ရီးရဲလ်အတွက် ချန်ပီယံလိဂ်ဂိုး ၅၀ ပြည့်ခဲ့ပေမယ့် သူဟာ ဂန္ထဝင်မဟုတ်ပါဘူးလို့ နှိမ့်ချလိုက်တဲ့ဘင်ဇီမာ

 

photo-gettyimages

photo-gettyimages

တိုက်စစ်မှုးဘင်ဇီမာဟာ  ချန်ပီယံလိဂ်မှာ ရီးရဲလ်အတွက် သူ့ရဲ့ဂိုး ၅၀ ပြည့် သမိုင်းမှတ်တိုင်ကိုစိုက်ထူနိုင်ခဲ့ပေမယ့် သူဟာ ဂန္ထဝင်မဟုတ်တဲ့အကြောင်း နှိမ့်ချပြောဆိုလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ် အဲဒီပြင်သစ်သားဟာ ဂါလာတာစာရေးကို ၆-၀ နဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ၂ ဂိုးသွင်းနိုင်ခဲ့လို့ ရီးရဲလ်အတွက် ချန်ပီယံလိဂ်ဂိုး ၅၀ ပြည့်သွားခဲ့တာပါ။ ဘင်ဇီမာဟာ ရီးရဲလ်တိုက်စစ်မှာ မကြာခဏဝေဖန်ခံခဲ့ရပေမယ့်လည်း အသင်းသမိုင်းမှာ သူ့ထက် ချန်ပီယံလိဂ်သွင်းဂိုးများတာဆိုလို့ ၁၀၅ ဂိုးသွင်းထားတဲ့စီရော်နယ်ဒိုနဲ့ ၆၆ ဂိုးသွင်းထားတဲ့ရာအူးလ်တို့သာ ရှိပါတော့တယ်။

photo-gettyimages

ဘင်ဇီမာအနေနဲ့ ၄၉ ဂိုးသွင်းထားတဲ့ အသင်းဂန္ထဝင်ဒီစတီဖာနိုကိုကျော်တက်နိုင်ခဲ့တာဖြစ်ပေမယ့် ဒီစတီဖာနိုနဲ့တစ်တန်းတည်းထားပြောရလောက်အောင် မဟုတ်ဘူးလို့ ဆိုခဲ့တာပါ။ ”ကျွန်တော်က ဂန္ထဝင်မဟုတ်ပါဘူး။ ဒီအသင်းကို စရောက်လာတုန်းက အခုလောက်ထိလုပ်နိုင်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ပါဘူး။ ကျွန်တော်အရမ်းပျော်ပါတယ်။ အသင်းကိုကူညီပေးနိုင်ဖို့ ကြိုစားမှာဖြစ်ပြီး ကျွန်တော့်ကိုယ်ကျွန်တော်လည်း အကောင်းဆုံးဖြစ်အောင် လုပ်မှာပါ။ ကျွန်တော်ဆက်လက်ကူညီပေးချင်ပါတယ်။  အသင်းဖော်တွေကို ကူညီပေးနိုင်တယ်ဆိုရင် အဲဒါဟာ ဒီအသင်းက ကျွန်တော့်ရဲ့အတွေ့အကြုံကြောင့်ပါပဲ”လို့ ဘင်ဇီမာက ပြောခဲ့တာပါ။

photo-gettyimages

ဘင်ဇီမာဟာ ၂၀၀၉ ကတည်းက လိုင်ယွန်ကနေ ရီးရဲလ်ကိုရောက်ရှိနေတာဖြစ်လို့  မက်ဒရစ်မြေက သူ့ရဲ့ကစားသမားဘဝဟာ ဆယ်စုနှစ်တစ်ခုကျော်နေပါပြီ။ အဲဒီကာလအတွင်း သူဟာ ရီးရဲလ်အတွက် ပြိုင်ပွဲအရပ်ရပ်မှာ ၄၇၉ ဂိုးသွင်းယူပေးထားပါတယ်။

[Zawgyi]

ရီးရဲလ္အတြက္ ခ်န္ပီယံလိဂ္ဂိုး ၅၀ ျပည့္ခဲ့ေပမယ့္ သူဟာ ဂႏၳ၀င္မဟုတ္ပါဘူးလုိ႔ ႏွိမ့္ခ်လိုက္တဲ့ဘင္ဇီမာ

တိုက္စစ္မႈးဘင္ဇီမာဟာ  ခ်န္ပီယံလိဂ္မွာ ရီးရဲလ္အတြက္ သူ႔ရဲ႕ဂိုး ၅၀ ျပည့္ သမိုင္းမွတ္တုိင္ကုိစိုက္ထူႏိုင္ခဲ့ေပမယ့္ သူဟာ ဂႏၳ၀င္မဟုတ္တဲဲ့အေၾကာင္း ႏွိမ့္ခ်ေျပာဆုိလိုက္ပါတယ္။ အသက္ ၃၁ ႏွစ္အရြယ္ အဲဒီျပင္သစ္သားဟာ ဂါလာတာစာေရးကို ၆-၀ နဲ႔အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၂ ဂိုးသြင္းႏိုင္ခဲ့လုိ႔ ရီးရဲလ္အတြက္ ခ်န္ပီယံလိဂ္ဂိုး ၅၀ ျပည့္သြားခဲ့တာပါ။ ဘင္ဇီမာဟာ ရီးရဲလ္တုိက္စစ္မွာ မၾကာခဏေ၀ဖန္ခံခဲ့ရေပမယ့္လည္း အသင္းသမိုင္းမွာ သူ႔ထက္ ခ်န္ပီယံလိဂ္သြင္းဂိုးမ်ားတာဆုိလုိ႔ ၁၀၅ ဂိုးသြင္းထားတဲ့စီေရာ္နယ္ဒိုနဲ႔ ၆၆ ဂိုးသြင္းထားတဲ့ရာအူးလ္တုိ႔သာ ရွိပါေတာ့တယ္။

ဘင္ဇီမာအေနနဲ႔ ၄၉ ဂိုးသြင္းထားတဲ့ အသငး္ဂႏၳ၀င္ဒီစတီဖာႏိုကိုေက်ာ္တက္ႏိုင္ခဲ့တာျဖစ္ေပမယ့္ ဒီစတီဖာႏိုနဲ႔တစ္တန္းတည္းထားေျပာရေလာက္ေအာင္ မဟုတ္ဘူးလုိ႔ ဆုိခဲ့တာပါ။ ”ကၽြန္ေတာ္က ဂႏၳ၀င္မဟုတ္ပါဘူး။ ဒီအသင္းကို စေရာက္လာတုန္းက အခုေလာက္ထိလုပ္ႏိုုင္မယ္လို႔ တစ္ခါမွ မေတြးမိခဲ့ပါဘူး။ ကၽြန္ေတာ္အရမ္းေပ်ာ္ပါတယ္။ အသင္းကိုကူညီေပးႏုိင္ဖို႔ ႀကိဳစားမွာျဖစ္ၿပီး ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္လညး္ အေကာင္းဆုံးျဖစ္ေအာင္ လုပ္မွာပါ။ ကၽြန္ေတာ္ဆက္လက္ကူညီေပးခ်င္ပါတယ္။  အသင္းေဖာ္ေတြကို ကူညီေပးႏိုင္တယ္ဆုိရင္ အဲဒါဟာ ဒီအသင္းက ကၽြန္ေတာ့္ရဲ႕အေတြ႕အႀကဳံေၾကာင့္ပါပဲ”လို႔ ဘင္ဇီမာက ေျပာခဲ့တာပါ။

ဘင္ဇီမာဟာ ၂၀၀၉ ကတည္းက လိုင္ယြန္ကေန ရီးရဲလ္ကိုေရာက္ရွိေနတာျဖစ္လို႔  မက္ဒရစ္ေျမက သူ႔ရဲ႕ကစားသမားဘ၀ဟာ ဆယ္စုႏွစ္တစ္ခုေက်ာ္ေနပါၿပီ။ အဲဒီကာလအတြင္း သူဟာ ရီးရဲလ္အတြက္ ၿပိဳင္ပြဲအရပ္ရပ္မွာ ၄၇၉ ဂိုးသြင္းယူေပးထားပါတယ္။