ရီးရဲလ်မှာတုန်းက စီရော်နယ်ဒိုငိုလုနီးပါးဖြစ်အောင် မော်ရင်ဟိုလုပ်ခဲ့ကြောင်း မိုဒရစ်ဖွင့်ဟ

photo-gettyimages

photo-gettyimages

ရီးရဲလ်မက်ဒရစ်မှာရှိခဲ့စဉ်တုန်းက စီရော်နယ်ဒိုငိုလုနီးပါးဖြစ်အောင် မော်ရင်ဟိုဘယ်လိုလုပ်ခဲ့တယ်ဆိုတာကို ကွင်းလယ်လူမိုဒရစ်က ဖွင့်ဟလိုက်ပါတယ်။ တစ်နိုင်ငံတည်းသားချင်း နာမည်ကျော်တွေဖြစ်ကြပေမယ့် ဘာနေဗျူးမှာတုန်းက စီရော်နယ်ဒိုနဲ့ မော်ရင်ဟိုတို့ကြားက ဆက်ဆံရေးဟာ ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါဘူး။ အခြေအနေတစ်ခုမှာတော့ အဆိုးရွားဆုံးအနေအထားထိရောက်သွားခဲ့တာကို မိုဒရစ်က My Game လို့နာမည်ပေးထားတဲ့ သူ့ရဲ့အထ္ထုပ္ပတ္တိစာအုပ်မှာ ပြန်ပြောင်းပြောပြထားတာပါ။

photo-gettyimages

ခရိုအေးရှားကွင်းလယ်လူမိုဒရစ်ဟာ ၂၀၁၂ က မော်ရင်ဟိုရဲ့ခေါ်ယူမှုနဲ့ စပါးကနေ ရီးရဲလ်ကို ရောက်လာသူဖြစ်ပါတယ်။ စီရော်နယ်ဒိုငိုလုနီးပါးဖြစ်သွားတဲ့ မော်ရင်ဟိုနဲ့အဖြစ်အပျက်ကတော့ ၂၀၁၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တာပါ။ လက်ပစ်ဘောတစ်ခုကို အကြောင်းပြုပြီး သူတို့နှစ်ယောက်ကြားပြသနာတက်ခဲ့တာဖြစ်ပြီး အသင်းဖော်တွေကြားဝင်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

photo-the sun

”မော်ရင်ဟိုရဲ့တုံံ့ပြန်ချက်ကို ကျွန်တော်အံ့အားသင့်မိပါတယ်။ ကျွန်တော်တို့ဟာ စပိန်ဘုရင့်ဖလားမှာ ၂-၀ ဂိုးနဲ့အနိုင်ရနေတာပါ။ လက်ပစ်ဘောတစ်ခုမှာ ပြိုင်ဘက်ကို စီရော်နယ်ဒိုက လိုက်မကပ်ခဲ့တာနဲ့ပတ်သက်လို့ မော်ရင်ဟိုက ဒေါသထွက်ခဲ့ပါတယ်။ ကွင်းထဲမှာ သူတို့နှစ်ယောက် အတော်ကြီးကြာအောင် အချေအတင်ဖြစ်ခဲ့တာပါ။ ပထမပိုင်းပြီးချိန် အဝတ်အစားလဲခန်းထဲပြန်သွားတော့ စီရော်နယ်ဒို မျက်ရည်ကျလုနီးပါးဖြစ်နေတာကို ကျွန်တော်တွေ့လိုက်ရပါတယ်။ ငါလည်း အကောင်းဆုံးဖြစ်အောင် လုပ်ရဲ့သားနဲ့ သူက ငါ့ကို ဆက်ပြီးဝေဖန်နေတယ်လို့ စီရော်နယ်ဒိုက ပြောတာပါ။ အဲဒီမှာပဲ မော်ရင်ဟိုဝင်လာပြီး ပွဲချိန်တုန်းက တာဝန်အတွက် စီရော်နယ်ဒိုကို စတင်ဝေဖန်ပါတယ်။ အခြေအနေက ပိုဆိုးသွားပြီး အသင်းဖော်တွေကြားဝင်လိုက်လို့သာ သူတို့ကြား တကယ်ထိုးကြမယ့်အရေးကို ရှောင်လွှဲနိုင်ခဲ့တာပါ”လို့ မိုဒရစ်က သူ့စာအုပ်မှာ ရေးခဲ့တာပါ။

[Zawgyi]

ရီးရဲလ္မွာတုန္းက စီေရာ္နယ္ဒိုငိုလုနီးပါးျဖစ္ေအာင္ ေမာ္ရင္ဟိုလုပ္ခဲ့ေၾကာင္း မုိဒရစ္ဖြင့္ဟ

ရီးရဲလ္မက္ဒရစ္မွာရွိခဲ့စဥ္တုန္းက စီေရာ္နယ္ဒိုငိုလုနီးပါးျဖစ္ေအာင္ ေမာ္ရင္ဟိုဘယ္လိုလုပ္ခဲ့တယ္ဆိုတာကို ကြင္းလယ္လူမိုဒရစ္က ဖြင့္ဟလိုက္ပါတယ္။ တစ္ႏိုင္ငံတည္းသားခ်င္း နာမည္ေက်ာ္ေတြျဖစ္ၾကေပမယ့္ ဘာေနဗ်ဴးမွာတုန္းက စီေရာ္နယ္ဒိုနဲ႔ ေမာ္ရင္ဟိုတို႔ၾကားက ဆက္ဆံေရးဟာ ဘယ္တုန္းကမွ မလြယ္ကူခဲ့ပါဘူး။ အေျခအေနတစ္ခုမွာေတာ့ အဆိုးရြားဆုံးအေနအထားထိေရာက္သြားခဲ့တာကို မိုဒရစ္က My Game လို႔နာမည္ေပးထားတဲ့ သူ႔ရဲ႕အထၳဳပၸတၱိစာအုပ္မွာ ျပန္ေျပာင္းေျပာျပထားတာပါ။

ခရိုေအးရွားကြင္းလယ္လူမိုဒရစ္ဟာ ၂၀၁၂ က ေမာ္ရင္ဟိုရဲ႕ေခၚယူမႈနဲ႔ စပါးကေန ရီးရဲလ္ကို ေရာက္လာသူျဖစ္ပါတယ္။ စီေရာ္နယ္ဒိုငိုလုနီးပါးျဖစ္သြားတဲ့ ေမာ္ရင္ဟိုနဲ႔အျဖစ္အပ်က္ကေတာ့ ၂၀၁၃ ခုႏွစ္မွာ ျဖစ္ပြားခဲ့တာပါ။ လက္ပစ္ေဘာတစ္ခုကို အေၾကာင္းျပဳၿပီး သူတို႔ႏွစ္ေယာက္ၾကားျပသနာတက္ခဲ့တာျဖစ္ၿပီး အသင္းေဖာ္ေတြၾကား၀င္ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

”ေမာ္ရင္ဟိုရဲ႕တုံံ႔ျပန္ခ်က္ကို ကၽြန္ေတာ္အံ့အားသင့္မိပါတယ္။ ကၽြန္ေတာ္တုိ႔ဟာ စပိန္ဘုရင့္ဖလားမွာ ၂-၀ ဂိုးနဲ႔အႏိုင္ရေနတာပါ။ လက္ပစ္ေဘာတစ္ခုမွာ ၿပိဳင္ဘက္ကို စီေရာ္နယ္ဒိုက လိုက္မကပ္ခဲ့တာနဲ႔ပတ္သက္လို႔ ေမာ္ရင္ဟိုက ေဒါသထြက္ခဲ့ပါတယ္။ ကြင္းထဲမွာ သူတို႔ႏွစ္ေယာက္ အေတာ္ႀကီးၾကာေအာင္ အေခ်အတင္ျဖစ္ခဲ့တာပါ။ ပထမပိုင္းၿပီးခ်ိန္ အ၀တ္အစားလဲခန္းထဲျပန္သြားေတာ့ စီေရာ္နယ္ဒို မ်က္ရည္က်လုနီးပါးျဖစ္ေနတာကို ကၽြန္ေတာ္ေတြ႕လုိက္ရပါတယ္။ ငါလည္း အေကာင္းဆံုးျဖစ္ေအာင္ လုပ္ရဲ႕သားနဲ႔ သူက ငါ့ကို ဆက္ၿပီးေ၀ဖန္ေနတယ္လို႔ စီေရာ္နယ္ဒိုက ေျပာတာပါ။ အဲဒီမွာပဲ ေမာ္ရင္ဟို၀င္လာၿပီး ပြဲခ်ိန္တုနး္က တာ၀န္အတြက္ စီေရာ္နယ္ဒိုကို စတင္ေ၀ဖန္ပါတယ္။ အေျခအေနက ပိုဆိုးသြားၿပီး အသင္းေဖာ္ေတြၾကား၀င္လိုက္လုိ႔သာ သူတုိ႔ၾကား တကယ္ထုိးၾကမယ့္အေရးကို ေရွာင္လႊဲႏိုင္ခဲ့တာပါ”လုိ႔ မိုဒရစ္က သူ႔စာအုပ္မွာ ေရးခဲ့တာပါ။