ရီးရဲလ်မှာ ကျွန်တော်ကံမကောင်းခဲ့ပါဘူး – လူကာဂျိုဗစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကစားသမားတစ်ယောက် ခြေစွမ်းဘယ်လောက်ရှိရှိ အဲဒီအသင်းနဲ့ ကံမစပ်ဘူးဆိုရင် အောင်မြင်ချင်မှအောင်မြင်ပါလိမ့်မယ်။ အသင်းပြောင်းမှ အောင်မြင်တဲ့ ကစားသမားတချို့ရှိပါတယ်။ ဆားဘီးယားတိုက်စစ်မှူး ဂျိုဗစ်ကတော့ သူ့အနေနဲ့ ရီးရဲလ်အသင်းမှာ ကံဆိုးခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

လူကာဂျိုဗစ်ဟာ ရီးရဲလ်မက်ထရစ်မှာ ဘောလုံးရာသီ တစ်ရာသီနဲ့ ရာသီဝက် ကစားခဲ့ပေမယ့် သွင်းဂိုး ၂ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။အသက် (၂၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိုဗစ်ဟာ ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလမှာ ဖရန့်ဖတ်အသင်းကနေ ရီးရဲလ်အသင်းဆီကို ယူရိုသန်း (၆၀) နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့် ဂျိုဗစ်တစ်ယောက် ရီးရဲလ်အသင်းမှာ ရုန်းကန်ခဲ့ရပြီး ခက်ခဲတဲ့ အနေအထားတွေနဲ့သာရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် ရီးရဲလ်အသင်းဟာ ဂျိုဗစ်ကို အသင်းဟောင်း ဖရန့်ဖတ်ဆီကိုအခုရာသီကုန်အထိ အငှားပြန်ချခဲ့ပါတယ်။ ဂျိုဗစ်တစ်ယောက် အသင်းဟောင်းဆီ ပြန်ရောက်ချိန်မှာတော့ ကံကောင်းနေပါတယ်။

ဆားဘီးယားလက်ရွေးစင်တိုက်စစ်မှူးဟာ ဖရန့်ဖတ်အတွက် ဒုတိယအကြိမ် ကစားသမားဘဝမှာ အကောင်းဆုံးခြေစွမ်းပြသနေသလို သုံးပွဲကစားပေးထားပြီး ၃ဂိုးသွင်းယူပေးထားပါတယ်။ ဂျိုဗစ်ဟာအဲဒီ (၃)ပွဲတွင် ပွဲချိန် (၇၆)မိနစ်သာ ကစားခဲ့ရပေမယ့် (၃)ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။

“ကျွန်တော် ရီးရဲလ်မက်ထရစ်မှာ ကံမကောင်းခဲ့ပါဘူး။ ဒဏ်ရာတွေက ကျွန်တော့်အတွက် နစ်နာစရာဖြစ်ခဲ့ပါတယ်။ ဖရန့်ဖတ်အသင်းကို ပြန်လာရတဲ့အတွက် ကျွန်တော် ပျော်ပါတယ်။ ကျွန်တော် ဒီအသင်းမှာ အရမ်းကိုသက်သောင့်သက်သာ ဖြစ်ပါတယ်။ သူတို့ကကျွန်တော့်ကို ဒီမှာ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပါတယ်”

“ဒါပေမယ့် ရီးရဲလ်မက်ထရစ်မှာ ကျွန်တော့်အနေနဲ့ နေ့တိုင်းလိုလို ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေနဲ့ လေ့ကျင့်ခွင့်ရခဲ့ပါတယ်။ အဲဒါကလည်း ကောင်းတဲ့ အတွေ့အကြုံပါပဲ။ ရီးရဲလ်မှာ (၂)ဂိုးသာ သွင်းနိုင်ခဲ့ပေမယ့် အခုဆို ဖရန့်ဖတ်မှာ (၃)ဂိုး သွင်းယူထားနိုင်ပါပြီ” ဆိုပြီး ဂျိုဗစ်ကပြောပါတယ်။ ရီးရဲလ်နည်းပြ ဇီဒန်းကတော့ ဂျိုဗစ်ဟာ အသင်းရဲ့အနာဂတ်အစီအစဉ်မှာ ပါဝင်နေဆဲဖြစ်ကြောင်းပြောထားပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရီးရဲလ္မွာ ကြၽန္ေတာ္ကံမေကာင္းခဲ့ပါဘူး – လူကာဂ်ိဳဗစ္

ကစားသမားတစ္ေယာက္ ေျခစြမ္းဘယ္ေလာက္ရွိရွိ အဲဒီအသင္းနဲ႔ ကံမစပ္ဘူးဆိုရင္ ေအာင္ျမင္ခ်င္မွေအာင္ျမင္ပါလိမ့္မယ္။ အသင္းေျပာင္းမွ ေအာင္ျမင္တဲ့ ကစားသမားတခ်ိဳ႕ရွိပါတယ္။ ဆားဘီးယားတိုက္စစ္မႉး ဂ်ိဳဗစ္ကေတာ့ သူ႔အေနနဲ႔ ရီးရဲလ္အသင္းမွာ ကံဆိုးခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလာခဲ့ပါတယ္။ လူကာဂ်ိဳဗစ္ဟာ ရီးရဲလ္မက္ထရစ္မွာ ေဘာလုံးရာသီ တစ္ရာသီနဲ႔ ရာသီဝက္ ကစားခဲ့ေပမယ့္ သြင္းဂိုး ၂ဂိုးသာ သြင္းယူေပးႏိုင္ခဲ့ပါတယ္။အသက္ (၂၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဂ်ိဳဗစ္ဟာ ၂၀၁၉ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ဖရန႔္ဖတ္အသင္းကေန ရီးရဲလ္အသင္းဆီကို ယူ႐ိုသန္း (၆၀) နဲ႔ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ဒါေပမယ့္ ဂ်ိဳဗစ္တစ္ေယာက္ ရီးရဲလ္အသင္းမွာ ႐ုန္းကန္ခဲ့ရၿပီး ခက္ခဲတဲ့ အေနအထားေတြနဲ႔သာရင္ဆိုင္ခဲ့ရပါတယ္။ ဒါေၾကာင့္ ရီးရဲလ္အသင္းဟာ ဂ်ိဳဗစ္ကို အသင္းေဟာင္း ဖရန႔္ဖတ္ဆီကိုအခုရာသီကုန္အထိ အငွားျပန္ခ်ခဲ့ပါတယ္။ ဂ်ိဳဗစ္တစ္ေယာက္ အသင္းေဟာင္းဆီ ျပန္ေရာက္ခ်ိန္မွာေတာ့ ကံေကာင္းေနပါတယ္။ ဆားဘီးယားလက္ေ႐ြးစင္တိုက္စစ္မႉးဟာ ဖရန႔္ဖတ္အတြက္ ဒုတိယအႀကိမ္ ကစားသမားဘဝမွာ အေကာင္းဆုံးေျခစြမ္းျပသေနသလို သုံးပြဲကစားေပးထားၿပီး ၃ဂိုးသြင္းယူေပးထားပါတယ္။ ဂ်ိဳဗစ္ဟာအဲဒီ (၃)ပြဲတြင္ ပြဲခ်ိန္ (၇၆)မိနစ္သာ ကစားခဲ့ရေပမယ့္ (၃)ဂိုးအထိ သြင္းယူႏိုင္ခဲ့တာပါ။

“ကြၽန္ေတာ္ ရီးရဲလ္မက္ထရစ္မွာ ကံမေကာင္းခဲ့ပါဘူး။ ဒဏ္ရာေတြက ကြၽန္ေတာ့္အတြက္ နစ္နာစရာျဖစ္ခဲ့ပါတယ္။ ဖရန႔္ဖတ္အသင္းကို ျပန္လာရတဲ့အတြက္ ကြၽန္ေတာ္ ေပ်ာ္ပါတယ္။ ကြၽန္ေတာ္ ဒီအသင္းမွာ အရမ္းကိုသက္ေသာင့္သက္သာ ျဖစ္ပါတယ္။ သူတို႔ကကြၽန္ေတာ့္ကို ဒီမွာ ေႏြးေႏြးေထြးေထြး ႀကိဳဆိုခဲ့ပါတယ္” “ဒါ​ေပမယ့္ ရီးရဲလ္မက္ထရစ္မွာ ကြၽန္​ေတာ့္အ​ေနနဲ႔ ေန႔တိုင္းလိုလို ကမာၻေပၚက အေကာင္းဆုံးကစားသမားေတြနဲ႔ ေလ့က်င့္ခြင့္ရခဲ့ပါတယ္။ အဲဒါကလည္း ​ေကာင္းတဲ့ အေတြ႕အႀကဳံပါပဲ။ ရီးရဲလ္မွာ (၂)ဂိုးသာ သြင္းႏိုင္ခဲ့ေပမယ့္ အခုဆို ဖရန႔္ဖတ္မွာ (၃)ဂိုး သြင္းယူထားႏိုင္ပါၿပီ” ဆိုၿပီး ဂ်ိဳဗစ္က​ေျပာပါတယ္။ ရီးရဲလ္နည္းျပ ဇီဒန္းက​ေတာ့ ဂ်ိဳဗစ္ဟာ အသင္းရဲ႕အနာဂတ္အစီအစဥ္မွာ ပါဝင္ေနဆဲျဖစ္ေၾကာင္း​ေျပာထားပါ​ေသးတယ္။