ပရိတ်သတ်တွေအံ့အားသင့်သွားအောင် အက်ဝုဒ်ဝါ့ဒ် ချပြလိုက်တဲ့ ယူနိုက်တက်အသင်းမှာ ဆိုးလ်ရှားနဲ့ ရေရှည်ပူပေါင်းမယ့် အကြံအစည်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ ဒီရာသီမှာခြေစွမ်းတသမတ်တည်းရှိဖို့ လိုအပ်နေပေမယ့် ရေရှည်အတွက်ကစားသမားအင်အားဖြည့်မယ့် အစီအစဉ်နဲ့အတူ လက်ရှိနည်းပြ ဆိုးလ်ရှားကိုဘဲ ဆက်လက်ထောက်ခံထားတယ်လို့ ကလပ်ရဲ့အမှုဆောင်အရာရှိ အက်ဝုဒ်ဝါ့ဒ်ကပြောလိုက်ပါတယ်။

လက်ရှိရာသီမှာ မန်ယူဟာ အားရစရာကောင်းတဲ့နိုင်ပွဲအချို့ရရှိခဲ့ပေမယ့်လည်း ခါးသီးတဲ့အရှုံးတွေကိုလည်း ခံစားနေရလို့ ဆိုးလ်ရှားလက်အောက်မှာ မန်ယူဟာခြေစွမ်း မတည်ငြိမ်ဘဲဖြစ်နေတယ်လို့ ဝေဖန်ကြပါတယ်။

မကြာသေးခင်ကလည်း အိမ်ကွင်းမှာ ပီအက်စ်ဂျီကို ၃-၁ နဲ့ရှုံးနိမ့်ပြီးနောက် ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ဖို့မရေရာတဲ့အဖြစ်နဲ့ ကြုံနေရပါတယ်။

မန်ယူဟာအုပ်စု(H) မှာ ပီအက်စ်ဂျီ၊ လိုက်ပ်ဇစ်တို့နဲ့အမှတ်တူနေပေမယ့် နောက်ဆုံးပွဲစဉ်က လိုက်ပ်ဇစ်နဲ့အဝေးကွင်းဖြစ်လို့ အခက်အခဲတွေကြုံရဖို့ရှိနေတာပါ။ ဒီလိုအခြေအနေတွေရှိနေပေမယ့် ဝုဒ်ဝါ့ဒ်ကတော့ မန်ယူရဲ့ရေရှည်အစီအစဉ်ဟာ ဆိုးလ်ရှားနဲ့ဘဲဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

မကြာသေးခင်က ဗီဒီယိုကနေတစ်ဆင့် ပြုလုပ်ခဲ့တဲ မန်ယူပရိသတ်တွေနဲ့ အစည်းအဝေးမှာ ဆိုးလ်ရှားကိုဆက်လက်ထောက်ခံထားတဲ့အကြောင်း ဝုဒ်ဝါ့ဒ်ကအတည်ပြုသွားတာပါ။ သူက” ကွင်းထဲမှာရလဒ်ကောင်းဖို့က ကျွန်တော်တို့ရဲ့ထိပ်တန်းဦးစားပေးပါ။ ကွင်းထဲမှာ ပရိသတ်တွေမပါတာဟာ မတူညီမှုတွေကိုဖြစ်စေပါတယ်။ ခင်ဗျားတို့နဲ့နောက်ဆုံးတွေ့ခဲ့တဲ့ ဧပြီလကနောက်ပိုင်းကစပြီး တိုးတက်မှုတွေအများကြီးရှိခဲ့ပါတယ်။

ဥပမာအနေနဲ့ပြောရရင် ပြီးခဲ့တဲ့ရာသီမှာ ၁၄ ပွဲဆက်မရှုံးဘဲ ပရီးမီးယားလိဂ်မှာ တတိယရခဲ့သလို ပီအက်စ်ဂျီနဲ့ လိုက်ပ်ဇစ် တို့ကို ခမ်းနားစွာအနိုင်ရခဲ့တာ မကြာသေးပါဘူး။ ခြေစွမ်းပုံမှန်ရှိဖို့ ခက်ခဲစွာလုပ်ဆောင်ဖို့လိုတာ အသိအမှတ်ပြုပါတယ်။ ဒါမှလည်း ဆုဖလားတွေရယူနိုင်မှာလေ။

လေ့ကျင့်ရေးကွင်းနဲ့ ပွဲကစားတဲ့ကွင်းထဲမှာ အပေါင်းလက္ခဏာဆောင်တဲ့ အချက်တွေဟာ ဆိုးလ်ရှားလက်ထက်မှာတိုးတက်လာတဲ့ ယုံကြည်မှုကိုလည်းအားဖြည့်ပေးနေပါတယ်။ ဒီအတွက်လည်း သူ့နည်းပြအဖွဲ့နဲ့ ကစားသမားတွေကအားထုတ်ခဲ့ရတာပါ။ ခင်ဗျားတို့နဲ့နောက်ဆုံးတွေ့တုန်းက အင်အားဖြည့်တင်းမှုတွေဆက်လုပ်ပေးမယ်လို့ ပြောထားတဲ့အတိုင်း ကိုဗစ်ကာလအတွင်း ငွေကိုစနစ်တကျသုံးစွဲခဲ့တာတွေလည်းရှိခဲ့ပါတယ်။

၂၀၁၉ နွေရာသီကနေစပြီး ကြည့်ရင်ကျွန်တော်တို့ရဲ့အသုံးစားရိတ်ဟာ ယူရိုသန်း၂၀၀ ကျော်သွားပြီဖြစ်လို့ အဲဒီကာလအတွင်း အခြားထိပ်တန်းကလပ်တွေသုံးခဲ့တာထက် ပိုခဲ့ပါတယ်။ ဒါပေမယ့်ကျွန်တော်တို့ဟာ ဆိုးလ်ရှားကိုဆက်လက်အင်အားဖြည့်ပေးမှာဖြစ်ပြီး ရေရှည်အတွက်ကြည့်ကာ နွေရာသီဈေးကွက်ကို ချဉ်းကပ်သွားမှာပါ” လို့ ဝုဒ်ဝါ့ဒ်ကပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရိတ္သတ္ေတြအံ့အားသင့္သြားေအာင္ အက္ဝုဒ္ဝါ့ဒ္ ခ်ျပလိုက္တဲ့ ယူႏိုက္တက္အသင္းမွာ ဆိုးလ္ရွားနဲ႕ ေရရွည္ပူေပါင္းမယ့္ အၾကံအစည္

မန္ယူအသင္းဟာ ဒီရာသီမွာေျခစြမ္းတသမတ္တည္းရွိဖို႔ လိုအပ္ေနေပမယ့္ ေရရွည္အတြက္ကစားသမားအင္အားျဖည့္မယ့္ အစီအစဥ္နဲ႔အတူ လက္ရွိနည္းျပ ဆိုးလ္ရွားကိုဘဲ ဆက္လက္ေထာက္ခံထားတယ္လို႔ ကလပ္ရဲ႕အမႈေဆာင္အရာရွိ အက္ဝုဒ္ဝါ့ဒ္ကေျပာလိုက္ပါတယ္။

လက္ရွိရာသီမွာ မန္ယူဟာ အားရစရာေကာင္းတဲ့ႏိုင္ပြဲအခ်ိဳ႕ရရွိခဲ့ေပမယ့္လည္း ခါးသီးတဲ့အရႈံးေတြကိုလည္း ခံစားေနရလို႔ ဆိုးလ္ရွားလက္ေအာက္မွာ မန္ယူဟာေျခစြမ္း မတည္ၿငိမ္ဘဲျဖစ္ေနတယ္လို႔ ေဝဖန္ၾကပါတယ္။ မၾကာေသးခင္ကလည္း အိမ္ကြင္းမွာ ပီအက္စ္ဂ်ီကို ၃-၁ နဲ႔ရႈံးနိမ့္ၿပီးေနာက္ ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္တက္ဖို႔မေရရာတဲ့အျဖစ္နဲ႔ ႀကဳံေနရပါတယ္။

မန္ယူဟာအုပ္စု(H) မွာ ပီအက္စ္ဂ်ီ၊ လိုက္ပ္ဇစ္တို႔နဲ႔အမွတ္တူေနေပမယ့္ ေနာက္ဆုံးပြဲစဥ္က လိုက္ပ္ဇစ္နဲ႔အေဝးကြင္းျဖစ္လို႔ အခက္အခဲေတြႀကဳံရဖို႔ရွိေနတာပါ။ ဒီလိုအေျခအေနေတြရွိေနေပမယ့္ ဝုဒ္ဝါ့ဒ္ကေတာ့ မန္ယူရဲ႕ေရရွည္အစီအစဥ္ဟာ ဆိုးလ္ရွားနဲ႔ဘဲျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

မၾကာေသးခင္က ဗီဒီယိုကေနတစ္ဆင့္ ျပဳလုပ္ခဲ့တဲ မန္ယူပရိသတ္ေတြနဲ႔ အစည္းအေဝးမွာ ဆိုးလ္ရွားကိုဆက္လက္ေထာက္ခံထားတဲ့အေၾကာင္း ဝုဒ္ဝါ့ဒ္ကအတည္ျပဳသြားတာပါ။ သူက” ကြင္းထဲမွာရလဒ္ေကာင္းဖို႔က ကြၽန္ေတာ္တို႔ရဲ႕ထိပ္တန္းဦးစားေပးပါ။ ကြင္းထဲမွာ ပရိသတ္ေတြမပါတာဟာ မတူညီမႈေတြကိုျဖစ္ေစပါတယ္။ ခင္ဗ်ားတို႔နဲ႔ေနာက္ဆုံးေတြ႕ခဲ့တဲ့ ဧၿပီလကေနာက္ပိုင္းကစၿပီး တိုးတက္မႈေတြအမ်ားႀကီးရွိခဲ့ပါတယ္။

ဥပမာအေနနဲ႔ေျပာရရင္ ၿပီးခဲ့တဲ့ရာသီမွာ ၁၄ ပြဲဆက္မရႈံးဘဲ ပရီးမီးယားလိဂ္မွာ တတိယရခဲ့သလို ပီအက္စ္ဂ်ီနဲ႔ လိုက္ပ္ဇစ္
တို႔ကို ခမ္းနားစြာအႏိုင္ရခဲ့တာ မၾကာေသးပါဘူး။ ေျခစြမ္းပုံမွန္ရွိဖို႔ ခက္ခဲစြာလုပ္ေဆာင္ဖို႔လိုတာ အသိအမွတ္ျပဳပါတယ္။ ဒါမွလည္း ဆုဖလားေတြရယူႏိုင္မွာေလ။

ေလ့က်င့္ေရးကြင္းနဲ႔ ပြဲကစားတဲ့ကြင္းထဲမွာ အေပါင္းလကၡဏာေဆာင္တဲ့ အခ်က္ေတြဟာ ဆိုးလ္ရွားလက္ထက္မွာတိုးတက္လာတဲ့ ယုံၾကည္မႈကိုလည္းအားျဖည့္ေပးေနပါတယ္။ ဒီအတြက္လည္း သူ႔နည္းျပအဖြဲ႕နဲ႔ ကစားသမားေတြကအားထုတ္ခဲ့ရတာပါ။ ခင္ဗ်ားတို႔နဲ႔ေနာက္ဆုံးေတြ႕တုန္းက အင္အားျဖည့္တင္းမႈေတြဆက္လုပ္ေပးမယ္လို႔ ေျပာထားတဲ့အတိုင္း ကိုဗစ္ကာလအတြင္း ေငြကိုစနစ္တက်သုံးစြဲခဲ့တာေတြလည္းရွိခဲ့ပါတယ္။

၂၀၁၉ ေႏြရာသီကေနစၿပီး ၾကည့္ရင္ကြၽန္ေတာ္တို႔ရဲ႕အသုံးစားရိတ္ဟာ ယူ႐ိုသန္း၂၀၀ ေက်ာ္သြားၿပီျဖစ္လို႔ အဲဒီကာလအတြင္း အျခားထိပ္တန္းကလပ္ေတြသုံးခဲ့တာထက္ ပိုခဲ့ပါတယ္။ ဒါေပမယ့္ကြၽန္ေတာ္တို႔ဟာ ဆိုးလ္ရွားကိုဆက္လက္အင္အားျဖည့္ေပးမွာျဖစ္ၿပီး ေရရွည္အတြက္ၾကည့္ကာ ေႏြရာသီေဈးကြက္ကို ခ်ဥ္းကပ္သြားမွာပါ” လို႔ ဝုဒ္ဝါ့ဒ္ကေျပာသြားပါတယ္။