ရီးရဲလ်အတွက် စိတ်ပျက်စေပြီး ပီအက်စ်ဂျီအတွက် အားတက်စေတဲ့ ဘတ်ပီရဲ့ စကား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘတ်ပီ နဲ့ ပီအက်စ်ဂျီ တို့ ရဲ့သတင်းတွေဟာအခုရက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာဖြစ်ပါတယ်။

ဘတ်ပီ နဲ့ ပီအက်စ်ဂျီ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုလာမယ့်ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် ပြင်သစ်ကလပ်က သူ့ကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ အတွက် ဆွဲဆောင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူး ဘတ်ပီက ပီအက်စ်ဂျီအသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား ရရှိရေးဟာ သူ့အတွက် အကြီးမားဆုံး မျှော်လင့်ချက်ဖြစ်ကြောင်း ပြောဆိုလိုက်တာကြောင့် ရီးရဲလ်မက်ဒရစ်အပါအဝင်သူ့ကိုခေါ်ယူလိုတဲ့ ကလပ်အသင်းများအတွက်ရင်ခံစရာ ဖြစ်စေပါတယ်။

ဘတ်ပီ က “ပီအက်စ်ဂျီ အသင်းနဲ့ အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့က ကျွန်တော့်ရဲ့အိပ်မက်ပါပဲ။

ဒါဟာ အလွန်ကောင်းမွန်ပါတယ်”လို့ ပီအက်စ်ဂျီ မဂ္ဂဇင်းနဲ့ အင်တာဗျူးပြုလုပ်ရာမှာ ပြောဆိုထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတွင် ပီအက်စ်ဂျီဟာ လီဂူးဝမ်း၌ လေလီ၏နောက် ဒုတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့သလို ချန်ပီယံလိဂ်တွင်လည်း ဆီမီးဖိုင်နယ်ကနေ ထွက်ခဲ့ရပါတယ်။

ဘတ်ပီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၄၇ ပွဲကစားပြီး ၄၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ယခုအခါ အမ်ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနှင့် လေ့ကျင့်ခန်း ပြန်ဆင်းနေပါပြီ။

ပီအက်စ်ဂျီ အသင်းဟာ ဘတ်ပီ ကို မိုနာကို အသင်းကနေ ခေါ်ယူခဲ့တုန်းက ပြောင်းရွှေ့ကြေးအများအပြားပေးခဲ့ရတဲ့ အတွက် အလွတ်နဲ့ လက်လွှတ်ဆုံးရှုံးမှာကို လက်ခံနိုင်ဖွယ်မရှိလောက်ပါဘူး။

ဒါကြောင့် ပီအက်စ်ဂျီ အသင်းကတော့ ဘတ်ပီ ကို စာချုပ်သစ်ချုပ်ဆိုဖို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြိုးစားဖွယ် ရှိနေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရီးရဲလ္အတြက္ စိတ္ပ်က္ေစၿပီး ပီအက္စ္ဂ်ီအတြက္ အားတက္ေစတဲ့ ဘတ္ပီရဲ႕ စကား

ဘတ္ပီ နဲ႔ ပီအက္စ္ဂ်ီ တို႔ ရဲ႕သတင္းေတြဟာအခုရက္ပိုင္း က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚေနတာျဖစ္ပါတယ္။ဘတ္ပီ နဲ႔ ပီအက္စ္ဂ်ီ အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ အခုလာမယ့္ရာသီအကုန္မွာ ကုန္ဆုံးမွာျဖစ္တာေၾကာင့္ ျပင္သစ္ကလပ္က သူ႔ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔ အတြက္ ဆြဲေဆာင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

ျပင္သစ္တိုက္စစ္မႉး ဘတ္ပီက ပီအက္စ္ဂ်ီအသင္းႏွင့္အတူ ခ်န္ပီယံလိဂ္ဖလား ရရွိေရးဟာ သူ႔အတြက္ အႀကီးမားဆုံး ေမွ်ာ္လင့္ခ်က္ျဖစ္ေၾကာင္း ေျပာဆိုလိုက္တာေၾကာင့္ ရီးရဲလ္မက္ဒရစ္အပါအဝင္သူ႔ကိုေခၚယူလိုတဲ့ ကလပ္အသင္းမ်ားအတြက္ရင္ခံစရာ ျဖစ္ေစပါတယ္။

ဘတ္ပီ က “ပီအက္စ္ဂ်ီ အသင္းနဲ႔ အတူ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔က ကြၽန္ေတာ့္ရဲ႕အိပ္မက္ပါပဲ။ ဒါဟာ အလြန္ေကာင္းမြန္ပါတယ္”လို႔ ပီအက္စ္ဂ်ီ မဂၢဇင္းနဲ႔ အင္တာဗ်ဴးျပဳလုပ္ရာမွာ ေျပာဆိုထားတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီတြင္ ပီအက္စ္ဂ်ီဟာ လီဂူးဝမ္း၌ ေလလီ၏ေနာက္ ဒုတိယေနရာတြင္သာ ရပ္တည္ႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္တြင္လည္း ဆီမီးဖိုင္နယ္ကေန ထြက္ခဲ့ရပါတယ္။ ဘတ္ပီဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီတြင္ ၿပိဳင္ပြဲစုံ ၄၇ ပြဲကစားၿပီး ၄၂ ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။ ယခုအခါ အမ္ဘတ္ပီဟာ ပီအက္စ္ဂ်ီအသင္းႏွင့္ ေလ့က်င့္ခန္း ျပန္ဆင္းေနပါၿပီ။

ပီအက္စ္ဂ်ီ အသင္းဟာ ဘတ္ပီ ကို မိုနာကို အသင္းကေန ေခၚယူခဲ့တုန္းက ေျပာင္းေ႐ႊ႕ေၾကးအမ်ားအျပားေပးခဲ့ရတဲ့ အတြက္ အလြတ္နဲ႔ လက္လႊတ္ဆုံးရႈံးမွာကို လက္ခံႏိုင္ဖြယ္မရွိ​ေလာက္ပါဘူး။ဒါ​ေၾကာင့္ ပီအက္စ္ဂ်ီ အသင္းကေတာ့ ဘတ္ပီ ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ မျဖစ္ျဖစ္တဲ့နည္းနဲ႔ ႀကိဳးစားဖြယ္ ရွိေနတာျဖစ္ပါတယ္။