ရောက်ရောက်ချင်း ဘီလူးဆိုင်းတီးတဲ့ ဇာဗီနဲ့ စည်းကမ်းဖောက်ဖျက်သူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာ နည်းပြသစ် ဇာဗီဟာ ကလပ်မှာ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး တင်းကျပ်တဲ့ စည်းကမ်းသစ် ၁၀ ချက်ကို သတ်မှတ်ခဲ့ပါတယ်။

ဇာဗီကန့်သတ်လိုက်တဲ့ စည်းကမ်းအသစ် ၁၀ ချက်ကတော့

(၁) ကစားသမားတွေဟာ ကွင်းထဲမဝင်ခင် အားကစားရုံမှာ မိနစ် ၉၀ ကြိုရောက်ထားဖို့နဲ့၊ ဝန်ထမ်းတွေက ၂ နာရီ ကြိုရောက်ထားရမယ်လို့ သတ်မှတ်ပါတယ်။

(၂)နေ့လည်စာကို ကစားသမားတွေအားလုံး ကလပ်မှာပဲ အတူစားရမယ်လို့ ဇာဗီက တင်းကျပ်ခဲ့ပါတယ်။

(၃) အတိုင်းအချင့်နဲ့ စားရတဲ့ Diet ကလည်း ဇာဗီအတွက် အတော်လေး အရေးကြီးတာဖြစ်ပြီး သင့်တော်တဲ့ အရာတွေကိုပဲ စားသုံးခြင်းက အသင်းသားတွေကို ဒဏ်ရာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး

ပွဲတွေအတွက် သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေကို တိုးတက်လာစေနိုင်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

(၄) နောက်တစ်ချက်က ဒဏ်ကြေးဆောင်ရတာတွေကို ပြန်လည်သတ်မှတ်လိုက်တာပါ။

(၅) ဒဏ်ကြေးတွေဟာ ထပ်ခါထပ်ခါ ချိုးဖောက်သူတွေအတွက် ပိုပိုတိုးလာမှာဖြစ်ပြီး လေ့ကျင့်ရေးတစ်ခါ နောက်ကျရင် ယူရို ၁၀၀ ပဲပေးရမှာဖြစ်ပေမယ့် နောက်ထပ် နောက်ကျနေဦးမယ်ဆိုရင် နှစ်ဆစီ ထပ်တိုးသွားမှာပါ။

(၆) ကစားသမားတွေဟာ ဘောလုံးနဲ့မဆိုင်တဲ့ ပြင်ပကိစ္စတွေကိုလည်း ကန့်သတ်ခံရတော့မှာဖြစ်ပြီး ပွဲတစ်ပွဲမတိုင်ခင် ၄၈ နာရီအတွင်း ညဉ့်မနက်ခင် အိမ်ပြန်ရောက်ရမှာ ဖြစ်ပါတယ်။

(၇) အသင်းသားတွေဟာ အားကစားနဲ့မဆိုင်တဲ့ ကွင်းပြင်ပ လှုပ်ရှားမှုတွေကိုလည်း ထိန်းချုပ်ရမှာဖြစ်ပြီး

တခြားအပြင်ကိစ္စတွေက ကွင်းတွင်း အလုပ်အပေါ် သက်ရောက်မှုရှိလာရင် နည်းပြအဖွဲ့ဝင် တစ်ယောက်ရဲ့ စောင့်ကြပ်ကြည့်ရှုခံရမယ့် ပြစ်ဒဏ်ကို ရရှိမှာပါ။

(၈) အသင်းသားတွေအတွက် အန္တရာယ်များတဲ့ လုပ်ဆောင်မှုတွေကို လုံးဝပိတ်ပင်ထားပြီး ကစားသမားတွေအနေနဲ့ ဒဏ်ရာတွေ ရှောင်ကြဉ်ဖို့အတွက် ရေလှိုင်းစီးတာ၊ လျှပ်စစ် ဆိုင်ကယ်စီးတာတွေကို ခွင့်မပြုထားပါဘူး။

(၉) ကစားသမားတွေဟာ စံပြထိုက်သူတစ်ယောက် ဖြစ်နေရမှာဖြစ်ပြီး ပရိသတ်တွေအပေါ် နားလည်ပေးမှုကို အမြဲပြသနေရပါမယ်။

(၁၀) နောက်ဆုံးတစ်ချက်ကတော့ အသင်းဟာ ပွဲကစားဖို့ ရှိရှိ၊ မရှိရှိ အမြဲ လေ့ကျင့်နေရမှာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာလူငယ်ကစားသမားရီကီပွီး ကတော့ တနင်္လာနေ့တုန်းကဘာစီလိုနာတွင်လူသွားလမ်းလျှောက်လမ်းပေါ်တွင်လျှပ်စစ်ဆိုင်ကယ်ဖြင့်မောင်းခဲ့ကြောင်းသိရပါတယ်။

ဒါ့အပြင်ရီကီပွီးဟာလျှပ်စစ်ဆိုင်ကယ်တွင်အခြားသူတစ်ဦးကိုလည်းတင်ထားပါသေးတယ်။

ဇာဗီကို မခန့်လေးစားတဲ့ သူတွေကတော့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာက္ေရာက္ခ်င္း ဘီလူးဆိုင္းတီးတဲ့ ဇာဗီနဲ႔ စည္းကမ္းေဖာက္ဖ်က္သူ

ဘာစီလိုနာ နည္းျပသစ္ ဇာဗီဟာ ကလပ္မွာ သူ႔ရဲ႕ လုပ္ပိုင္ခြင့္ကို အသုံးခ်ၿပီး တင္းက်ပ္တဲ့ စည္းကမ္းသစ္ ၁၀ ခ်က္ကို သတ္မွတ္ခဲ့ပါတယ္။ဇာဗီကန႔္သတ္လိုက္တဲ့ စည္းကမ္းအသစ္ ၁၀ ခ်က္ကေတာ့
(၁) ကစားသမားေတြဟာ ကြင္းထဲမဝင္ခင္ အားကစား႐ုံမွာ မိနစ္ ၉၀ ႀကိဳေရာက္ထားဖို႔နဲ႔၊ ဝန္ထမ္းေတြက ၂ နာရီ ႀကိဳေရာက္ထားရမယ္လို႔ သတ္မွတ္ပါတယ္။

(၂)ေန႔လည္စာကို ကစားသမားေတြအားလုံး ကလပ္မွာပဲ အတူစားရမယ္လို႔ ဇာဗီက တင္းက်ပ္ခဲ့ပါတယ္။

(၃) အတိုင္းအခ်င့္နဲ႔ စားရတဲ့ Diet ကလည္း ဇာဗီအတြက္ အေတာ္ေလး အေရးႀကီးတာျဖစ္ၿပီး သင့္ေတာ္တဲ့ အရာေတြကိုပဲ စားသုံးျခင္းက အသင္းသားေတြကို ဒဏ္ရာေတြ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ၿပီး ပြဲေတြအတြက္ သူတို႔ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ ျပင္ဆင္မႈေတြကို တိုးတက္လာေစႏိုင္တယ္လို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။

(၄) ေနာက္တစ္ခ်က္က ဒဏ္ေၾကးေဆာင္ရတာေတြကို ျပန္လည္သတ္မွတ္လိုက္တာပါ။

(၅) ဒဏ္ေၾကးေတြဟာ ထပ္ခါထပ္ခါ ခ်ိဳးေဖာက္သူေတြအတြက္ ပိုပိုတိုးလာမွာျဖစ္ၿပီး ေလ့က်င့္ေရးတစ္ခါ ေနာက္က်ရင္ ယူ႐ို ၁၀၀ ပဲေပးရမွာျဖစ္ေပမယ့္ ေနာက္ထပ္ ေနာက္က်ေနဦးမယ္ဆိုရင္ ႏွစ္ဆစီ ထပ္တိုးသြားမွာပါ။

(၆) ကစားသမားေတြဟာ ေဘာလုံးနဲ႔မဆိုင္တဲ့ ျပင္ပကိစၥေတြကိုလည္း ကန႔္သတ္ခံရေတာ့မွာျဖစ္ၿပီး ပြဲတစ္ပြဲမတိုင္ခင္ ၄၈ နာရီအတြင္း ညဥ့္မနက္ခင္ အိမ္ျပန္ေရာက္ရမွာ ျဖစ္ပါတယ္။

(၇) အသင္းသားေတြဟာ အားကစားနဲ႔မဆိုင္တဲ့ ကြင္းျပင္ပ လႈပ္ရွားမႈေတြကိုလည္း ထိန္းခ်ဳပ္ရမွာျဖစ္ၿပီး တျခားအျပင္ကိစၥေတြက ကြင္းတြင္း အလုပ္အေပၚ သက္ေရာက္မႈရွိလာရင္ နည္းျပအဖြဲ႕ဝင္ တစ္ေယာက္ရဲ႕ ေစာင့္ၾကပ္ၾကည့္ရႈခံရမယ့္ ျပစ္ဒဏ္ကို ရရွိမွာပါ။

(၈) အသင္းသားေတြအတြက္ အႏၲရာယ္မ်ားတဲ့ လုပ္ေဆာင္မႈေတြကို လုံးဝပိတ္ပင္ထားၿပီး ကစားသမားေတြအေနနဲ႔ ဒဏ္ရာေတြ ေရွာင္ၾကဥ္ဖို႔အတြက္ ေရလႈိင္းစီးတာ၊ လွ်ပ္စစ္ ဆိုင္ကယ္စီးတာေတြကို ခြင့္မျပဳထားပါဘူး။

(၉) ကစားသမားေတြဟာ စံျပထိုက္သူတစ္ေယာက္ ျဖစ္ေနရမွာျဖစ္ၿပီး ပရိသတ္ေတြအေပၚ နားလည္ေပးမႈကို အၿမဲျပသေနရပါမယ္။

(၁၀) ေနာက္ဆုံးတစ္ခ်က္ကေတာ့ အသင္းဟာ ပြဲကစားဖို႔ ရွိရွိ၊ မရွိရွိ အၿမဲ ေလ့က်င့္ေနရမွာပဲ ျဖစ္ပါတယ္။

ဘာစီလိုနာလူငယ္ကစားသမားရီကီပြီး ကေတာ့ တနလၤာေန႔တုန္းကဘာစီလိုနာတြင္လူသြားလမ္းေလွ်ာက္လမ္းေပၚတြင္လွ်ပ္စစ္ဆိုင္ကယ္ျဖင့္ေမာင္းခဲ့ေၾကာင္းသိရပါတယ္။ဒါ့အျပင္ရီကီပြီးဟာလွ်ပ္စစ္ဆိုင္ကယ္တြင္အျခားသူတစ္ဦးကိုလည္းတင္ထားပါေသးတယ္။
ဇာဗီကို မခန္႔​ေလးစားတဲ့ သူ​ေတြက​ေတာ့ရွိ​​ေနပါၿပီ။