ရီးရဲလ်မှာ နေရာမရဖြစ်နေတဲ့ နောက်ခံလူအိုဒရီယိုဇိုလာကို ဘိုင်ယန်အငှားခေါ်

photo-gettyimages

photo-gettyimages

ဘိုင်ယန်မြူးနစ်အသင်းဟာ ရီးရဲလ်မက်ဒရစ်နောက်ခံလူအိုဒရီယိုဇိုလာကို ရာသီကုန်ချိန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ် အဲဒီစပိန်ညာနောက်ခံလူဟာ ဒီရာသီ ရီးရဲလ်မှာ ပုံမှန်နေရာမရဖြစ်နေပြီး နည်းပြဇီဒန်းဟာ တစ်ရာသီလုံးမှာ အခုချိန်ထိ သူ့ကို ၅ ပွဲသာ အသုံးပြုသေးတာပါ။ ရီးရဲလ်အတွက် အိုဒရီယိုဇိုလာ နောက်ဆုံးကစားခဲ့တာက ပြီးခဲ့တဲ့ဒီဇင်ဘာလ ဘရုဂျက်နဲ့ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ဖြစ်ပါတယ်။

photo-gettyimages

သူဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၁၉ က တန်းတက်မာယော့ကာနဲ့ပွဲစဉ်နောက်ပိုင်းကတည်းက လာလီဂါမှာ ပါဝင်ကစားရခြင်း မရှိတော့ပါဘူး။ အိုဒရီယိုဇိုလာဟာ ၂၀၁၈ ဇန်နဝါရီက ဆိုစီဒက်ကနေ ပြောင်းရွှေ့ကြေးယူရို သန်း ၄၀ နဲ့ ရီးရဲလ်ကို ရောက်ရှိလာခဲ့ကာ ကာဗာဂျယ်နေရာ ရေရှည်အစားထိုးသူအဖြစ် ရှုမြင်ခြင်းခံခဲ့ရတာပါ။ ဒါ့အပြင် ရီးရဲလ်က သူ့ရဲ့ပထမဆုံးရာသီဖြစ်တဲ့ ပြီးခဲ့တဲ့ရာသီမှာ ၂၂ ပွဲပါဝင်ကစားခွင့်ရခဲ့ပြီး ၁ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

photo-gettyimages

ဒါပေမဲ့ ဒီရာသီမှာတော့ အခြေအနေတွေဟာ သူ့အတွက် မဟုတ်ခဲ့ပါဘူး။ ရီးရဲလ်ဟာ သူ့အတွက် ဆီဗီလာနဲ့ဘီလ်ဘာအိုတို့ကနေ အငှားကမ်းလှမ်းမှုရခဲ့ပေမယ့် နောက်ဆုံးမှာ ဘိုင်ယန်ကိုသာ အငှားချခဲ့တာပါ။ ဒါကြောင့်လည်း အိုဒရီယိုဇိုလာဟာ ဒီဇန်နဝါရီဈေးကွက်မှာ ဘိုင်ယန်ကိုရောက်လာတဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။

[Zawgyi]

ရီးရဲလ္မွာ ေနရာမရျဖစ္ေနတဲ့ ေနာက္ခံလူအိုဒရီယိုဇုိလာကို ဘုိင္ယန္အငွားေခၚ

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူအိုဒရီယိုဇုိလာကို ရာသီကုန္ခ်ိန္အထိ အငွားစာခ်ဳပ္နဲ႔ ေခၚယူလိုက္ပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ အဲဒီစပိန္ညာေနာက္ခံလူဟာ ဒီရာသီ ရီးရဲလ္မွာ ပုံမွန္ေနရာမရျဖစ္ေနၿပီး နည္းျပဇီဒန္းဟာ တစ္ရာသီလုံးမွာ အခုခ်ိန္ထိ သူ႔ကို ၅ ပြဲသာ အသုံးျပဳေသးတာပါ။ ရီးရဲလ္အတြက္ အိုဒရီယိုဇိုလာ ေနာက္ဆုံးကစားခဲ့တာက ၿပီးခဲ့တဲ့ဒီဇင္ဘာလ ဘရုဂ်က္နဲ႔ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ ျဖစ္ပါတယ္။

သူဟာ ၿပီးခဲ့တဲ့ေအာက္တုိဘာ ၁၉ က တန္းတက္မာေယာ့ကာနဲ႔ပြဲစဥ္ေနာက္ပိုင္းကတည္းက လာလီဂါမွာ ပါ၀င္ကစားရျခင္း မရွိေတာ့ပါဘူး။ အုိဒရီယိုဇိုလာဟာ ၂၀၁၈ ဇန္န၀ါရီက ဆိုစီဒက္ကေန ေျပာင္းေရႊ႕ေၾကးယူရို သန္း ၄၀ နဲ႔ ရီးရဲလ္ကို ေရာက္ရွိလာခဲ့ကာ ကာဗာဂ်ယ္ေနရာ ေရရွည္အစားထုိးသူအျဖစ္ ရႈျမင္ျခင္းခံခဲ့ရတာပါ။ ဒါ့အျပင္ ရီးရဲလ္က သူ႔ရဲ႕ပထမဆုံးရာသီျဖစ္တဲ့ ၿပီးခဲ့တဲ့ရာသီမွာ ၂၂ ပြဲပါ၀င္ကစားခြင့္ရခဲ့ၿပီး ၁ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ ဒီရာသီမွာေတာ့ အေျခအေနေတြဟာ သူ႔အတြက္ မဟုတ္ခဲ့ပါဘူး။ ရီးရဲလ္ဟာ သူ႔အတြက္ ဆီဗီလာနဲ႔ဘီလ္ဘာအိုတို႔ကေန အငွားကမ္းလွမ္းမႈရခဲ့ေပမယ့္ ေနာက္ဆုံးမွာ ဘိုင္ယန္ကိုသာ အငွားခ်ခဲ့တာပါ။ ဒါေၾကာင့္လည္း အုိဒရီယုိဇုိလာဟာ ဒီဇန္န၀ါရီေစ်းကြက္မွာ ဘိုင္ယန္ကိုေရာက္လာတဲ့ ပထမဆုံးကစားသမားျဖစ္လာပါတယ္။