ရူးလောက်တဲ့နောက်ပြန်ကန်ချက်နဲ့ ရွှေရောင်နေ့ရက်တွေဆီ ပြန်သွားနေတဲ့ ဂစ်နက်

Photo Credit

Photo Credit

အန်ဒရီဂစ်နက်ဆိုတာ တစ်ချိန်တုန်းက ပြင်သစ်ဘောလုံးလောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ တိုက်စစ်မှူးဖြစ်ပြီး လက်ရှိအချိန်မှာတော့ မက္ကဆီကိုပြည်တွင်းလိဂ်မှာ ပါဝင်ကစားနေပါတယ်။

Photo Credit

သူဟာ ၂၀၁၅ ခုနှစ်မှာ မာဆေးလ်ကနေ မက္ကဆီကိုကလပ် တီဂရက်စ်အသင်းကို ရောက်ရှိခဲ့တာဖြစ်ပြီး အသင်းအတွက် ၁၈၂ ပွဲမှာ ၁၀၇ ဂိုးအထိ သွင်းယူကာ သူ့ရဲ့ရွှေရောင်နေ့ရက်တွေကို ပြန်လည်ဖန်တီးနေပါတယ်။

Photo Credit

အထူးသဖြင့် ဂစ်နက်ဟာ လီဂါ MX ပွဲစဉ်အဖြစ် ပူမက်စ်အသင်းကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တော်ရုံတန်ရုံမြင်ရခဲတဲ့ကန်ချက်နဲ့ ဟက်ထရစ်ရှင်အဖြစ် ခံယူနိုင်ခဲ့ပါတယ်။

Photo Credit

အသက် ၃၄နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်ဟောင်း ဂစ်နက်ဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက် ဦးဆောင်ဂိုးတွေကို ပင်နယ်တီတွေကနေ သွင်းယူနိုင်ခဲ့ပေမယ့် အကောင်းဆုံးဂိုးကတော့ နောက်ဆုံးမှ ရောက်လာခဲ့ပါတယ်။ ပွဲချိန် ၅၉ မိနစ်မှာ ဂစ်နက်ဟာ ညာတောင်ပံက ဖြတ်တင်ဘောကို ဂိုးပေါက်နဲ့ ကျောပေးအနေအထားကနေ နောက်ပြန်ကန်ချက်နဲ့ တစ်ခါတည်းကန်သွင်းလိုက်တာဖြစ်ပါတယ်။

Video Credit

ဘောလုံးက သူ့ခေါင်းပေါ် အမြင့်ကနေ လာတာမဟုတ်ဘဲ ခါးဖြတ်ဘောအနေအထားကနေ ရောက်လာတာဖြစ်ပြီး သူက ဂိုးသမားရဲ့ဘယ်ဘက်အပေါ်ထောင့်ထဲ နောက်ပြန်ကန်သွင်းလိုက်တာပါ။

Photo Credit

သူဟာ ၂၀၁၅ ခုနှစ်မှာ မာဆေးလ်ကနေ တီဂရက်စ်ကို ရောက်လာတာဖြစ်ပေမယ့် ယူရို ၂၀၁၆ ပြိုင်ပွဲဝင် ပြင်သစ်အသင်းမှာ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ပေါ်တူဂီအသင်းကို အရေးနိမ့်ခဲ့တဲ့ ဗိုလ်လုပွဲမှာ လူစားဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ သူဟာ ဒီရာသီမှာ အသင်းအတွက် ၂၅ပွဲကစား ၁၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ကြိမ်ပြုလုပ်ပေးထားပါတယ်။

Photo Credit

Zawgyi

႐ူးေလာက္တဲ့ေနာက္ျပန္ကန္ခ်က္နဲ႔ ေရႊေရာင္ေန႔ရက္ေတြဆီ ျပန္သြားေနတဲ့ ဂစ္နက္

အန္ဒရီဂစ္နက္ဆုိတာ တစ္ခ်ိန္တုန္းက ျပင္သစ္ေဘာလုံးေလာကမွာ ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ တုိက္စစ္မွဴးျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ မကၠဆီကိုျပည္တြင္းလိဂ္မွာ ပါ၀င္ကစားေနပါတယ္။
သူဟာ ၂၀၁၅ ခုႏွစ္မွာ မာေဆးလ္ကေန မကၠဆီကိုကလပ္ တီဂရက္စ္အသင္းကို ေရာက္ရွိခ့ဲတာျဖစ္ၿပီး အသင္းအတြက္ ၁၈၂ ပြဲမွာ ၁၀၇ ဂိုးအထိ သြင္းယူကာ သူ႕ရဲ႕ေရႊေရာင္ေန႔ရက္ေတြကို ျပန္လည္ဖန္တီးေနပါတယ္။
အထူးသျဖင့္ ဂစ္နက္ဟာ လီဂါ MX ပဲြစဥ္အျဖစ္ ပူမက္စ္အသင္းကို ၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပဲြမွာ ေတာ္႐ုံတန္႐ုံျမင္ရခဲတဲ့ကန္ခ်က္နဲ႔ ဟက္ထရစ္ရွင္အျဖစ္ ခံယူႏုိင္ခဲ့ပါတယ္။
အသက္ ၃၄ႏွစ္အရြယ္ရွိ ျပင္သစ္လက္ေရြးစင္ေဟာင္း ဂစ္နက္ဟာ တနဂၤေႏြေန႔က ကစားခဲ့တဲ့ပြဲမွာ အသင္းအတြက္ ဦးေဆာင္ဂိုးေတြကို ပင္နယ္တီေတြကေန သြင္းယူႏုိင္ခဲ့ေပမယ့္ အေကာင္းဆုံးဂိုးကေတာ့ ေနာက္ဆုံးမွ ေရာက္လာခဲ့ပါတယ္။
ပြဲခ်ိန္ ၅၉ မိနစ္မွာ ဂစ္နက္ဟာ ညာေတာင္ပံက ျဖတ္တင္ေဘာကို ဂုိးေပါက္နဲ႔ ေက်ာေပးအေနအထားကေန ေနာက္ျပန္ကန္ခ်က္နဲ႔ တစ္ခါတည္းကန္သြင္းလုိက္တာျဖစ္ပါတယ္။
ေဘာလုံးက သူ႕ေခါင္းေပၚ အျမင့္ကေန လာတာမဟုတ္ဘဲ ခါးျဖတ္ေဘာအေနအထားကေန ေရာက္လာတာျဖစ္ၿပီး သူက ဂိုးသမားရဲ႕ဘယ္ဘက္အေပၚေထာင့္ထဲ ေနာက္ျပန္ကန္သြင္းလုိက္တာပါ။
သူဟာ ၂၀၁၅ ခုႏွစ္မွာ မာေဆးလ္ကေန တီဂရက္စ္ကို ေရာက္လာတာျဖစ္ေပမယ့္ ယူ႐ို ၂၀၁၆ ၿပိဳင္ပြဲ၀င္ ျပင္သစ္အသင္းမွာ ပါ၀င္ကစားခြင့္ရရွိခဲ့ၿပီး ေပၚတူဂီအသင္းကို အေရးနိမ့္ခဲ့တဲ့ ဗိုလ္လုပဲြမွာ လူစား၀င္ကစားခြင့္ရရွိခဲ့ပါတယ္။ သူဟာ ဒီရာသီမွာ အသင္းအတြက္ ၂၅ပဲြကစား ၁၇ ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၃ႀကိမ္ျပဳလုပ္ေပးထားပါတယ္။