ရောက်ရောက်ချင်း သရဲနီ အသင်းဖော်တွေကို ရာဇသံပေးလိုက်တာလား စီရော်နယ်ဒို

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

ရော်နယ်ဒိုက ယူနိုက်တက် အပြန်ခရီးမှာ အောင်မြင်မှုများစွာကို ရယူချင်ကြောင်းနဲ့ ဒီနှစ်ဘောလုံးရာသီမှာလည်း သရဲနီအသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကြီးကို ဆွတ်ခူးချင်တယ်လို့ ယူနိုက်တက် အသင်းဖော်တွေကို အသိပေး ပြောဆိုသွားခဲ့ပါတယ်။

ရော်နယ်ဒိုလို ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက် အသင်းကို ရောက်ရှိလာချိန်မှာ ယူနိုက်တက်အသင်းသားတွေက အရမ်းကို စိတ်ဓါတ်တက်ကြွလျက် ရှိနေပြီး

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သူတို့အသင်းရဲ့ လူစာရင်းက အတောင့်တင်းဆုံး အခြေအနေမျိုးကို ရောက်ရှိနေတာကြောင့် နှစ်အတန်ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဆုဖလားကို ပြန်လည်ရယူဖို့အထိပါ ယုံကြည်ချက်တွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက် အတွင်းလူတစ်ဦးက “ရော်နယ်ဒိုရောက်လာလို့ကစားသမားတွေအရမ်းစိတ်လှုပ်ရှားနေကြတယ်။

သူတို့ရဲ့ယုံကြည်မှုတွေလည်းအရမ်းမြင့်တက်နေကြတယ်။

ကစားသမားတွေနဲ့နည်းပြအဖွဲ့ဝင်တွေကလက်ရှိသူတို့အသင်းလူအင်အားကပရီးမီးယားလိဂ်မှာအတောင့်တင်းဆုံးလို့ယုံကြည်နေကြပါတယ်။

ဒီရာသီမှာပရီးမီးယားလိဂ်ဖလားရနိုင်တယ်လို့ယုံကြည်နေကြတယ်။ရော်နယ်ဒိုက ဖာနန်ဒက်စ်ကိုစကားပြောပြီးပါပြီ။

အခြားကစားသမားတွေကိုဒီရာသီမှာဖလားရယူဖို့လိုတယ်လို့ပြောကြားပေးဖို့ပြောခဲ့ပါတယ်။

သူတို့အနေနဲ့အလုပ်ကြိုးစားပြီးယုံကြည်မှုမြင့်မားဖို့လိုအပ်ပါတယ်။

ကစားသမားတွေကလည်းစာချုပ်ချုပ်ဆိုပြီးကတည်းကသူ့အကြောင်းပြောတာမဆုံးနိုင်အောင်ပါပဲ။

သူနဲ့အတူလေ့ကျင့်ခန်းဆင်းပြီးအတူတွဲကစားဖို့မစောင့်နိုင်အောင်ဖြစ်နေပါတယ်။

သူတို့အတွက်ကရော်နယ်ဒိုက God လိုပါပဲ။

ပရိသတ်တွေ၊ကစားသမားတွေသာမကအသင်းကလက်ဖက်ရည်ဖျော်ပေးတဲ့သူကအဆုံး အရမ်းပျော်ကြတယ်”လို့ပြောကြားခဲ့ပါတယ်။

အသက်၃၆နှစ်အရွယ် ရှိရော်နယ်ဒိုဟာကြာသပတေးနေ့တုန်းကမန်ချက်စတာသို့ရောက်လာခဲ့သူဖြစ်ပြီးကွာရန်တင်းငါးရက်ပြည့်မယ့်လာမယ့်ဗုဒ္ဓဟူးနေ့တွင်ကစားဖော်သစ်များနှင့်အတူစတင်လေ့ကျင့်ခန်းဆင်းသွားဖို့ရှိပါတယ်။

ရော်နယ်ဒိုဟာ အသက်အရွယ်အရ အကျပိုင်းဘက်ကို ရောက်နေတယ်ဆိုပေမယ့်လည်း သူ့ရဲ့ဆုဖလားအောင်မြင်မှုတွေအပေါ် ဆာလောင်တဲ့စိတ်က အရမ်းပြင်းပြလွန်းနေဆဲပါပဲ။

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi






