ရုန်းကန်နေရတဲ့မန်ယူကိုဝယ်ဖို့ စိတ်မလျှော့သေးဘဲ တတိယအကြိမ် ကမ်းလှမ်းဦးမယ့်ဆော်ဒီအိမ်ရှေ့စံ

photo-sportbible

photo-gettyimages

ဆော်ဒီအိမ်ရှေ့စံမင်းသားဖြစ်တဲ့ မိုဟာမက်ဘင်ဆယ်လ်မန်ဟာ မန်ယူအသင်းကိုဝယ်ယူဖို့ လက်မလျှော့သေးဘဲ တတိယအကြိမ်ကမ်းလှမ်းမှုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ ဘင်ဆယ်လ်မန်ဟာ ပေါင် ၈၅၀ ဘီလီယံကြွယ်ဝသူဖြစ်ပြီး မန်ယူကိုဝယ်ဖို့ အရင်ကမ်းလှမ်းခဲ့တဲ့ ၂ ကြိမ်မှာ နောက်ဆုံးတစ်ကြိမ်က ပေါင် ၃ ဘီလီယံနဲ့ဖြစ်ပါတယ်။ များပြားလှတဲ့ငွေကြေးပမာဏဖြစ်ပေမယ့်လည်း ဂလေဇာမိသားစုက အဲဒီ ၂ ကြိမ်စလုံးကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။

photo-gettyimages

လက်ရှိပိုင်ရှင်တွေဖြစ်တဲ့ဂလေဇာမိသားစုဟာ ၂၀၀၅ ခုနှစ်ကတည်းက မန်ယူကို ပေါင်သန်း ၇၉၀ နဲ့ ဝယ်ယူထားတာ ဖြစ်ပါတယ်။ ဂလေဇာမိသားစုဟာ အခုချိန်ထိ မန်ယူကိုရောင်းချဖို့ ဆန္ဒမရှိဖြစ်နေဆဲပါ။ ဂလေဇာမိသားစုရဲ့မောင်နှမ ၆ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ပူးတွဲပိုင်ရှင်ကီဗင်ဂလေဇာကတော့ မကြာသေးခင်တုန်းက ပေါင်သန်း ၂၇၀ တန်ကြေးရှိတဲ့ သူ့မန်ယူရှယ်ယာ ၁၃ ရာခိုင်နှုန်းကို နယူးယော့ခ်စတော့အိတ်ချိန်းမှာ အရောင်းတင်ခဲ့ပါတယ်။ ဒါဟာ မန်ယူမှာ ရင်းနှီးမြှပ်နှံထားမှုကို သူမလုပ်ချင်တော့တဲ့ သဘောဖြစ်ပါတယ်။

photo-gettyimages

ဒါပေမဲ့လည်း သူ့ရဲ့ကျန်ရှိတဲ့ညီအစ်ကိုမောင်နှမတွေကတော့ မန်ယူမှာ ဆက်လက်ရင်းနှီးမြှပ်နှံထားချင်တဲ့ပုံပါပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့မတ်လမှာ အမြဲတမ်းနည်းပြအဖြစ် ဆိုးလ်ရှားပြောင်းလဲကိုင်တွယ်ပြီးကတည်းက မန်ယူရဲ့ရှယ်ယာဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၂၀ ကနေ ၁၆ ကိုကျဆင်းသွားပါတယ်။ ဒါ့အပြင် အမြဲတမ်းနည်းပြအဖြစ် ဆိုးလ်ရှားကို စခန့်တုန်းက မန်ယူအသင်းရဲ့တန်ကြေးဟာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံရှိပေမယ့် အခုတော့ ၂ ဘီလီယံကျော်သာ ရှိပါတော့တယ်။ နောက်ပြီး ဆိုးရွားတဲ့ရလဒ်ပိုင်းနဲ့ ချန်ပီယံလိဂ်မကစားရမှုတို့ကြောင့် မန်ယူဟာ နှစ်ပေါင်းမာျးစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဝင်ငွေလျော့ကျဖို့ ရှိပါတယ်။ ဒီလိုအနေအထားမှာတောင် ဆော်ဒီအိမ်ရှေ့စံက မန်ယူကိုဝယ်ဖို့အရေး လက်မလျှော့နိုင်ဖြစ်နေတာပါ။

[Zawgyi]

ရုန္းကန္ေနရတဲ့မန္ယူကို၀ယ္ဖုိ႔ စိတ္မေလွ်ာ့ေသးဘဲ တတိယအႀကိမ္ ကမ္းလွမး္ဦးမယ့္ေဆာ္ဒီအိမ္ေရွ႕စံ

ေဆာ္ဒီအိမ္ေရွ႕စံမင္းသားျဖစ္တဲ့ မုိဟာမက္ဘင္ဆယ္လ္မန္ဟာ မန္ယူအသင္းကုိ၀ယ္ယူဖို႔ လက္မေလွ်ာ့ေသးဘဲ တတိယအႀကိမ္ကမ္းလွမ္းမႈလုပ္ဖို႔ ျပင္ဆင္ေနတယ္လုိ႔ သတင္းေတြထြက္ေပၚလာပါတယ္။ ဘင္ဆယ္လ္မန္ဟာ ေပါင္ ၈၅၀ ဘီလီယံၾကြယ္၀သူျဖစ္ၿပီး မန္ယူကို၀ယ္ဖို႔ အရင္ကမ္းလွမ္းခဲ့တဲ့ ၂ ႀကိမ္မွာ ေနာက္ဆုံးတစ္ႀကိမ္က ေပါင္ ၃ ဘီလီယံနဲ႔ျဖစ္ပါတယ္။ မ်ားျပားလွတဲ့ေငြေၾကးပမာဏျဖစ္ေပမယ့္လည္း ဂေလဇာမိသားစုက အဲဒီ ၂ ႀကိမ္စလုံးကို ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။

လက္ရွိပိုင္ရွင္ေတြျဖစ္တဲ့ဂေလဇာမိသားစုဟာ ၂၀၀၅ ခုႏွစ္ကတည္းက မန္ယူကို ေပါင္သန္း ၇၉၀ နဲ႔ ၀ယ္ယူထားတာ ျဖစ္ပါတယ္။ ဂေလဇာမိသားစုဟာ အခုခ်ိန္ထိ မန္ယူကိုေရာင္းခ်ဖို႔ ဆႏၵမရွိျဖစ္ေနဆဲပါ။ ဂေလဇာမိသားစုရဲ႕ေမာင္ႏွမ ၆ ေယာက္ထဲက တစ္ေယာက္ျဖစ္တဲ့ ပူးတြဲပိုင္ရွင္ကီဗင္ဂေလဇာကေတာ့ မၾကာေသးခင္တုန္းက ေပါင္သန္း ၂၇၀ တန္ေၾကးရွိတဲ့ သူ႔မန္ယူရွယ္ယာ ၁၃ ရာခိုင္ႏႈန္းကို နယူးေယာ့ခ္စေတာ့အိတ္ခ်ိန္းမွာ အေရာင္းတင္ခဲ့ပါတယ္။ ဒါဟာ မန္ယူမွာ ရင္းႏွီးျမွပ္ႏွံထားမႈကို သူမလုပ္ခ်င္ေတာ့တဲ့ သေဘာျဖစ္ပါတယ္။

ဒါေပမဲ့လည္း သူ႔ရဲ႕က်န္ရွိတဲ့ညီအစ္ကိုေမာင္ႏွမေတြကေတာ့ မန္ယူမွာ ဆက္လက္ရင္းႏွီးျမွပ္ႏွံထားခ်င္တဲ့ပုံပါပဲ။ ဒါေပမဲ့ ၿပီးခဲ့တဲ့မတ္လမွာ အၿမဲတမ္းနည္းျပအျဖစ္ ဆုိးလ္ရွားေျပာင္းလဲကိုင္တြယ္ၿပီးကတည္းက မန္ယူရဲ႕ရွယ္ယာေစ်းႏႈန္းဟာ အေမရိကန္ေဒၚလာ ၂၀ ကေန ၁၆ ကိုက်ဆင္းသြားပါတယ္။ ဒါ့အျပင္ အၿမဲတမ္းနည္းျပအျဖစ္ ဆုိးလ္ရွားကို စခန္႔တုန္းက မန္ယူအသင္းရဲ႕တန္ေၾကးဟာ အေမရိကန္ေဒၚလာ ၃ ဘီလီယံရွိေပမယ့္ အခုေတာ့ ၂ ဘီလီယံေက်ာ္သာ ရွိပါေတာ့တယ္။ ေနာက္ၿပီး ဆုိးရြားတဲ့ရလဒ္ပိုင္းနဲ႔ ခ်န္ပီယံလိဂ္မကစားရမႈတို႔ေၾကာင့္ မန္ယူဟာ ႏွစ္ေပါင္းမာ်းစြာအတြင္း ပထမဆုံးအႀကိမ္အျဖစ္ ၀င္ေငြေလ်ာ့က်ဖို႔ ရွိပါတယ္။ ဒီလုိအေနအထားမွာေတာင္ ေဆာ္ဒီအိမ္ေရွ႕စံက မန္ယူကို၀ယ္ဖုိ႔အေရး လက္မေလွ်ာ႔ႏိုင္ျဖစ္ေနတာပါ။