ရုပ်သံထုတ်လွှင့်မှုတွေကသာ တကယ့်ဆရာကြီးတွေပါလို့ နည်းပြဂွါဒီယိုလာက တုံ့ပြန်လိုက်

PC ; Internet

ပွဲတော်ရက်ကာလအတွင်း မန်စီးတီးအသင်းရဲ့ပွဲစဉ်ဇယားတွေကို ပြန်လည်ရေးဆွဲခြင်းခံခဲ့ရတဲ့နောက် ရုပ်သံထုတ်လွှင့်မှုတွေကသာ တကယ့်ဆရာကြီးတွေပါလို့ နည်းပြဂွါဒီယိုလာက တုံ့ပြန်လိုက်ကြောင်းသိရပါတယ်။ဒါပေမဲ့ ပွဲပန်းမှုဒဏ်ခံရမယ့်အရေးအတွက် ကစားသမားတွေကိုတော့ စပိန်သားနည်းပြက ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားကြဖို့ ထပ်ပြီးတပ်လှန့်လိုက်ပါတယ်။မူလပွဲစဉ်ဇယားရေးဆွဲမှုအရ မန်စီးတီးဟာ ဘောက်ဆင်ဒေးနေ့မှာ ဝုဗ်ကွင်းကိုသွားကစားရမှာပါ။

PC ; Internet

ဒါပေမဲ့ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုအခက်အခဲကြောင့် အဲဒီပွဲဟာ ၂၄နာရီနောက်ကျပြီးမှ ကစားရတော့မှာပါ။ဒါကြောင့် ရှက်ဖီးယူနိုက်တက်နဲ့အိမ်ကွင်းပွဲစဉ်လည်း ဒီဇင်ဘာ ၂၉ရက်နေ့ကိုရွှေ့သွားခဲ့ပါတယ်။အဲဒီပွဲစဉ် ၂ခုကြားမှာ ၄၈နာရီတောင်ပြင်ဆင်ချိန်မရှိတဲ့အပြင် မန်စီးတီးဟာ ဇန်နဝါရီ ၁ရက်နေ့မှာ ၂၀၂၀ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် အိမ်ကွင်းမှာ အဲဗာတန်နဲ့ကစားရပါဦးမယ်။ခရစ္စမတ်နဲ့နှစ်သစ်ကူးပွဲတော်ကာလအတွင်းမှာ အခုလိုပွဲစဉ်တွေအများကြီးရအောင် ဖျစ်ညှစ်ကစားနေရတာဟာ စိုးရိမ်စရာအခြေအနေတစ်ရပ်လို့ ဂါွဒီယိုလာကယုံကြည်ထားပါတယ်။

PC ; Internet

တစ်နည်းအားဖြင့် နိုင်ဂျီးရီးယားနဲ့ခြေစမ်းပွဲမှာ ဘရာဇီးအတွက် ကစားပေးရင်း တံကောက်ကြောဒဏ်ရာရသွားတာကြောင့် ၄ပတ်လောက်နားရတော့မယ် နေမာကို ဂွါဒီယိုလာက ဥပမာပေးသွားခဲ့ပါတယ်။“ အဲဒါဘာတွေလဲဗျ။ဒီကို ကျွန်တော်စရောက်ကတည်းက ရာသီတိုင်းမှာဒီလိုပဲဖြစ်နေကျပါ။ဒီလိုအခြေအနေမျိုးမှာ ရုပ်သံထုတ်လွှင့်မှုတွေက တကယ့်ဆရာကြီးတွေပါပဲ။ဘောက်ဆင်ဒေးမှာ ပွဲကစားရတာကို ကျွန်တော်ချစ်ပါတယ်။

PC ; Getty

လူတိုင်းမိသားစုနဲ့အတူ အနားယူနေကြတဲ့ ဆောင်းရာသီအားလပ်ရက်မျိုးမှာ ပွဲကစားရတာကိုလည်း သဘောကျပါတယ်။ဒါပေမဲ့ တူညီတဲ့ပြသနာတစ်ခုတော့ရှိနေတယ်။ကျွန်တော်တို့ဟာ ကစားသမားတွေကို အကာအကွယ်မပေးနိုင်ဘူး။ဒီစနစ်ကလည်း သူတို့ကို မကာကွယ်နိုင်ဘူး။အရိုးသားဆုံးပြောရရင် ဒီဆုံးရှုံးမှုတွေက တန်ဖိုးကြီးလွန်းတယ်။နေမာကိုပဲကြည့် ” လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

(zawgyi)

ပြဲေတာ္ရက္ကာလအတြင္း မန္စီးတီးအသင္းရဲ႕ပြဲစဥ္ဇယားေတြကို ျပန္လည္ေရးဆြဲျခင္းခံခဲ့ရတဲ့ေနာက္ ရုပ္သံထုတ္လႊင့္မႈေတြကသာ တကယ့္ဆရာႀကီးေတြပါလို႔ နည္းျပဂြါဒီယိုလာက တုံ႔ျပန္လိုက္ေၾကာင္းသိရပါတယ္။ဒါေပမဲ့ ပြဲပန္းမႈဒဏ္ခံရမယ့္အေရးအတြက္ ကစားသမားေတြကိုေတာ့ စပိန္သားနည္းျပက ႀကိဳတင္ျပင္ဆင္မႈေတြလုပ္ထားၾကဖို႔ ထပ္ၿပီးတပ္လွန္႔လိုက္ပါတယ္။မူလပြဲစဥ္ဇယားေရးဆြဲမႈအရ မန္စီးတီးဟာ ေဘာက္ဆင္ေဒးေန႔မွာ ၀ုဗ္ကြင္းကိုသြားကစားရမွာပါ။ဒါေပမဲ့ ရုပ္သံတိုက္ရိုက္ထုတ္လႊင့္မႈအခက္အခဲေၾကာင့္ အဲဒီပြဲဟာ ၂၄နာရီေနာက္က်ၿပီးမွ ကစားရေတာ့မွာပါ။ဒါေၾကာင့္ ရွက္ဖီးယူႏိုက္တက္နဲ႔အိမ္ကြင္းပြဲစဥ္လည္း ဒီဇင္ဘာ ၂၉ရက္ေန႔ကိုေရႊ႔သြားခဲ့ပါတယ္။အဲဒီပြဲစဥ္ ၂ခုၾကားမွာ ၄၈နာရီေတာင္ျပင္ဆင္ခ်ိန္မရွိတဲ့အျပင္ မန္စီးတီးဟာ ဇန္န၀ါရီ ၁ရက္ေန႔မွာ ၂၀၂၀ရဲ႕ ပထမဆံုးပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ အဲဗာတန္နဲ႔ကစားရပါဦးမယ္။ခရစၥမတ္နဲ႔ႏွစ္သစ္ကူးပြဲေတာ္ကာလအတြင္းမွာ အခုလိုပြဲစဥ္ေတြအမ်ားႀကီးရေအာင္ ဖ်စ္ညွစ္ကစားေနရတာဟာ စိုးရိမ္စရာအေျခအေနတစ္ရပ္လို႔ ဂါြဒီယိုလာကယံုၾကည္ထားပါတယ္။တစ္နည္းအားျဖင့္ ႏိုင္ဂ်ီးရီးယားနဲ႔ေျခစမ္းပြဲမွာ ဘရာဇီးအတြက္ ကစားေပးရင္း တံေကာက္ေၾကာဒဏ္ရာရသြားတာေၾကာင့္ ၄ပတ္ေလာက္နားရေတာ့မယ္ ေနမာကို ဂြါဒီယိုလာက ဥပမာေပးသြားခဲ့ပါတယ္။“ အဲဒါဘာေတြလဲဗ်။ဒီကို ကၽြန္ေတာ္စေရာက္ကတည္းက ရာသီတိုင္းမွာဒီလိုပဲျဖစ္ေနက်ပါ။ဒီလိုအေျခအေနမ်ိဳးမွာ ရုပ္သံထုတ္လႊင့္မႈေတြက တကယ့္ဆရာႀကီးေတြပါပဲ။ေဘာက္ဆင္ေဒးမွာ ပြဲကစားရတာကို ကၽြန္ေတာ္ခ်စ္ပါတယ္။လူတိုင္းမိသားစုနဲ႔အတူ အနားယူေနၾကတဲ့ ေဆာင္းရာသီအားလပ္ရက္မ်ိဳးမွာ ပြဲကစားရတာကိုလည္း သေဘာက်ပါတယ္။ဒါေပမဲ့ တူညီတဲ့ျပသနာတစ္ခုေတာ့ရွိေနတယ္။ကၽြန္ေတာ္တို႔ဟာ ကစားသမားေတြကို အကာအကြယ္မေပးႏိုင္ဘူး။ဒီစနစ္ကလည္း သူတို႔ကို မကာကြယ္ႏိုင္ဘူး။အရိုးသားဆံုးေျပာရရင္ ဒီဆံုးရံႈးမႈေတြက တန္ဖိုးႀကီးလြန္းတယ္။ေနမာကိုပဲၾကည့္ ” လို႔ ဂြါဒီယိုလာက ေျပာၾကားခဲ့ပါတယ္။