
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အသင်းကို စရောက်ကတည်းက ကစားရတာနည်းနည်း ဆေးကုပြီး နားနေရတာ များများ ဖြစ်နေခဲ့တဲ့ ဟာဇတ်က နွေရာသီအပြောင်းအရွှေ့မှာ ရီးရဲလ်အသင်းကနေ ပြန်လည်ထွက်ခွာချင်နေပြီး အသင်းဟောင်း ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဟာဇတ်ဟာ ၂၀၁၉ခုနှစ်တုန်းက ချဲလ်ဆီးအသင်းကနေ ရီးရဲလ်အသင်းကို ပေါင်သန်း ၁၃၀ နဲ့ ပြောင်းရွှေ့လာခဲ့ဝာာဖြစ်ပြီး အင်္ဂလန်မြေမှာ ပြသခဲ့တဲ့ ခြေစွမ်းနဲ့ ပြောင်းရွှေ့ကြေးကြောင့် ပရီသတ်တွေက သူ့ကို မျှော်လင့်ထားကြပေမယ့် ဒဏ်ရာပြသနာတွေ နှိပ်စက်တာကြောင့် အကောင်းဆုံးပုံစံပြသဖို့ ရုန်းကန်ခဲ့ရပါတယ်။
ဒီရာသီမှာ ဟာဇတ်ဟာ ရီးရဲလ်အသင်းအတွက် လာလီဂါ အမှတ်ပေးပွဲစဉ် ၁၀ပွဲ နဲ့ ချန်ပီယံလိဂ် ၃ပွဲ သာ ပါဝင်ကစားခဲ့ရတာပါ။
ရီးရဲလ်အသင်းက ချဲလ်ဆီးအသင်းကို ချန်ပီယံလိဂ်မှာ အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတဲ့ ပွဲစဉ်အပြီးမှာ ချဲလ်ဆီး အသင်းဖော်ဟောင်း ဇူးမား နဲ့
ရယ်မော နောက်ပြောငစကားပြောနေတာကို ရုပ်သံကင်မရာတွေမှာ ပါခဲ့တာကြောင့် ရီးရဲလ်ပရိသတ်တွေ ဒေါသထွက်ခဲ့ပြီး သူ့ရဲ့ အပြုအမူကြောင့် အသင်းက ရောင်းထုတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
စပိန်တီဗီ သတင်းဌာန တစ်ခုရဲ့ဖော်ပြချက်မှာတော့ ဟာဇတ် ဟာ အခု နွေရာသီမှာ ရီးရဲလ် ကနေထွက်ခွာပြီး ချဲလ်ဆီး အသင်းကို ပြန်ချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဟာဇတ်ဟာ ချဲလ်ဆီးအသင်းမှာ ၇ရာသီ ကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဆုဖလားတွေကို ရယူထားနိုင်ခဲ့ပါတယ်။
ရီးရဲလ်အသင်းကလည်း ဟာဇတ် ရဲ့ ခြေစွမ်းနဲ့ ကြံ့ခိုင်မှုအခြေအနေကို စိတ်ပျက်နေတာကြောင့် ရောင်းချချင်နေပြီး သူ့ကို ခေါ်ယူမယ့် ကမ်းလှမ်းမှုတွေကို နားစွင့်နေတယ်လို့ Sky Sports က ဖော်ပြထားပါတယ်။
ရီးရဲလ်အနေနဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပိုပြီးကောင်းမွန်အောင် ပြုလုပ်ဖို့အတွက် အမ်ဘတ်ပီ၊ ဟာလန်း တို့၂ယောက်ထဲက တစ်ဦးဦးကို ခေါ်ယူဖို့ ဟာဇတ် ကို ရောင်းချပြီး ငွေကြေးရှာဖွေဖို့ ရှိနေပါတယ်။
ဟာဇတ် ဟာ ရီးရဲလ်အသင်းမှာ ကစားခဲ့တဲ့ ၂ရာသီအတွင်းမှာ ပွဲပေါင်း ၄၃ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး ၅ ဂိုးသာ သွင်းယူနိုင်ထားခဲ့ပြီး ဗီလာရီးရယ်လ်နဲ့ ကစားခဲ့တဲ့ လာလီဂါ နောက်ဆုံးပွဲစဉ်မှာလည်း အသင်းလူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။
ဒါပေမယ့် ယူရိုပြိုင်ပွဲဝင် ဘယ်ဂျီယံအသင်း လူစာရင်းမှာတော့ နည်းပြက ဟာဇက်ကိုထည့်သွင်း ရွေးချယ်ထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ရီးရဲလ်မှာ တစ်ချိန်လုံး ဒဏ်ရာရတာများနေတဲ့ ဟာဇက်က ချဲလ်ဆီး ပြန်ပြေးဖို့ ပြင်နေ