ရူးလောက်စရာ အချိတ်အဆက်တွေကို ဂရင်းဝုဒ် ရပ်ရှ်ဖို့ဒ် တို့နဲ့ အတွဲညီညီ ပုံဖော်ပြသွားမယ်လို့ ပြောလာတဲ့ ဆန်ချို

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

ဒေါ့မွန်အသင်းကနေ ပေါင် ၇၃ သန်းဝန်းကျင်နဲ့ ခေါ်ယူထားခဲ့တဲ့ အင်္ဂလန်ကြယ်ပွင့် ဂျေဒန် ဆန်ချို ရဲ့ ခြေစွမ်းတွေကို မန်ယူနိုက်တက် ပရိသတ်တွေအနေနဲ့ သေချာမမြင်တွေ့ရသေးပါဘူး။

ကစားပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ဆန်ချို ဟာ အဖွင့်ပွဲ ၂ ပွဲကို လူစားဝင်ကစားသမားအဖြစ်နဲ့သာ ကစားခဲ့ရပြီး နောက်ဆုံးကစားခဲ့တဲ့ ဝုလ်ဗ် နဲ့ ပွဲစဉ်မှာပဲ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။

အဲ့ဒီ ၃ ပွဲစလုံးမှာ ဆန်ချို အနေနဲ့ ထူးထူးခြားခြား စွမ်းဆောင်ပြသနိုင်ခြင်းမရှိခဲ့ပဲ သာမန်ခြေစွမ်းသာ ပြသနိုင်ခဲ့ပါတယ်။

ဒီလိုအခြေအနေနဲ့ ပတ်သက်ပြီး မစိုးရိမ်ဖို့နဲ့ နောက်လာမယ့်ပွဲတွေမှာ သူ့ရဲ့ခြေစွမ်းအစစ်အမှန်ကို မြင်တွေ့ရမယ်ဆိုပြီး ပရိသတ်တွေ ကို ဆန်ချို က အခုလို ပြောဆိုခဲ့ပါတယ်။

ဆန်ချို “ သရဲနီ အသင်းမှာ တစိတ်တပိုင်းအဖြစ် ရှိနေခွင့်ရလို့ ကျွန်တော် အရမ်းပျော်နေပါတယ်။

ကျွန်တော့်ရဲ့ ပွဲဦးထွက် ပွဲစဉ်မှာ အဆင်ပြေပြေနဲ့ကစားနိုင်ဖို့ အသင်းဖော်တွေက ကူညီပေးခဲ့ကြပါတယ်။

ပွဲတွေအများကြီး ကစားနိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားမှာပါ။

ဂျာမနီ မှာ ပြသခဲ့တဲ့ ခြေစွမ်းက နည်းနည်းလေးမှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။

အဲ့ဒီခြေစွမ်းမျိုးကို ဒီအထိ ကျွန်တော်သယ်လာပါတယ်။

မကြာခင်မှာ ပရိသတ်တွေကို ကျွန်တော် ဘာတွေလုပ်နိုင်သလဲဆိုတာ ပြသနိုင်မယ်လို့ မျှော်လင့်ပါတယ် “ လို့ ဖွင့်ဟခဲ့ပါတယ်။

ဒါ့အပြင် ဆန်ချို က သူငယ်ချင်းဖြစ်သူ ရပ်ရှ်ဖို့ဒ် ဒဏ်ရာကနေပြန်သက်သာလာတဲ့အခါ သူတို့ ၂ ယောက်ရဲ့ ရူးလောက်စရာ အချိတ်အဆက်တွေကို ပရိသတ်တွေ မြင်တွေ့ခွင့်ရမှာ သေချာတယ်လို့ ပြောခဲ့သလို ဒီရာသီမှာ ခြေစွမ်းပြသနေတဲ့ လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ် နဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပြောခဲ့ပါသေးတယ်။

ဆန်ချို “ မားကပ်စ် ဒဏ်ရာကနေ ပြန်သက်သာပြီး ကျွန်တော်နဲ့အတူ ပွဲထွက်ကစားတဲ့အချိန်ကျရင် ရူးလောက်တဲ့ အချိတ်အဆက်တွေကို မြင်တွေ့ရပါလိမ့်မယ်။ ဂရင်းဝုဒ် ရဲ့ ခြေစွမ်းတွေကိုလည်း ထရိန်နင်မှာ ကျွန်တော်မြင်တွေ့ထားပြီးပါပြီ။

သူ့ခြေစွမ်းကလည်း ရူးလောက်စရာပါပဲ။

သူနဲ့ ကျွန်တော့်ကြားမှာ အပေးအယူတွေ ၊ နေရာယူပုံတွေ နဲ့ ပတ်သက်ပြီး နားလည်မှုတစုံတရာရရှိအောင်လည်း ကြိုးစားနေပါတယ်။

ကျွန်တော်တို့ ၃ ယောက်လုံး ကွင်းထဲမှာ အတူရှိနေမယ်ဆိုရင်တော့ ရူးလောက်စရာ ခြေစွမ်းတွေ အချိတ်အဆက်တွေ ထွက်ပေါ်လာမှာပါ “ လို့ ပြောခဲ့ပါတယ်။

ဆန်ချို ဟာ ဒဏ်ရာပြဿနာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ယှဉ်ပြိုင်ကစားနေတဲ့ အင်္ဂလန်အသင်းကနေ နှုတ်ထွက်ခဲ့ပေမဲ့ လာမယ့် အပတ်မှာ ကစားမယ့် နယူးကာဆယ် နဲ့ ပွဲစဉ်မှာတော့ မန်ယူနိုက်တက် အတွက် ပါဝင်ကစားပေးနိုင်မယ်လို့ သိရပါတယ်။

အဲ့ဒီပွဲစဉ်မှာ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒို လည်း ပွဲထွက်ကစားဖွယ်ရှိနေတာကြောင့် မန်ယူနိုက်တက် ရဲ့ အတောင့်တင်းဆုံး လူစာရင်းကို ပရိသတ်တွေအနေနဲ့ မြင်တွေ့ခွင့်ရဖို့ရှိနေပါတယ်။

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi






