ရီးရဲလ်မက်ဒရစ်ဆီ ပြန်လာစရာအကြောင်းမရှိတော့တဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကမ္ဘာ့ထိပ်တန်း ကစားသမားတစ်ယောက်ဖြစ်တဲ့စီရော်နယ်ဒိုတစ်ယောက်ဟာလည်း ရာခိုင်နှုန်းပြည့် သာယာနေတာတော့မဟုတ်ပါဘူး။

ဂျူဗင်တပ်စ်မှာ အဆင်မပြေမှုတွေကို မျိုသိပ်သည်းခံကစားနေရတာပါ။အကြောင်းကြောင်းကြောင့် ဖြစ်လာတဲ့ ဒိုလေးရဲ့ မကျေနပ်တဲ့ ပေါက်ကွဲသံစဉ်များကို နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တချို့မှာ မြင်တွေ့နိုင်ပါတယ်။

ရော်နယ်ဒိုဟာ ရာသီကုန်မှာ အသင်းပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ ထင်မြင်ချက်တွေကလည်း ပလူပျံနေတာပါ။ ကာယကံရှင်ကိုယ်တိုင်ကတော့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမှုတွေ ဘာမှမရှိသေးပေမယ့် ရော်နယ်ဒိုရဲ့ လုပ်ခလစာကြီးမြင့်မှုကြောင့် ဘဏ္ဍာရေးပြဿနာတွေရှိနေတဲ့ ဂျူဗင်တပ်စ်က ရောင်းထုတ်ဖို့ စဉ်းစားနေတယ်လို့ ကြားသိရပါတယ်။

သက်ဆိုင်ရာအသင်းက ပရိသတ်တွေကတော့ သူတို့အားပေးတဲ့ အသင်းဆီကို ရော်နယ်ဒို ရောက်လာမလားဆိုပြီး မျှော်လင့် စောင့်စားနေကြပါတယ်။

ရီးရဲလ်ပရိသတ်တွေရဲ့ စီရော်နယ်ဒို မျှော်လင့်ခန်း ဇာတ်ထုပ်ကတော့ တစ်ခန်းရပ်ပါပြီ။ ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်က တိုက်စစ်မှူးဟောင်းရော်နယ်ဒိုဟာ သူတို့ဆီကို ပြန်လာမှာမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတယ်။

ပီရက်ဇ်က“စီရော်နယ်ဒိုဟာရီးရဲလ်မက်ဒရစ်အသင်းဆီကိုပြန်ရောက်ရှိလာမှာမဟုတ်ပါဘူး။ စီရော်နယ်ဒိုဟာဂျူဗင်တပ်စ်အသင်းနဲ့စာချုပ်သက်တမ်းရှိနေတဲ့ကစားသမားပါ။ကျွန်တော်ဟာစီရော်နယ်ဒိုကိုအလွန်အမင်းနှစ်သက်သူပါ။”

“စီရော်နယ်ဒိုဟာကျွန်တော်တို့အသင်းမှာကစားချိန်ကအကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီးချန်ပီယံဆုတွေအောင်မြင်မှုတွေရယူပေးနိုင်ခဲ့သူပါ။

စီရော်နယ်ဒိုဟာအသင်းရဲ့ဂန္တဝင်ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။အသင်းအတွက်သူစွမ်းဆောင်ပေးခဲ့တဲ့အရာရာတိုင်းအတွက်အမြဲတမ်းသတိတရရှိနေမှာပါ။ စီရော်နယ်ဒိုကိုချစ်ခင်နှစ်သက်ပေမယ့်ပြန်ခေါ်ယူမှာမဟုတ်ပါဘူး။” လို့ပြောပါတယ်။

ရော်နယ်ဒို ဟာ အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဒီရာသီမှာ အသင်းအတွက် စီးရီးအေ ၂၅ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။စီရော်နယ်ဒိုဟာ၂၀၁၈ခုနှစ်ကရီးရဲလ်မက်ဒရစ်အသင်းကနေဂျူဗင်တပ်စ်အသင်းဆီကိုပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီတိုက်စစ်မှူးဘတ်ပီကို ဆက်သွယ်မှုတွေလည်းမပြုလုပ်ထားဘူးလို့ ပီရက်ဇ်က ပြောထားပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရီးရဲလ္မက္ဒရစ္ဆီ ျပန္လာစရာအေၾကာင္းမရွိေတာ့တဲ့ စီေရာ္နယ္ဒို

ကမာၻ႔ထိပ္တန္း ကစားသမားတစ္ေယာက္ျဖစ္တဲ့စီေရာ္နယ္ဒိုတစ္ေယာက္ဟာလည္း ရာခိုင္ႏႈန္းျပည့္ သာယာေနတာေတာ့မဟုတ္ပါဘူး။ ဂ်ဴဗင္တပ္စ္မွာ အဆင္မေျပမႈေတြကို မ်ိဳသိပ္သည္းခံကစားေနရတာပါ။အေၾကာင္းေၾကာင္းေၾကာင့္ ျဖစ္လာတဲ့ ဒိုေလးရဲ႕ မေက်နပ္တဲ့ ေပါက္ကြဲသံစဥ္မ်ားကို ေနာက္ဆုံးကစားခဲ့တဲ့ ပြဲစဥ္တခ်ိဳ႕မွာ ျမင္ေတြ႕ႏိုင္ပါတယ္။

ေရာ္နယ္ဒိုဟာ ရာသီကုန္မွာ အသင္းေျပာင္းေ႐ႊ႕ႏိုင္တယ္ဆိုတဲ့ ထင္ျမင္ခ်က္ေတြကလည္း ပလူပ်ံေနတာပါ။ ကာယကံရွင္ကိုယ္တိုင္ကေတာ့ သူ႔ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ထုတ္ေဖာ္ေျပာဆိုမႈေတြ ဘာမွမရွိေသးေပမယ့္ ေရာ္နယ္ဒိုရဲ႕ လုပ္ခလစာႀကီးျမင့္မႈေၾကာင့္ ဘ႑ာေရးျပႆနာေတြရွိေနတဲ့ ဂ်ဴဗင္တပ္စ္က ေရာင္းထုတ္ဖို႔ စဥ္းစားေနတယ္လို႔ ၾကားသိရပါတယ္။

သက္ဆိုင္ရာအသင္းက ပရိသတ္ေတြကေတာ့ သူတို႔အားေပးတဲ့ အသင္းဆီကို ေရာ္နယ္ဒို ေရာက္လာမလားဆိုၿပီး ေမွ်ာ္လင့္ ေစာင့္စားေနၾကပါတယ္။ ရီးရဲလ္ပရိသတ္ေတြရဲ႕ စီေရာ္နယ္ဒို ေမွ်ာ္လင့္ခန္း ဇာတ္ထုပ္ကေတာ့ တစ္ခန္းရပ္ပါၿပီ။ ရီးရဲလ္မက္ဒရစ္အသင္းဥကၠဌဖေလာ္ရင္တီႏိုပီရက္ဇ္က တိုက္စစ္မႉးေဟာင္းေရာ္နယ္ဒိုဟာ သူတို႔ဆီကို ျပန္လာမွာမဟုတ္ဘူးလို႔ေျပာဆိုလိုက္ပါတယ္။

ပီရက္ဇ္က“စီေရာ္နယ္ဒိုဟာရီးရဲလ္မက္ဒရစ္အသင္းဆီကိုျပန္ေရာက္ရွိလာမွာမဟုတ္ပါဘူး။ စီေရာ္နယ္ဒိုဟာဂ်ဴဗင္တပ္စ္အသင္းနဲ႔စာခ်ဳပ္သက္တမ္းရွိေနတဲ့ကစားသမားပါ။ကြၽန္ေတာ္ဟာစီေရာ္နယ္ဒိုကိုအလြန္အမင္းႏွစ္သက္သူပါ။”

“စီေရာ္နယ္ဒိုဟာကြၽန္ေတာ္တို႔အသင္းမွာကစားခ်ိန္ကအေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့ၿပီးခ်န္ပီယံဆုေတြေအာင္ျမင္မႈေတြရယူေပးႏိုင္ခဲ့သူပါ။စီေရာ္နယ္ဒိုဟာအသင္းရဲ႕ဂႏၲဝင္ကစားသမားတစ္ေယာက္လည္းျဖစ္ပါတယ္။အသင္းအတြက္သူစြမ္းေဆာင္ေပးခဲ့တဲ့အရာရာတိုင္းအတြက္အၿမဲတမ္းသတိတရရွိေနမွာပါ။ စီေရာ္နယ္ဒိုကိုခ်စ္ခင္ႏွစ္သက္ေပမယ့္ျပန္ေခၚယူမွာမဟုတ္ပါဘူး။” လို႔ေျပာပါတယ္။

ေရာ္နယ္ဒို ဟာ အသက္ ၃၆ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္ၿပီး ဒီရာသီမွာ အသင္းအတြက္ စီးရီးေအ ၂၅ ဂိုးအထိ သြင္းယူေပးထားႏိုင္ခဲ့ပါတယ္။စီေရာ္နယ္ဒိုဟာ၂၀၁၈ခုႏွစ္ကရီးရဲလ္မက္ဒရစ္အသင္းကေနဂ်ဴဗင္တပ္စ္အသင္းဆီကိုေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။ ဒါ့အျပင္ ပီအက္စ္ဂ်ီတိုက္စစ္မႉးဘတ္ပီကို ဆက္သြယ္မႈေတြလည္းမျပဳလုပ္ထားဘူးလို႔ ပီရက္ဇ္က ေျပာထားပါေသးတယ္။