ရေခပ်တာရပ်ပြီး အသင်းအတွက် ပေးဆပ်ဖို့ အို​ေဇးလ်ကို သတိပေးလိုက်တဲ့ ဖီနာဘာချီ ဥက္ကဌ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီးပွားရေးအကျိုးအမြတ် ရေခပ်မှုတွေထက် အသင်းအတွက် ပေးဆပ်သင့်နေပြီလို့ တူရကီသွေးနွယ်၊ ဂျာမနီကစားသမား အိုဇေးလ်ကို ဘီနာဘာချီဥက္ကဌ အလီကော့က သတိပေးပြောကြားလိုက်ပါတယ်။

အာဆင်နယ်ကစားသမားဟောင်း မူဆက်အိုဇေးလ်ဟာ အာဆင်နယ်ကနေ တူရကီကလပ်ဖီနာဘာချီကို ၂၀၂၁ ဇန်နဝါရီ ၂၇ မှာ အလွတ်ပြောင်းရွေ့ကြေးနဲ့ ​ေ​ပြာင်းရွေ့လာခဲ့သူပါ။

အိုဇေးလ်ဟာ အာဆင်နယ်မှာ ကစားခဲ့စဥ္က တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ နဲ့ လစာအများဆုံးရ ကစားသမားတစ်ဦးဖြစ်ခဲ့သလို ဖီနာဘာချီမှာလည်း တစ်ရာသီလုပ်ခလစာ ယူရို ၅ သန်း ရရှိနေသူပါ။

ဒါပေမယ့် အသင်းအတွက် ထိရောက်တဲ့စွမ်းဆောင်ပေးမှုတွေ မရှိသေးလို့ အသင်းဥက္ကဌ အလီကော့က ဖီနာဘာချီရုပ်သံလိုင်းကတစ်ဆင့် ဝေဖန်သတိပေးလိုက်တာပါ။

” ဒီရာသီအစကတည်းက အိုဇေးလ်ကို ဗန်ပါစီနဲ့ နှိုင်းယှဥ္မှုတွေ လုပ်ခဲ့ကြပါတယ်။

အိုဇေးလ်က ပွဲတွေ ပိုကစားချင်ပါတယ်။

အခုက စပြီး အိုဇေးလ်အနေနဲ့ သူ့ရဲ့ပွဲတွေအပေါ် ပိုပြီးအာရုံစိုက်ဖို့ လိုနေပါပြီ။

စီးပွားရေးအကျိုးအမြတ်တွေအပေါ် အာရုံစိုက်မှုတွေကိုလည်း ထိန်းသိမ်းဖို့ လိုနေပါပြီ”လို့ အလီကော့က ပြောကြားခဲ့တာပါ။

ဖီနာဘာချီနည်းပြ ဗစ်တာပါရဲရားအနေနဲ့ အိုဇေးလ်ထံက အကောင်းဆုံးအရာတွေကို ထုတ်ယူအသုံးချနိုင်ဖို့လိုတယ်လို့လည်း အလီကော့က တိုက်တွန်းခဲ့ပါသေးတယ်။

အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ အိုဇေးလ်ဟာ ဒီရာသီ ဖီနာဘာချီမှာ ပုံမှန်ကစားခွင့်မရဘဲ တူရကီလိဂ်မှာ လူစားဝင် ၅ ပွဲအပါ ၉ ပွဲကစားပြီး ၃ဂိုးသွင်း၊ ၁ ဂိုးဖန်တီးထားသလို ယူရိုပါလိဂ် ၂ ပွဲကစား ၁ ဂိုးသွင်းထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရခပ္တာရပ္ၿပီး အသင္းအတြက္ ေပးဆပ္ဖို႔ အို​ေဇးလ္ကို သတိေပးလိုက္တဲ့ ဖီနာဘာခ်ီ ဥကၠဌ

စီးပြားေရးအက်ိဳးအျမတ္ ေရခပ္မႈေတြထက္ အသင္းအတြက္ ေပးဆပ္သင့္ေနၿပီလို႔ တူရကီေသြးႏြယ္၊ ဂ်ာမနီကစားသမား အိုေဇးလ္ကို ဘီနာဘာခ်ီဥကၠဌ အလီေကာ့က သတိေပးေျပာၾကားလိုက္ပါတယ္။

အာဆင္နယ္ကစားသမားေဟာင္း မူဆက္အိုေဇးလ္ဟာ အာဆင္နယ္ကေန တူရကီကလပ္ဖီနာဘာခ်ီကို ၂၀၂၁ ဇန္နဝါရီ ၂၇ မွာ အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႔ ​ေ​ျပာင္းေ႐ြ႕လာခဲ့သူပါ။

အိုေဇးလ္ဟာ အာဆင္နယ္မွာ ကစားခဲ့စၪၠ တစ္ပတ္လုပ္ခ ေပါင္ ၃၅၀၀၀၀ နဲ႔ လစာအမ်ားဆုံးရ ကစားသမားတစ္ဦးျဖစ္ခဲ့သလို ဖီနာဘာခ်ီမွာလည္း တစ္ရာသီလုပ္ခလစာ ယူ႐ို ၅ သန္း ရရွိေနသူပါ။ ဒါေပမယ့္ အသင္းအတြက္ ထိေရာက္တဲ့စြမ္းေဆာင္ေပးမႈေတြ မရွိေသးလို႔ အသင္းဥကၠဌ အလီေကာ့က ဖီနာဘာခ်ီ႐ုပ္သံလိုင္းကတစ္ဆင့္ ေဝဖန္သတိေပးလိုက္တာပါ။

” ဒီရာသီအစကတည္းက အိုေဇးလ္ကို ဗန္ပါစီနဲ႔ ႏႈိင္းယွၪၼႈေတြ လုပ္ခဲ့ၾကပါတယ္။ အိုေဇးလ္က ပြဲေတြ ပိုကစားခ်င္ပါတယ္။ အခုက စၿပီး အိုေဇးလ္အေနနဲ႔ သူ႔ရဲ႕ပြဲေတြအေပၚ ပိုၿပီးအာ႐ုံစိုက္ဖို႔ လိုေနပါၿပီ။ စီးပြားေရးအက်ိဳးအျမတ္ေတြအေပၚ အာ႐ုံစိုက္မႈေတြကိုလည္း ထိန္းသိမ္းဖို႔ လိုေနပါၿပီ”လို႔ အလီေကာ့က ေျပာၾကားခဲ့တာပါ။

ဖီနာဘာခ်ီနည္းျပ ဗစ္တာပါရဲရားအေနနဲ႔ အိုေဇးလ္ထံက အေကာင္းဆုံးအရာေတြကို ထုတ္ယူအသုံးခ်ႏိုင္ဖို႔လိုတယ္လို႔လည္း အလီေကာ့က တိုက္တြန္းခဲ့ပါေသးတယ္။

အသက္ ၃၃ ႏွစ္ရွိေနၿပီျဖစ္တဲ့ အိုေဇးလ္ဟာ ဒီရာသီ ဖီနာဘာခ်ီမွာ ပုံမွန္ကစားခြင့္မရဘဲ တူရကီလိဂ္မွာ လူစားဝင္ ၅ ပြဲအပါ ၉ ပြဲကစားၿပီး ၃ဂိုးသြင္း၊ ၁ ဂိုးဖန္တီးထားသလို ယူ႐ိုပါလိဂ္ ၂ ပြဲကစား ၁ ဂိုးသြင္းထားပါတယ္။