
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
” အီတလီဘောလုံးလောက ကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကထက်အများကြီးတိုးတက်လာတာပါဘဲ။
ဘောလုံးအရည်အသွေး၊ တိုက်စစ်ချဉ်းကပ်မှု၊ အနိုင်ရလိုစိတ်တွေ အားလုံးတိုးတက်ကောင်းမွန်လာပြီလို့” မော်ရင်ဟိုက ပွဲပြီး အင်တာဗျူးမှာပြောခဲ့သလို ရိုးမားအသင်း ရှုံးပွဲကြုံခဲ့ရတာက ခံစစ်အမှားကြောင့် မဟုတ်ပဲ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်လိုအပ်မှုတွေကြောင့် ဆိုပြီး ပြောဆိုဝေဖန်သွားခဲ့ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ ရောမဒါဘီပွဲစဉ်မှာ မော်ရင်ဟိုရဲ့ ရိုးမားက လာဇီယိုကို အကြိတ်အနယ်ကစားပြီး ၃-၂ဂိုးနဲ့ ကပ်ရှုံးခဲ့ပါတယ်။
ရောမဒါဘီပွဲစဉ်ဟာ ပရိသတ်တွေအတွက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး နှစ်ဘက်သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့ပါတယ်။
ရိုးမားအသင်းဘက်ကို အဝါယတ် (၄)ကြိမ်ပြသခဲ့ပြီး စုစုပေါင်း အဝါကတ် ၆ကတ်အထိ ပြသခဲ့တဲ့ ကွင်းလယ်ဒိုင် ဂွီဒါရဲ့ စွမ်းဆောင်ရည်ဟာ ဒီပွဲမှာ သူ့ရဲ့စွမ်းဆောင်မှုဟာ မျှတခဲ့တာ မရှိဘူးလို့ မော်ရင်ဟိုက ဆိုခဲ့တာပါ။
“ ကံမကောင်းစွာနဲ့ဘဲ၊ ဒီပွဲစဉ်အတွက်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်တဲ့ အဆင့်မှာ မရှိခဲ့တဲ့ဒိုင်နဲ့ VAR တို့က ကစားပွဲကိုဖျက်ဆီးခဲ့ပါတယ်။
“ ဒုတိယဂိုးက ၁-၁ ဖြစ်ခဲ့ပြီး ၂-၀ ဖြစ်သွားတယ်။
လူးကပ်စ် လီဗာ အတွက် ဒုတိယ အဝါကတ် ပေးခဲ့ရမှာပါ။
ဒါဟာပွဲအတွက် အရေးပါတဲ့ဆုံးဖြတ်ချက်တွေထဲကအမှားတစ်ခုပါပဲ ကွင်းထဲမှာ လူ ၁၀ ယောက်နဲ့ ကစားရတော့မယ်ဆိုရင် ကြီးမားသော ခြားနားချက် ဖြစ်လာစေပါတယ်။
ပယ်လီဂရီနီ ဆိုရင် အနီကတ်အပြခံ ရသွားမယ့် အနေအထားဖြစ်ပေမယ့် လူးကပ်စ် လီဗာကတော့ အနီကတ်အပြမခံခဲ့ ရပါဘူး။
“ ဒီနေ့ ကျွန်တော့်အသင်းက အရမ်းကောင်းတဲ့ အသင်း ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။
ကျွန်တော်တို့ ပွဲကို စိုးမိုးထားခဲ့ပြီး လာဇီယိုကို ဖိအားတွေပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်က သူတို့ကို အသာရစေခဲ့တာတွေကြောင့် သူတို့က သူတို့လိုချင်တဲ့ ပုံစံကို နောက်ဆုံးမိနစ်တွေအထိ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ”လို့ မော်ရင်ဟိုက ပြောခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ေရာမဒါဘီပြဲစဥ္မွာ ရိုးမားရႈံးရတာ ကြင္းလယ္ဒိုင္ညံ့လို႕…
” အီတလီေဘာလုံးေလာက ကေတာ့ လြန္ခဲ့တဲ့ ၁၀ ႏွစ္ကထက္အမ်ားႀကီးတိုးတက္လာတာပါဘဲ။ ေဘာလုံးအရည္အေသြး၊ တိုက္စစ္ခ်ဥ္းကပ္မႈ၊ အႏိုင္ရလိုစိတ္ေတြ အားလုံးတိုးတက္ေကာင္းမြန္လာၿပီလို႕” ေမာ္ရင္ဟိုက ပြဲၿပီး အင္တာဗ်ဴးမွာေျပာခဲ့သလို ရိုးမားအသင္း ရႈံးပြဲၾကံဳခဲ့ရတာက ခံစစ္အမွားေၾကာင့္ မဟုတ္ပဲ ဒိုင္လူၾကီးရဲ႕ ဆံုးျဖတ္ခ်က္လိုအပ္မႈေတြေၾကာင့္ ဆိုၿပီး ေျပာဆိုေဝဖန္သြားခဲ့ပါတယ္။
မေန႔ညက ကစားခဲ့တဲ့ ေရာမဒါဘီပြဲစဥ္မွာ ေမာ္ရင္ဟိုရဲ႕ ႐ိုးမားက လာဇီယိုကို အႀကိတ္အနယ္ကစားၿပီး ၃-၂ဂိုးနဲ႔ ကပ္ရႈံးခဲ့ပါတယ္။ ေရာမဒါဘီပြဲစဥ္ဟာ ပရိသတ္ေတြအတြက္ ပြဲေကာင္းတစ္ပြဲျဖစ္ခဲ့ၿပီး ႏွစ္ဘက္သြင္းဂိုးေတြနဲ႔ ၿမိဳင္ဆိုင္ခဲ့ပါတယ္။ ႐ိုးမားအသင္းဘက္ကို အဝါယတ္ (၄)ႀကိမ္ျပသခဲ့ၿပီး စုစုေပါင္း အဝါကတ္ ၆ကတ္အထိ ျပသခဲ့တဲ့ ကြင္းလယ္ဒိုင္ ဂြီဒါရဲ႕ စြမ္းေဆာင္ရည္ဟာ ဒီပြဲမွာ သူ႔ရဲ႕စြမ္းေဆာင္မႈဟာ မွ်တခဲ့တာ မရွိဘူးလို႔ ေမာ္ရင္ဟိုက ဆိုခဲ့တာပါ။
“ ကံမေကာင္းစြာနဲ႔ဘဲ၊ ဒီပြဲစဥ္အတြက္မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေတြခ်ႏိုင္တဲ့ အဆင့္မွာ မရွိခဲ့တဲ့ဒိုင္နဲ႔ VAR တို႔က ကစားပြဲကိုဖ်က္ဆီးခဲ့ပါတယ္။
“ ဒုတိယဂိုးက ၁-၁ ျဖစ္ခဲ့ၿပီး ၂-၀ ျဖစ္သြားတယ္။ လူးကပ္စ္ လီဗာ အတြက္ ဒုတိယ အဝါကတ္ ေပးခဲ့ရမွာပါ။ ဒါဟာပြဲအတြက္ အေရးပါတဲ့ဆုံးျဖတ္ခ်က္ေတြထဲကအမွားတစ္ခုပါပဲ ကြင္းထဲမွာ လူ ၁၀ ေယာက္နဲ႔ ကစားရေတာ့မယ္ဆိုရင္ ႀကီးမားေသာ ျခားနားခ်က္ ျဖစ္လာေစပါတယ္။ ပယ္လီဂရီနီ ဆိုရင္ အနီကတ္အျပခံ ရသြားမယ့္ အေနအထားျဖစ္ေပမယ့္ လူးကပ္စ္ လီဗာကေတာ့ အနီကတ္အျပမခံခဲ့ ရပါဘူး။
“ ဒီေန႔ ကြၽန္ေတာ့္အသင္းက အရမ္းေကာင္းတဲ့ အသင္း ျဖစ္ခဲ့တယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ ပြဲကို စိုးမိုးထားခဲ့ၿပီး လာဇီယိုကို ဖိအားေတြေပးႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ကြင္းလယ္ဒိုင္ရဲ႕ဆုံးျဖတ္ခ်က္က သူတို႔ကို အသာရေစခဲ့တာေတြေၾကာင့္ သူတို႔က သူတို႔လိုခ်င္တဲ့ ပုံစံကို ေနာက္ဆုံးမိနစ္ေတြအထိ ထိန္းခ်ဳပ္ထားႏိုင္ခဲ့ပါတယ္။ ”လို႔ ေမာ္ရင္ဟိုက ေျပာခဲ့ပါတယ္။