲ႕ ပြဲမွာ ကစားခြင့္ရဖို႕အတြက္ ဒီေန႕မွာတင္ ေလ့က်င့္ေရးစဆင္းၿပီ….

အဂၤလန္ မွာ ကြာရန္တင္းရက္ ျပည့္သြားၿပီျဖစ္တဲ့ ခရစၥတီယာႏို ေရာ္နယ္ဒိုဟာ ဒီေန႔ မွာ ယူႏိုက္တက္ အသင္းရဲ႕ ေလ့က်င့္ေရး ကြင္း ကာရင္တန္ ကို သြားေရာက္ခဲ့ၿပီး နည္းျပ ဆိုးရွား ၊ အသင္းေဖာ္သစ္ေတြ နဲ႔ ေတြ႕ဆုံခဲ့သလို ယူႏိုက္တက္မွာ သူ႔ရဲ႕ ပထမဆုံး ေလ့က်င့္ခန္းျပန္ဆင္းခဲ့တဲ့ ေန႔လည္းျဖစ္ခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ သူ႕ရဲ႕ရပိုင္ခြင့္ အားလပ္ရက္ေတြရွိေနေပမယ့္ နယူးကာဆယ္နဲ႕ပြဲမွာ ဝင္ေရာက္ကစားႏိုင္ဖို႕အတြက္ အားလပ္ရက္မွာ အခ်ိန္မျဖဳန္းတီးေနပဲ ကြာရန္တင္းရက္ ျပည့္သြားတဲ့ ဒီေန႔မွာပဲ ယူႏိုက္တက္အသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္ေတြကို အသင္းေဖာ္ေတြနဲ႔ ပူးေပါင္း ေလ့က်င့္ ခဲ့ပါတယ္။

ေပၚတာဂီစတားဟာ ယူႏိုက္တက္ရဲ႕ ေလ့က်င့္ေရးကြင္းကို ေရာက္ရွိခ်င္းမွာပဲ တစ္ခ်ိန္ကအသင္းေဖာ္ေဟာင္းလည္းျဖစ္ အခုအခ်ိန္မွာ အသင္းရဲ႕ နည္းျပျဖစ္တဲ့ ဆိုးလ္ရွားရဲ႕ ႐ုံးခန္းထဲကို သြားေရာက္ ႏႈတ္ဆက္ခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ သူဟာ မာတာနဲ႔အတူ ေလ့က်င့္ေရးကြင္းထဲကို ဝင္ေရာက္လာခဲ့ပါတယ္။

အသင္းေဖာ္ေတြနဲ႕ ေလ့က်င့္ေရးအစီအစဥ္ေတြမွာလည္း ပူးေပါင္းလုပ္ေဆာင္ခဲ့သလို သီးသန္႕ေလ့က်င့္ခန္းအစီအစဥ္ေတြကိုလည္း ျပဳလုပ္ခဲ့ပါတယ္။ ေရာ္နယ္ဒိုအသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာ ပါဝင္လာတာကိုလည္း ယူႏိုက္တက္ အသင္းသားေတြက ေပ်ာ္ရႊင္ေနပံုရွိပါတယ္။

ႏွစ္ေတြၾကာခဲ့ေပမယ့္ ေလ့က်င့္ေရးကြင္းကို အေစာဆံုးေရာက္တဲ့ ေရာ္နယ္ဒိုရဲ႕အက်င့္ကေတာ့ အခုအခ်ိန္အထိ မပ်က္ေသးပဲ ယူႏိုက္တက္ဆီ တစ္ေက်ာ့ျပန္လာတဲ့ သူ႕ရဲ႕ ပထမဦးဆုံးေန႔မွာလည္း အားလံုးထက္ အခ်ိန္ေစာၿပီး ေရာက္ရွိခဲ့ပါတယ္။

ဒီတပတ္ စက္တင္ဘာ(၁၁)ရက္ စေနေန႔ မွာ ကစားမယ့္ နယူးကာဆယ္အသင္းနဲ႔ အိမ္ကြင္း အိုးထရက္ဖိုဒ္ မွာ ေရာ္နယ္ဒိုအေနနဲ႕ ပြဲထြက္ကစားသမား အျဖစ္ ပါဝင္လာႏိုင္မယ္လို႕ ယူဆရပါတယ္။

ဆိုလ္ရွားအေနနဲ႕ အစဥ္အလာဖ်က္ၿပီး အရံခံုမထိုင္ခိုင္းပဲ တစ္ခါထဲ ပြဲထြက္ခြင့္ေပးမလား ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပဲျဖစ္ပါတယ္။