ရေနစ်တဲ့အပြင် ဝါးလုံးနဲ့ပါ အထိုးခံရတဲ့ လီဗာပူးအသင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မာဆေးဆိုက်ဒါဘီပွဲအဖြစ် ကစားခဲ့တဲ့ပွဲမှာ လီဗာပူးအသင်းဟာ အိမ်ကွင်းမှာပဲ အဲဗာတန်အသင်းကို ၂ဂိုးပြတ်နဲ့ ရှူံးနိမ့်သွားခဲ့ပါတယ်။ အဲဒါဟာ လီဗာပူးအသင်းအတွက် အမှတ်ပေးပွဲ ၄ ပွဲဆက်တိုက်ရှုံးနိမ့်မှုဖြစ်လာခဲ့သလို အိမ်ကွင်း သုံးပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ ၁၉၉၉ နောက်ပိုင်း အဲဗာတန်အသင်းကို အိမ်ကွင်းမှာ ပထမဆုံးအကြိမ် ရှူံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲအစ ၃ မိနစ်မှာပဲ ရစ်ချာလီဆန်က အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာ ဆီဂတ်ဆန်က ပင်နယ်တီကတစ်ဆင့် နောက်ထပ်တစ်ဂိုးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ ၁၉၂၃ နောက်ပိုင်း လီဗာပူးလ်တို့ အိမ်ကွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ၃ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တာပါ။

အခုဆိုရင်တော့ လီဗာပူးတို့ဟာ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့အတွက်သိပ် မဖြစ်နိုင်တော့တဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။ ပွဲစဉ်ရှူံးရုံသာမက ၊ ကစားသမားလည်း ဒဏ်ရာရရှိခဲ့ပါသေးတယ်။

အဲဗာတန်ကိုရှုံးနိမ့်တဲ့ပွဲမှာရရှိသွားတဲ့ဟန်ဒါဆန်ရဲ့ဒဏ်ရာအခြေအနေကကောင်းမွန်မှုမရှိကြောင်းလီဗာပူးအသင်းနည်းပြကလော့ပ်ကထုတ်ဖော်ပြောဆိုထားပါတယ်။ ဟန်ဒါဆန်ဟာပေါင်ခြံဒဏ်ရာရသွားခဲ့ပြီးနောက်ခံလူနက်ဖီးလစ်နဲ့လူစားလဲခဲ့ရတယ်လို့ သိရပါတယ်။

နည်းပြကလော့ပ်က“ဟန်ဒါဆန်ဟာပေါင်ခြံဒဏ်ရာရသွားခဲ့ပါတယ်။ဒဏ်ရာအခြေအနေကောင်းမွန်မှုမရှိပါဘူး။ ဟန်ဒါဆန်ရဲ့ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး အတိအကျမသိရသေးပါဘူး။ အသေးစိတ်စမ်းသပ်စစ်ဆေးပြီးမှသိရမှာပါ။”

“ဆရာဝန်တွေကတော့ဟန်ဒါဆန်ရဲ့ဒဏ်ရာ အခြေအနေ ကိုကောင်းမွန်တယ်လို့အပြုသဘောသုံးသပ်ထားကြပါတယ်။“ လို့ပြောပါတယ်။ အခုဆိုရင် လီဗာပူးဟာ အမှတ်ပေးဇယားအဆင့် ၆ နေရာအထိ ရောက်ရှိသွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက်ပါ စိုးရိမ်စရာဖြစ်လာနေပါတယ်။ အဆင့် ၄ နေရာက ချယ်လ်ဆီးထက် ၃ မှတ်သာလျော့နည်းနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေရနစ္တဲ့အျပင္ ဝါးလုံးနဲ႔ပါ အထိုးခံရတဲ့ လီဗာပူးအသင္း

မာေဆးဆိုက္ဒါဘီပြဲအျဖစ္ ကစားခဲ့တဲ့ပြဲမွာ လီဗာပူးအသင္းဟာ အိမ္ကြင္းမွာပဲ အဲဗာတန္အသင္းကို ၂ဂိုးျပတ္နဲ႔ ရႉံးနိမ့္သြားခဲ့ပါတယ္။ အဲဒါဟာ လီဗာပူးအသင္းအတြက္ အမွတ္ေပးပြဲ ၄ ပြဲဆက္တိုက္ရႈံးနိမ့္မႈျဖစ္လာခဲ့သလို အိမ္ကြင္း သုံးပြဲဆက္တိုက္ရႈံးနိမ့္ခဲ့တာလည္းျဖစ္ပါတယ္။ ၁၉၉၉ ေနာက္ပိုင္း အဲဗာတန္အသင္းကို အိမ္ကြင္းမွာ ပထမဆုံးအႀကိမ္ ရႉံးနိမ့္ခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲအစ ၃ မိနစ္မွာပဲ ရစ္ခ်ာလီဆန္က အဖြင့္ဂိုးသြင္းယူေပးခဲ့ၿပီး ဒုတိယပိုင္းမွာ ဆီဂတ္ဆန္က ပင္နယ္တီကတစ္ဆင့္ ေနာက္ထပ္တစ္ဂိုးသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။ ၁၉၂၃ ေနာက္ပိုင္း လီဗာပူးလ္တို႔ အိမ္ကြင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ ၃ ပြဲဆက္တိုက္ရႈံးနိမ့္ခဲ့တာပါ။ အခုဆိုရင္ေတာ့ လီဗာပူးတို႔ဟာ ခ်န္ပီယံဘြဲ႕ကို ကာကြယ္ႏိုင္ဖို႔အတြက္သိပ္ မျဖစ္ႏိုင္ေတာ့တဲ့ အေျခအေနကို ေရာက္ရွိေနပါၿပီ။ ပြဲစဥ္ရႉံး႐ုံသာမက ၊ ကစားသမားလည္း ဒဏ္ရာရရွိခဲ့ပါေသးတယ္။

အဲဗာတန္ကိုရႈံးနိမ့္တဲ့ပြဲမွာရရွိသြားတဲ့ဟန္ဒါဆန္ရဲ႕ဒဏ္ရာအေျခအေနကေကာင္းမြန္မႈမရွိေၾကာင္းလီဗာပူးအသင္းနည္းျပကေလာ့ပ္ကထုတ္ေဖာ္ေျပာဆိုထားပါတယ္။ ဟန္ဒါဆန္ဟာေပါင္ၿခံဒဏ္ရာရသြားခဲ့ၿပီးေနာက္ခံလူနက္ဖီးလစ္နဲ႔လူစားလဲခဲ့ရတယ္လို႔ သိရပါတယ္။ နည္းျပကေလာ့ပ္က“ဟန္ဒါဆန္ဟာေပါင္ၿခံဒဏ္ရာရသြားခဲ့ပါတယ္။ဒဏ္ရာအေျခအေနေကာင္းမြန္မႈမရွိပါဘူး။ ဟန္ဒါဆန္ရဲ႕ဒဏ္ရာအေျခအေနနဲ႔ ပတ္သက္ၿပီး အတိအက်မသိရေသးပါဘူး။ အေသးစိတ္စမ္းသပ္စစ္ေဆးၿပီးမွသိရမွာပါ။”

“ဆရာဝန္ေတြကေတာ့ဟန္ဒါဆန္ရဲ႕ဒဏ္ရာ အေျခအေန ကိုေကာင္းမြန္တယ္လို႔အျပဳသေဘာသုံးသပ္ထားၾကပါတယ္။“ လို႔ေျပာပါတယ္။ အခုဆိုရင္ လီဗာပူးဟာ အမွတ္ေပးဇယားအဆင့္ ၆ ေနရာအထိ ေရာက္ရွိသြားခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာအတြက္ပါ စိုးရိမ္စရာျဖစ္လာ​ေနပါတယ္။ အဆင့္ ၄ ေနရာက ခ်ယ္လ္ဆီးထက္ ၃ မွတ္သာေလ်ာ့နည္းေနပါတယ္။