ရုပ်ရှင်မင်းသားတွေရှုံးလောက်အောင် ဟန်ဆောင်ပိုလွန်းတဲ့နေမာရဲ့ ကွင်းအတွင်းကအပြုအမူတွေနဲ့ ပတ်သက်လို့ မကျေမနပ်ဖြစ်နေတဲ့ တွမ်မီနေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အိုးလ်ထရက်ဖို့ဒ်က ချန်ပီယံလိဂ်ရှုံးပွဲမှာ ပီအက်စ်ဂျီကစားသမားတွေရဲ့ဟန်ဆောင်မှုတွေနဲ့ပတ်သက်လို့ မန်ယူကွင်းလယ်လူတွမ်မီနေးတစ်ယောက် မကျေမနပ်ဖြစ်နေပါတယ်။

အထူးသဖြင့် တွမ်မီနေးဟာ ဟန်ဆောင်တတ်လွန်းတဲ့နေမာနဲ့ပတ်သက်ပြီး အဓိကမကျေနပ်တာဖြစ်ကာ ပွဲရဲ့ပထမပိုင်းအပြီးမှာ အဲဒီဘရာဇီးသား နေမာ နဲ့ စကားများခဲ့ပါသေးတယ်။

ပထမပိုင်းပြီးချိန် ဥမင်ထဲကို ဝင်တဲ့အချိန်မှာ တွမ်မီနေးက နေမာကို နောက်ကနေ တွန်းထိုးခဲ့တာဖြစ်ပြီး နေမာကလည်း ဒေါသတကြီးနဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အဲဒီမှာ လင်ဒီလော့ဖ်က ကြားဝင်ပြီး အခြေအနေပိုဆိုးမသွားအောင် နေမာကို ဖျောင်းဖျမှုတွေ လုပ်ခဲ့တာ တွေ့ရပါတယ်။

ပထမပိုင်းမှာ သူတို့နှစ်ယောက်ရင်ဆိုင်တွေ့ကြတော့ တွမ်မီနေးက နေမာကို နင်းလိုက်တဲ့ပုံစံရှိပေမယ့် အနှေးပြကွက်အရတော့ အဲဒီမန်ယူအကယ်ဒမီထွက်ဟာ သူ့ခြေထောက်ကို ပြန်ရှာဖို့ ကြိုးစားခဲ့ရုံပါပဲ။

ပွဲပြီးတော့ တွမ်မီနေးက နေမာကို နာမည်တပ်မပြောပေမယ့် အဲဒီပြင်သစ်အသင်းရဲ့ဟန်ဆောင်ကစားမှုကို မကျေနပ်ကြောင်း ရှင်းရှင်းလင်းလင်းပြောခဲ့ပြီး ယူနိုက်တက်အသင်းအနေနဲ့ ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့အမှတ်မယူနိုင်ခဲမှုကို ဒေါသထွက်ကြောင်းလည်း ဆိုခဲ့ပါတယ်။

”သူတို့ကစားသမားတွေရဲ့တုံ့ပြန်ချက်ကတော့ (ခေါင်းခါလျက်)…..အဲဒီအကြောင်းနဲ့ပတ်သက်လို့ ဘာမှ မပြောချင်တော့ပါဘူး။ ကွင်းထဲကအဝါကဒ်နဲ့ ဒိုင်ရဲ့ဆုံးဖြတ်ချက်အကြောင်း ကိုဝေဖန်ပြောဆိုရင် ဒုက္ခရောက်သွားနိုင်တာကြောင့် ဒီအကြောင်းကို ထုတ်ဖော်သုံးသပ်ဖို့ ဆန္ဒမရှိပါဘူး။ ဒီပွဲကနေ လိုအပ်တဲ့အမှတ်တွေမရခဲ့ဘူးဆိုရင် တစ်ယောက်နဲ့တစ်ယောက် စိတ်ပျက်ဒေါသထွက်သင့်တယ်လို့ ပထမပိုင်းပြီးကတည်းက အသင်းအဝတ်လဲခန်းမှာ ကျွန်တော်ပြောခဲ့ပါတယ်”လို့ တွမ်မီနေးက ဆိုခဲ့တာပါ။

“ပွဲက ဘယ်လို အခြေအနေ ဖြစ်တော့မယ်ဆိုတာ ကြိုသိနေတဲ့အတွက် ခံစားရခက်လွန်းပါတယ်။ နေမာရဲ့ ဂိုးကို ခွင့်ပြုခဲ့ရတာ တော်တော်လေး ဆိုးပြီး အဲ့ဒီဂိုးနောက်ပိုင်း ကျွန်တော်တို့ ကစားတဲ့ပုံစံက တော်တော်လေး အာရုံစိုက်ထားတဲ့ ပုံစံမျိုးနဲ့ ကစားနိုင်ခဲ့ပါတယ်”

“သူတို့သွင်းသွားတဲ့ ဂိုးက လူကျွံနေတယ်ဆိုပြီး ပြောကြာတာလည်း ကြားပါတယ်။ ဒီကွင်းလယ်ဒိုင်ရဲ့ ပွဲကို ချဉ်းကပ်ပုံ၊ ဆုံးဖြတ်ချက်တွေနဲ့ ပွဲရဲ့ ဟန်ချက်က ဘယ်မှာလဲလို့ ကျွန်တော်တို့ မေးချင်ပါတယ်။ ကျွန်တော်တို့ အပတ်တိုင်း ကွင်းလယ်ဒိုင် ဆုံးဖြတ်ချက် အမှားတွေ တွေ့နေရပြီး အဲ့ဒါတွေကို ပြန်လည်ပြုပြင်ပြီး ဘောလုံးလောက ရှိသင့်တဲ့ နေရာကို ပြန်ပို့ ပေးသင့်တယ်လို့ ထင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

႐ုပ္ရွင္မင္းသားေတြရႈံးေလာက္ေအာင္ ဟန္ေဆာင္ပိုလြန္းတဲ့ေနမာရဲ႕ ကြင္းအတြင္းကအျပဳအမူေတြနဲ႔ ပတ္သက္လို႔ မေက်မနပ္ျဖစ္ေနတဲ့ တြမ္မီေနး

အိုးလ္ထရက္ဖို႔ဒ္က ခ်န္ပီယံလိဂ္ရႈံးပြဲမွာ ပီအက္စ္ဂ်ီကစားသမားေတြရဲ႕ဟန္ေဆာင္မႈေတြနဲ႔ပတ္သက္လို႔ မန္ယူကြင္းလယ္လူတြမ္မီေနးတစ္ေယာက္ မေက်မနပ္ျဖစ္ေနပါတယ္။ ဖရက္ဒ္ကိုအဝါေရာင္ကဒ္ေပးရန္သာဆုံးျဖတ္ခ်က္ခ်ခဲ့တဲ့ကြင္းလယ္ဒိုင္ကို အနီကဒ္ျပဖို႔အထိ ဖိအားေပးခဲ့တဲ့ ေနမာတို႔ရဲ႕လုပ္ရပ္နဲ႔ပတ္သက္ၿပီး ေဒါသထြက္ေနတဲ့ တိုမီေနးဟာ ပထမပိုင္းအၿပီး
ဥမင္လိုဏ္ေခါင္းထဲသို႔ဝင္တဲ့အခ်ိန္မွာ ေနမာနဲ႔စကားမ်ားခဲ့ပါတယ္။

ပထမပိုင္းၿပီးခ်ိန္ ဥမင္ထဲကို ဝင္တဲ့အခ်ိန္မွာ တြမ္မီေနးက ေနမာကို ေနာက္ကေန တြန္းထိုးခဲ့တာျဖစ္ၿပီး ေနမာကလည္း ေဒါသတႀကီးနဲ႔ ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။

အဲဒီမွာ လင္ဒီေလာ့ဖ္က ၾကားဝင္ၿပီး အေျခအေနပိုဆိုးမသြားေအာင္ ေနမာကို ေဖ်ာင္းဖ်မႈေတြ လုပ္ခဲ့တာ ေတြ႕ရပါတယ္။

ပထမပိုင္းမွာ သူတို႔ႏွစ္ေယာက္ရင္ဆိုင္ေတြ႕ၾကေတာ့ တြမ္မီေနးက ေနမာကို နင္းလိုက္တဲ့ပုံစံရွိေပမယ့္ အေႏွးျပကြက္အရေတာ့ အဲဒီမန္ယူအကယ္ဒမီထြက္ဟာ သူ႔ေျခေထာက္ကို ျပန္ရွာဖို႔ ႀကိဳးစားခဲ့႐ုံပါပဲ။

ပြဲၿပီးေတာ့ တြမ္မီေနးက ေနမာကို နာမည္တပ္မေျပာေပမယ့္ အဲဒီျပင္သစ္အသင္းရဲ႕ဟန္ေဆာင္ကစားမႈကို မေက်နပ္ေၾကာင္း ရွင္းရွင္းလင္းလင္းေျပာခဲ့ၿပီး ယူႏိုက္တက္အသင္းအေနနဲ႔ ပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ အပိုင္အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့လို႔အမွတ္မယူႏိုင္ခဲ့မႈကိုလည္း စိတ္ပ်က္မိေၾကာင္းလည္း ဆိုခဲ့ပါတယ္။

”သူတို႔ကစားသမားေတြရဲ႕တုံ႔ျပန္ခ်က္ကေတာ့ (ေခါင္းခါလ်က္)…..အဲဒီအေၾကာင္းနဲ႔ပတ္သက္လို႔ ဘာမွ မေျပာခ်င္ေတာ့ပါဘူး။ ကြင္းထဲကအဝါကဒ္နဲ႔ ဒိုင္ရဲ႕ဆုံးျဖတ္ခ်က္အေၾကာင္း ကိုေဝဖန္ေျပာဆိုရင္ ဒုကၡေရာက္သြားႏိုင္တာေၾကာင့္ ဒီအေၾကာင္းကို ထုတ္ေဖာ္သုံးသပ္ဖို႔ ဆႏၵမရွိပါဘူး။ ဒီပြဲကေန လိုအပ္တဲ့အမွတ္ေတြမရခဲ့ဘူးဆိုရင္ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ပ်က္ေဒါသထြက္သင့္တယ္လို႔ ပထမပိုင္းၿပီးကတည္းက အသင္းအဝတ္လဲခန္းမွာ ကြၽန္ေတာ္ေျပာခဲ့ပါတယ္”လို႔ တြမ္မီေနးက ဆိုခဲ့တာပါ။

“ပြဲက ဘယ္လို အေျခအေန ျဖစ္ေတာ့မယ္ဆိုတာ ႀကိဳသိေနတဲ့အတြက္ ခံစားရခက္လြန္းပါတယ္။ ေနမာရဲ႕ ဂိုးကို ခြင့္ျပဳခဲ့ရတာ ေတာ္ေတာ္ေလး ဆိုးၿပီး အဲ့ဒီဂိုးေနာက္ပိုင္း ကြၽန္ေတာ္တို႔ ကစားတဲ့ပုံစံက ေတာ္ေတာ္ေလး အာ႐ုံစိုက္ထားတဲ့ ပုံစံမ်ိဳးနဲ႔ ကစားႏိုင္ခဲ့ပါတယ္”

“သူတို႔သြင္းသြားတဲ့ ဂိုးက လူကြၽံေနတယ္ဆိုၿပီး ေျပာၾကာတာလည္း ၾကားပါတယ္။ ဒီကြင္းလယ္ဒိုင္ရဲ႕ ပြဲကို ခ်ဥ္းကပ္ပုံ၊ ဆုံးျဖတ္ခ်က္ေတြနဲ႔ ပြဲရဲ႕ ဟန္ခ်က္က ဘယ္မွာလဲလို႔ ကြၽန္ေတာ္တို႔ ေမးခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ အပတ္တိုင္း ကြင္းလယ္ဒိုင္ ဆုံးျဖတ္ခ်က္ အမွားေတြ ေတြ႕ေနရၿပီး အဲ့ဒါေတြကို ျပန္လည္ျပဳျပင္ၿပီး ေဘာလုံးေလာက ရွိသင့္တဲ့ ေနရာကို ျပန္ပို႔ ေပးသင့္တယ္လို႔ ထင္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။