ရောက်တာမှ မကြာသေး သတင်းဆိုးတွေ ပေးလာတဲ့ ဆန်ချို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်တောင်ပံကစားသမားဆန်ချိုဟာ အသေးစားဒဏ်ရာရရှိခဲ့တာကြောင့် အင်္ဂလန်အသင်းလူစာရင်းကနေ နုတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ ဆန်ချိုဟာ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကလည်း ဆန်ချိုဟာ အန်ဒိုရာ၊ ပိုလန်တို့နဲ့ပွဲတွေကို ပါဝင်မှာမဟုတ်တော့ဘူးလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆန်ချို ဟာ အဆိုပါဒဏ်ရာပြဿနာကြောင့် ဟန်ဂေရီ အသင်းကို (၄)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ခြေစစ်ပွဲကိုလည်း ပါဝင်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

အခုဆိုရင် အင်္ဂလန်အသင်းဟာ သူ့ကို ယူနိုက်တက် အသင်းထံ ‌ပြန်လည်စေလွှတ်လိုက်ပြီလည်းဖြစ်ပါတယ်။

အင်္ဂလန်အသင်းကတော့ ဆန်ချို ကို အခုလ(၁၁)ရက်မှာ ကစားမယ့် နယူးကာဆယ် နဲ့ ပွဲစဉ်ကို ပါဝင်စေဖို့ အတွက် ပြန်လည်နလန်ထူတာတွေကို လုပ်ဖို့ စေလွှတ်ခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်ကနေ ယူနိုက်တက်ကို ပေါင် ၇၃ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ဆန်ချိုဟာ အသင်းသစ်မှာတော့ ခြေစွမ်းပြနိုင်ခြင်းမရှိသေးသူဖြစ်ပါတယ်။

အသင်းပရိသတ်တွေရဲ့ မျှော်လင့်မှုအများအပြားကို ရရှိထားသလို နည်းပြဆိုးလ်ရှားရဲ့ အဓိကကစားသမားဖြစ်လာမယ်လို့လည်း ယူဆခံထားရတာကြောင့် သူ့အတွက်တော့ ဖိအားတွေက ရှိနေခဲ့ပြီး ခြေစွမ်းပြဖို့ အချိန်ယူရဖွယ်ရှိနေပါတယ်။

နည်းပြ ဆိုးလ်ရှား အတွက်တော့ ဆန်ချို ရဲ့ဒဏ်ရာပြဿနာဟာ သူ့ကို အနည်းငယ်စိတ်ရှုပ်သွားစေမှာလည်းဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ အခုလထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်တွေပါ ကစားရဖို့ ရှိတာကြောင့် ဆန်ချို ရဲ့ဒဏ်ရာအခြေအနေမပြင်းထန်စေဖို့ မျှော်လင့်ဆုတောင်းရပါမယ်။

သတင်းတွေအရတော့ ဆန်ချို ရဲ့ဒဏ်ရာဟာ မပြင်းထန်ဘဲ နယူးကာဆယ်နဲ့ ပွဲမှာ ပါဝင်နိုင်ဖွယ်ရှိတယ်လို့လည်းကြားရပါတယ်။

ဆန်ချိုရဲ့ အင်္ဂလန်ကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အုပ်စုတွင်းမှာ ၄ ပွဲကစားပြီး ၄ ပွဲစလုံးအနိုင်ရရှိထားကာ အုပ်စုထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

​ေရာက္တာမွ မၾကာ​ေသး သတင္းဆိုး​ေတြ ​ေပးလာတဲ့ ဆန္ခ်ိဳ

ယူႏိုက္တက္ေတာင္ပံကစားသမားဆန္ခ်ိဳဟာ အေသးစားဒဏ္ရာရရွိခဲ့တာေၾကာင့္ အဂၤလန္အသင္းလူစာရင္းကေန ႏုတ္ထြက္သြားခဲ့တယ္လို႔ သိရပါတယ္။ The Athletic ရဲ႕ ေဖာ္ျပခ်က္အရ ဆန္ခ်ိဳဟာ ေလ့က်င့္ေရးကြင္းမွာ ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကလည္း ဆန္ခ်ိဳဟာ အန္ဒိုရာ၊ ပိုလန္တို႔နဲ႔ပြဲေတြကို ပါဝင္မွာမဟုတ္ေတာ့ဘူးလို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဆန္ခ်ိဳ ဟာ အဆိုပါဒဏ္ရာျပႆနာေၾကာင့္ ဟန္ေဂရီ အသင္းကို (၄)ဂိုး-ဂိုးမရွိနဲ႔ ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ေျခစစ္ပြဲကိုလည္း ပါဝင္ႏိုင္ခဲ့ျခင္းမရွိတာျဖစ္ပါတယ္။အခုဆိုရင္ အဂၤလန္အသင္းဟာ သူ႔ကို ယူႏိုက္တက္ အသင္းထံ ‌ျပန္လည္ေစလႊတ္လိုက္ၿပီလည္းျဖစ္ပါတယ္။

အဂၤလန္အသင္းကေတာ့ ဆန္ခ်ိဳ ကို အခုလ(၁၁)ရက္မွာ ကစားမယ့္ နယူးကာဆယ္ နဲ႔ ပြဲစဥ္ကို ပါဝင္ေစဖို႔ အတြက္ ျပန္လည္နလန္ထူတာေတြကို လုပ္ဖို႔ ေစလႊတ္ခဲ့တာျဖစ္ပါတယ္။

ေဒါ့မြန္ကေန ယူႏိုက္တက္ကို ေပါင္ ၇၃ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာတဲ့ ဆန္ခ်ိဳဟာ အသင္းသစ္မွာေတာ့ ေျခစြမ္းျပႏိုင္ျခင္းမရွိေသးသူျဖစ္ပါတယ္။ အသင္းပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္မႈအမ်ားအျပားကို ရရွိထားသလို နည္းျပဆိုးလ္ရွားရဲ႕ အဓိကကစားသမားျဖစ္လာမယ္လို႔လည္း ယူဆခံထားရတာေၾကာင့္ သူ႔အတြက္ေတာ့ ဖိအားေတြက ရွိေနခဲ့ၿပီး ေျခစြမ္းျပဖို႔ အခ်ိန္ယူရဖြယ္ရွိေနပါတယ္။

နည္းျပ ဆိုးလ္ရွား အတြက္ေတာ့ ဆန္ခ်ိဳ ရဲ႕ဒဏ္ရာျပႆနာဟာ သူ႔ကို အနည္းငယ္စိတ္ရႈပ္သြားေစမွာလည္းျဖစ္ပါတယ္။ယူႏိုက္တက္ အသင္းဟာ အခုလထဲမွာ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြပါ ကစားရဖို႔ ရွိတာေၾကာင့္ ဆန္ခ်ိဳ ရဲ႕ဒဏ္ရာအေျခအေနမျပင္းထန္ေစဖို႔ ေမွ်ာ္လင့္ဆု​ေတာင္းရပါမယ္။ သတင္းေတြအရေတာ့ ဆန္ခ်ိဳ ရဲ႕ဒဏ္ရာဟာ မျပင္းထန္ဘဲ နယူးကာဆယ္နဲ႔ ပြဲမွာ ပါဝင္ႏိုင္ဖြယ္ရွိတယ္လို႔လည္းၾကားရပါတယ္။

ဆန္ခ်ိဳရဲ႕ အဂၤလန္ကေတာ့ ကမာၻ႔ဖလားေျခစစ္ပြဲအတြက္ အုပ္စုတြင္းမွာ ၄ ပြဲကစားၿပီး ၄ ပြဲစလုံးအႏိုင္ရရွိထားကာ အုပ္စုထိပ္ဆုံးေနရာမွာ ရပ္တည္ေနပါတယ္။