ရုံခါရှင်းလင်းပွဲ လုပ်သလားမှတ်ရတဲ့ လက်စတာရဲ့ နှုတ်ဆက်ထွက်ခွာ စာရင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လက်စတာ စီးတီး အသင်းဟာ ကစားသမား ကိုးဦးကို စာချုပ်သစ် မချုပ်ဆိုဖို့ ဆုံးဖြတ်လိုက်ပြီး အသင်းက ထွက်ခွာခွင့် ပေးလိုက်ပါတယ်။

နှစ်နှစ်ဆက် ချန်ပီယံလိဂ် ပြိုင်ပွဲနဲ့ လွဲချော် ခဲ့ပြီးနောက် လက်စတာက တာဝန်ရှိသူတွေဟာ တတ်နိုင်သမျှ ဝိတ်လျှော့ဖို့ လုပ်ဆောင်တာ ဖြစ်နိုင်ပါတယ်။

လက်စတာ ရေစက်ဖြတ်တဲ့ သူတွေထဲမှာ အသင်း ခေါင်းဆောင် မော်ဂန် နဲ့ ခရစ်စတီယန်ဖျူစ့် တို့လည်းပါပါတယ်။

မော်ဂန် နဲ့ ဖျူစ့် တို့ဟာ လက်စတာ အသင်း ပရီးမီယားလိဂ် ဖလား ရခဲ့တဲ့ ၂၀၁၅-၂၀၁၆ ခုနှစ်မှာ အဓိကကစားသမားအဖြစ်ပွဲထွက်ကစားခဲ့ကြသူတွေ ဖြစ်ပါတယ်။

မော်ဂန်ဟာ ၂၀၁၂ ခုနှစ်မှာနော်တင်ဟမ်ဖောရက်စ် ကနေ လက်စတာစီးတီးအသင်းကို ပေါင် ၁ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး၊

လက်စတာစီးတီးအသင်း နဲ့ အတူ ပရီးမီးယားလိဂ်ဖလား ၊ ချန်ပီယံရှစ်ဖလား ၊ အက်ဖ်အေဖလားတို့ ရယူနိုင်ခဲ့ပြီးချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေမှာလည်းကစားခဲ့ဖူးသူပါ။

ခရစ်စတီယန်ဖျူစ့်ကတော့ ၂၀၁၅ ခုနှစ်မှာ ရှော်ကေး အသင်းကနေ ရောက်ရှိ လာသူပါ။

ဖျူစ့် ဟာ အသက် ၃၅ နှစ် အရွယ် ရှိပြီ ဖြစ်ပြီး ဒီရာသီမှာ လက်စတာ အတွက် လိဂ် ၉ ပွဲ ကစားပေးခဲ့ပါတယ်။

လူငယ် ကစားသမားတွေဖြစ်တဲ့ လေတန် အန်ဒက်ကူ ၊ ဘောစ့်ဝေါ့တ် ၊ အိုကော်နာ ၊ အာလော့ဂျွန် ၊ အဒူလေ တို့ဟာလည်း လက်စတာနဲ့ ရေစက်ကုန်ကြပါပြီ။

လက်စတာ အတွက် နောက်ဆုံး ခြောက်ရာသီမှာ လိဂ် ၁၅ ပွဲသာ ကစားခဲ့ရတဲ့ မက်တီဂျိမ်းစ်လည်း နှုတ်ဆက်ထွက်ခွာ စာရင်းထဲမှာပါပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

႐ုံခါရွင္းလင္းပြဲ လုပ္သလားမွတ္ရတဲ့ လက္စတာရဲ႕ ႏႈတ္ဆက္ထြက္ခြာ စာရင္း

လက္စတာ စီးတီး အသင္းဟာ ကစားသမား ကိုးဦးကို စာခ်ဳပ္သစ္ မခ်ဳပ္ဆိုဖို႔ ဆုံးျဖတ္လိုက္ၿပီး အသင္းက ထြက္ခြာခြင့္ ေပးလိုက္ပါတယ္။ ႏွစ္ႏွစ္ဆက္ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္ ခဲ့ၿပီးေနာက္ လက္စတာက တာ၀န္ရွိသူ​ေတြဟာ တတ္ႏိုင္သမွ် ၀ိတ္​ေလွ်ာ့ဖို႔ လုပ္​ေဆာင္တာ ျဖစ္ႏိုင္ပါတယ္။

လက္စတာ ​ေရစက္ျဖတ္တဲ့ သူ​ေတြထဲမွာ အသင္း ေခါင္းေဆာင္ ေမာ္ဂန္ နဲ႔ ခရစ္စတီယန္ဖ်ဴစ့္ တို႔လည္းပါပါတယ္။ ေမာ္ဂန္ နဲ႔ ဖ်ဴစ့္ တို႔ဟာ လက္စတာ အသင္း ပရီးမီယားလိဂ္ ဖလား ရခဲ့တဲ့ ၂၀၁၅-၂၀၁၆ ခုႏွစ္မွာ အဓိကကစားသမားအျဖစ္ပြဲထြက္ကစားခဲ့ၾကသူေတြ ျဖစ္ပါတယ္။

ေမာ္ဂန္ဟာ ၂၀၁၂ ခုႏွစ္မွာေနာ္တင္ဟမ္ေဖာရက္စ္ ကေန လက္စတာစီးတီးအသင္းကို ေပါင္ ၁ သန္းနဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး၊ လက္စတာစီးတီးအသင္း နဲ႔ အတူ ပရီးမီးယားလိဂ္ဖလား ၊ ခ်န္ပီယံရွစ္ဖလား ၊ အက္ဖ္ေအဖလားတို႔ ရယူႏိုင္ခဲ့ၿပီးခ်န္ပီယံလိဂ္ နဲ႔ ယူ႐ိုပါလိဂ္ ၿပိဳင္ပြဲေတြမွာလည္းကစားခဲ့ဖူးသူပါ။

ခရစ္စတီယန္ဖ်ဴစ့္က​ေတာ့ ၂၀၁၅ ခုႏွစ္မွာ ေရွာ္ေကး အသင္းကေန ေရာက္ရွိ လာသူပါ။ဖ်ဴစ့္ ဟာ အသက္ ၃၅ ႏွစ္ အ႐ြယ္ ရွိၿပီ ျဖစ္ၿပီး ဒီရာသီမွာ လက္စတာ အတြက္ လိဂ္ ၉ ပြဲ ကစားေပးခဲ့ပါတယ္။

လူငယ္ ကစားသမား​ေတြျဖစ္တဲ့ ေလတန္ အန္ဒက္ကူ ၊ ေဘာစ့္ေဝါ့တ္ ၊ အိုေကာ္နာ ၊ အာေလာ့ဂြၽန္ ၊ အဒူေလ တို႔ဟာလည္း လက္စတာနဲ႔ ​ေရစက္ကုန္ၾကပါၿပီ။ လက္စတာ အတြက္ ေနာက္ဆုံး ေျခာက္ရာသီမွာ လိဂ္ ၁၅ ပြဲသာ ကစားခဲ့ရတဲ့ မက္တီဂ်ိမ္းစ္လည္း ႏႈတ္ဆက္ထြက္ခြာ စာရင္းထဲမွာပါပါတယ္။