ရေနစ်နေတဲ့ ယူနိုက်တက်အတွက် ကောက်ရိုးတစ်မျှင်လား…အဲဗာတန်နဲ့ပွဲမတိုင်ခင် တယ်လက်စ် လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ ယူနိုက်တက်အတွက် သတင်းကောင်းတစ်ရပ်အဖြစ် ဘယ်နောက်ခံလူ တယ်လက်စ်ဟာ စနေနေ့မှာ ကစားရမယ့် အဲဗာတန်နဲ့ပရီးမီးယားလိဂ်ပွဲမတိုင်ခင် အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

ဘရာဇီးလက်ရွေးစင် တယ်လက်စ်ဟာ ပြီးခဲ့တဲ့နွေရာသီဈေးကွက်ရဲ့နောက်ဆုံးရက်မှာ ပေါ်တိုအသင်းကနေ ရောက်လာပြီးနောက် အခုချိန်အထိ တစ်ပွဲသာကစားခွင့်ရရှိထားပြီး ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် အဝေးကွင်းမှာ ပီအက်စ်ဂျီကိုအနိုင်ရခဲ့တဲ့ပွဲမှာ ပါဝင်ကစားခဲ့တာပါ။

ပီအက်စ်ဂျီ နဲ့ပွဲစဉ်မှာ တယ်လက်စ်နဲ့ ဝမ်ဘစ်ဆာကာတို့ရဲ့ ခံစစ်ကစားပုံတွေက မယုံကြည်နိုင်စရာကောင်းတယ်လို့လည်း ရပ်ရှ်ဖို့ဒ်ကပွဲအပြီးမှာ ချီးကျူးခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ နေမာ၊ အမ်ဘာပေနဲ့ ဒီမာရီယာတို့လိုကစားသမားတွေကို တစ်ယောက်ချင်းပိတ်ဆို့မှုတွေပြုလုပ်နိုင်ခဲ့တဲ့ ယူနိုက်တက်ရဲ့ တောင်ပံ ခံစစ်ကစားသမားတွေက မယုံကြည်နိုင်စရာကောင်းအောင် ကစားပုံကောင်းခဲ့ပါတယ် ဆိုပြီး ရပ်ရှ်ဖို့ဒ်က ပြောကြားခဲ့တာပါ။

အသက် ၂၇ နှစ်အရွယ်ရှိ တယ်လက်စ်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရပြီး ရက်သတ္တပတ် ၂ ပတ်ကြာ ကွာရန်တင်းဝင်ခဲ့ရရာ ချဲလ်ဆီး၊ လိုက်ပ်ဇစ်၊ အာဆင်နယ်၊ ဘာဆာဆီဟာအသင်းတို့နဲ့ကစားခဲ့တဲ့ပွဲတွေကို လွဲချော်ခဲ့ရပါတယ်။

အခုတော့ တယ်လက်စ်လည်း ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့တဲ့အသင်းရဲ့ထရိန်နင်အစီအစဉ်တွေမှာ အသင်းဖော်တွေနဲ့အတူ ပါဝင်ခဲ့ပြီး အဲဗာတန်နဲ့အဝေးကွင်းပွဲကျပ်မှာ ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

အဲဗာတန်ဟာ ဝါရင့်နည်းပြကြီး အန်ဆလော့တီလက်ထက် ပုံစံကောင်းရရှိနေပြီး နောက်ဆုံး ၂ပွဲဆက် ရှုံးနိမ့်ထားမှုကနေ အကောင်းဆုံးရုန်းထွက်နိုင်ဖို့ ပြင်ဆင်ထားချိန်မှာ ယူနိုက်တက်အတွက် တယ်လက်စ် ပြန်ကစားနိုင်တဲ့သတင်းက သတင်းကောင်းဖြစ်လာခဲ့ပါတယ်။

တယ်လက်စ်ဟာ ဗင်နီဇွဲလား၊ ဥရုဂွေးတို့နဲ့ကစားရမယ့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် ဘရာဇီးအသင်းရဲ့လူစာရင်းမှာ ရွေးချယ်ခံထားရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရနစ္ေနတဲ့ ယူႏိုက္တက္အတြက္ ေကာက္႐ိုးတစ္မွ်င္လား…အဲဗာတန္နဲ႔ပြဲမတိုင္ခင္ တယ္လက္စ္ ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ၿပီ

ဖိအားေတြနဲ႔ရင္ဆိုင္ေနရတဲ့ ယူႏိုက္တက္အတြက္ သတင္းေကာင္းတစ္ရပ္အျဖစ္ ဘယ္ေနာက္ခံလူ တယ္လက္စ္ဟာ စေနေန႔မွာ ကစားရမယ့္ အဲဗာတန္နဲ႔ပရီးမီးယားလိဂ္ပြဲမတိုင္ခင္ အသင္းနဲ႔အတူ ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ၿပီျဖစ္ေၾကာင္း သိရပါတယ္။

ဘရာဇီးလက္ေ႐ြးစင္ တယ္လက္စ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီေဈးကြက္ရဲ႕ေနာက္ဆုံးရက္မွာ ေပၚတိုအသင္းကေန ေရာက္လာၿပီးေနာက္ အခုခ်ိန္အထိ တစ္ပြဲသာကစားခြင့္ရရွိထားၿပီး ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အျဖစ္ အေဝးကြင္းမွာ ပီအက္စ္ဂ်ီကိုအႏိုင္ရခဲ့တဲ့ပြဲမွာ ပါဝင္ကစားခဲ့တာပါ။

ပီအက္စ္ဂ်ီ နဲ႔ပြဲစဥ္မွာ တယ္လက္စ္နဲ႔ ဝမ္ဘစ္ဆာကာတို႔ရဲ႕ ခံစစ္ကစားပုံေတြက မယုံၾကည္ႏိုင္စရာေကာင္းတယ္လို႔လည္း ရပ္ရွ္ဖို႔ဒ္ကပြဲအၿပီးမွာ ခ်ီးက်ဴးခဲ့ပါတယ္။ ပီအက္စ္ဂ်ီအသင္းရဲ႕ ေနမာ၊ အမ္ဘာေပနဲ႔ ဒီမာရီယာတို႔လိုကစားသမားေတြကို တစ္ေယာက္ခ်င္းပိတ္ဆို႔မႈေတြျပဳလုပ္ႏိုင္ခဲ့တဲ့ ယူႏိုက္တက္ရဲ႕ ေတာင္ပံ ခံစစ္ကစားသမားေတြက မယုံၾကည္ႏိုင္စရာေကာင္းေအာင္ ကစားပုံေကာင္းခဲ့ပါတယ္ ဆိုၿပီး ရပ္ရွ္ဖို႔ဒ္က ေျပာၾကားခဲ့တာပါ။

အသက္ ၂၇ ႏွစ္အ႐ြယ္ရွိ တယ္လက္စ္ဟာ ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္ခံခဲ့ရၿပီး ရက္သတၱပတ္ ၂ ပတ္ၾကာ ကြာရန္တင္းဝင္ခဲ့ရရာ ခ်ဲလ္ဆီး၊ လိုက္ပ္ဇစ္၊ အာဆင္နယ္၊ ဘာဆာဆီဟာအသင္းတို႔နဲ႔ကစားခဲ့တဲ့ပြဲေတြကို လြဲေခ်ာ္ခဲ့ရပါတယ္။

အခုေတာ့ တယ္လက္စ္လည္း ယေန႔နံနက္ပိုင္းက ျပဳလုပ္ခဲ့တဲ့အသင္းရဲ႕ထရိန္နင္အစီအစဥ္ေတြမွာ အသင္းေဖာ္ေတြနဲ႔အတူ ပါဝင္ခဲ့ၿပီး အဲဗာတန္နဲ႔အေဝးကြင္းပြဲက်ပ္မွာ ျပန္လည္ပါဝင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

အဲဗာတန္ဟာ ဝါရင့္နည္းျပႀကီး အန္ဆေလာ့တီလက္ထက္ ပုံစံေကာင္းရရွိေနၿပီး ေနာက္ဆုံး ၂ပြဲဆက္ ရႈံးနိမ့္ထားမႈကေန အေကာင္းဆုံး႐ုန္းထြက္ႏိုင္ဖို႔ ျပင္ဆင္ထားခ်ိန္မွာ ယူႏိုက္တက္အတြက္ တယ္လက္စ္ ျပန္ကစားႏိုင္တဲ့သတင္းက သတင္းေကာင္းျဖစ္လာခဲ့ပါတယ္။

တယ္လက္စ္ဟာ ဗင္နီဇြဲလား၊ ဥ႐ုေဂြးတို႔နဲ႔ကစားရမယ့္ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြအတြက္ ဘရာဇီးအသင္းရဲ႕လူစာရင္းမွာ ေ႐ြးခ်ယ္ခံထားရပါတယ္။