ရော်နယ်ဒင်ဟို ထောင်ကလွတ်အောင် အစွမ်းကုန်ကူညီမယ့် မက်ဆီ

Photo Credit

သတင်းတွေရဲ့ဖော်ပြချက်အရ ဘာစီလိုနာစူပါစတား မက်ဆီဟာ ပါရာဂွေးနိုင်ငံမှာ ထောင်ဒဏ်ကျခံနေရတဲ့ အသင်းဖော်ဟောင်း ရော်နယ်ဒင်ဟို ထောင်က ကွင်းလုံးကျွတ်လွတ်မြောက်နိုင်ရေးအတွက် အတတ်နိုင်ဆုံးကူညီဖွယ်ရှိနေကြောင်း သိရပါတယ်။

Photo Credit

ဘရာဇီးဂန္ထဝင်ကစားသမား ရော်နယ်ဒင်ဟိုဟာ ပါရာဂွေးနိုင်ငံအတွင်းကို နိုင်ငံကူးလက်မှတ်အတုနဲ့ ဝင်ရောက်ဖို့ ကြိုးစားမှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး လက်ရှိအချိန် ရဲစခန်းမှာ ထိန်းသိမ်းစောင့်ရှောက်ခံထားရပါတယ်။

Photo Credit

အမျိုးမျိုးသော သတင်းတွေရဲ့ဖော်ပြချက်အရ မက်ဆီဟာ ရော်နယ်ဒင်ဟို ထောင်ကလွတ်အောင် အစွမ်းကုန်ကူညီတဲ့အနေနဲ့ သူ့ငွေကြေးစိုက်ထုတ်ပြီး ရှေ့နေတွေ ငှားရမ်းဖို့ စီစဉ်နေသလို ယူရို ၄သန်းအထိ စိုက်ထုတ်ပေးဖို့ အဆင်သင့်ရှိနေကြောင်း သိရပါတယ်။

Photo Credit

တကယ်လို့ ဒီသတင်းသာအမှန်ဆိုရင် တကယ့်ကို စိတ်နှလုံးနွေးထွေးစေတဲ့ မက်ဆီရဲ့အပြုအမူအဖြစ် သတ်မှတ်ရမှာဖြစ်ပြီး ဘာစီလိုနာမှာ မက်ဆီ စတင်ကစားခွင့်ရချိန်မှာ ရော်နယ်ဒင်ဟိုက အသင်းရဲ့ကြယ်ပွင့်အဖြစ် ရှိနေခဲ့တာပါ။

Photo Credit

အဲဒီအချိန်တုန်းက ရော်နယ်ဒင်ဟိုဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး လူငယ်ကစားသမားလေး မက်ဆီနဲ့ တွဲကစားရတာတော့ ကာလနည်းပါးခဲ့ပါတယ်။ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပြီဖြစ်ပေမယ့် သူ့ရဲ့ကွင်းပြင်ပ စိတ်နေသဘောထားကလည်း ကွင်းတွင်းစွမ်းဆောင်ရည်လို လေးစားအားကျစရာကောင်းနေပါတယ်။

Photo Credit

Zawgyi

ေရာ္နယ္ဒင္ဟို ေထာင္ကလြတ္ေအာင္ အစြမ္းကုန္ကူညီမယ့္ မက္ဆီ

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဘာစီလုိနာစူပါစတား မက္ဆီဟာ ပါရာေဂြးႏုိင္ငံမွာ ေထာင္ဒဏ္က်ခံေနရတဲ့ အသင္းေဖာ္ေဟာင္း ေရာ္နယ္ဒင္ဟို ေထာင္က ကြင္းလုံးကၽြတ္လြတ္ေျမာက္ႏိုင္ေရးအတြက္ အတတ္ႏိုင္ဆုံးကူညီဖြယ္ရွိေနေၾကာင္း သိရပါတယ္။
ဘရာဇီးဂႏၳ၀င္ကစားသမား ေရာ္နယ္ဒင္ဟိုဟာ ပါရာေဂြးႏိုင္ငံအတြင္းကို ႏုိင္ငံကူးလက္မွတ္အတုနဲ႔ ၀င္ေရာက္ဖို႔ ႀကိဳးစားမႈနဲ႔ ဖမ္းဆီးခံခဲ့ရတာျဖစ္ၿပီး လက္ရွိအခ်ိန္ ရဲစခန္းမွာ ထိန္းသိမ္းေစာင့္ေရွာက္ခံထားရပါတယ္။
အမ်ိဳးမ်ိဳးေသာ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ မက္ဆီဟာ ေရာ္နယ္ဒင္ဟို ေထာင္ကလြတ္ေအာင္ အစြမ္းကုန္ကူညီတဲ့အေနနဲ႔ သူ႕ေငြေၾကးစိုက္ထုတ္ၿပီး ေရွ႕ေနေတြ ငွားရမ္းဖို႔ စီစဥ္ေနသလုိ ယူ႐ို ၄သန္းအထိ စုိက္ထုတ္ေပးဖုိ႔ အဆင္သင့္ရွိေနေၾကာင္း သိရပါတယ္။
တကယ္လုိ႔ ဒီသတင္းသာအမွန္ဆိုရင္ တကယ့္ကို စိတ္ႏွလုံးေႏြးေထြးေစတဲ့ မက္ဆီရဲ႕အျပဳအမူအျဖစ္ သတ္မွတ္ရမွာျဖစ္ၿပီး ဘာစီလုိနာမွာ မက္ဆီ စတင္ကစားခြင့္ရခ်ိန္မွာ ေရာ္နယ္ဒင္ဟိုက အသင္းရဲ႕ၾကယ္ပြင့္အျဖစ္ ရွိေနခဲ့တာပါ။
အဲဒီအခ်ိန္တုန္းက ေရာ္နယ္ဒင္ဟိုဟာ ကမၻာ့အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရၿပီး လူငယ္ကစားသမားေလး မက္ဆီနဲ႔ တြဲကစားရတာေတာ့ ကာလနည္းပါးခဲ့ပါတယ္။
မက္ဆီဟာ ကမၻာ့အေကာင္းဆုံးကစားသမားတစ္ဦးအျဖစ္ ရပ္တည္ေနၿပီျဖစ္ေပမယ့္ သူ႕ရဲ႕ကြင္းျပင္ပ စိတ္ေနသေဘာထားကလည္း ကြင္းတြင္းစြမ္းေဆာင္ရည္လုိ ေလးစားအားက်စရာေကာင္းေနပါတယ္။