ရီးရဲလ်နဲ့ တစ်ခန်းရပ်တော့မယ့် ရာမို့စ်

ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်ဟာ အသင်းရဲ့စာချုပ်သစ်အတွက် ကမ်းလှမ်းမှုများကို ပယ်ချခဲ့ပြီး ယခုရာသီကုန်တွင် အသင်းပြောင်းရွှေ့ရန် စီစဉ်နေကြောင်းကြားသိရပါတယ်။ ရာမို့စ်နဲ့ ရီးရဲလ် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ကစားသမားဟာ အလွတ်နဲ့ အသင်းကနေ ထွက်ခွာလို့ရမှာဖြစ်ပါတယ်။

အသက် (၃၄)နှစ်အရွယ်ရှိ စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ ရီးရဲလ်အသင်းတွင် (၁၅)နှစ်ကျော်ကာလအတွင်း ပြိုင်ပွဲစုံ (၆၆၈)ပွဲအထိ ကစားထားသူဖြစ်ပြီး ယခုရာသီကုန်တွင် ဥရောပထိပ်တန်းကလပ်တစ်သင်းသင်းသို့ ပြောင်းရွှေ့ကစားရန်စီစဉ်နေကြောင်း သတင်းများထွက်ပေါ်နေတာပါ။

ကနဦးတုန်းကတော့ ရီးရဲလ်အသင်းက ရာမို့စ်အား လက်ရှိရရှိနေတဲ့ တစ်နှစ်အသားတင်လစာ ပေါင် (၁၀.၅)သန်း ပေးချေကာ တစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုရန်နှင့် လက်ရှိလစာကို (၁၀)ရာခိုင်နှုန်းလျှော့ကာ (၂)နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ရာမို့စ်က သူ့ရဲ့အနာဂတ်ဟာ အခြားဥရောပကလပ်တွေမှာ ရှိတယ်ဆိုတာ ကလပ်ကို ပြောဆိုခဲ့ပြီးနောက် ရီးရဲလ် အသင်းဟာ စပိန်နောက်ခံလူကို နောက်ထပ်ကမ်းလှမ်းမှုတွေ ပြုလုပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ရာမို့စ် ကို ခေါ်ယူဖို့ ဥရောပ အသင်းကြီးအများအပြားက စိတ်ဝင်စားနေတာဖြစ်ပြီး ယူနိုက်တက်နဲ့ ပီအက်စ်ဂျီ အသင်းတို့က ဦးဆောင်နေတာဖြစ်ပါတယ်။ယူနိုက်တက် အသင်းဟာ အသင်းခေါင်းဆောင် မက်ဂွိုင်းယား နဲ့ တွဲဖက်ဖို့ နောက်ခံလူသစ် ကို နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စီစဉ်နေပြီး ရာမို့စ်ကို မျက်စိကျနေတာပါ။

(၂၀၀၅-၀၆) ရာသီက ‌ဆီဗီလာ အသင်းကနေ ရီးရဲလ် အသင်းကို ရောက်ရှိလာခဲ့တဲ့ ရာမို့စ် ဟာ စပိန်ချန်ပီယံ အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၆၆၈)ပွဲမှာ ဂိုး(၁၀၀)သွင်းယူထားတာဖြစ်ပါတယ်။ရာမို့စ်ဟာ လက်ရှိတွင် ဒူးဒဏ်ရာခွဲစိတ်ကုသမှုကြောင့် အနားယူနေရပြီး လာမယ့် ဧပြီလတွင်မှ ကစားနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

Zawgyi

ရီးရဲလ္နဲ႔ တစ္ခန္းရပ္​​ေတာ့မယ့္ ရာမို႔စ္

ရီးရဲလ္အသင္းေခါင္းေဆာင္ ရာမို႔စ္ဟာ အသင္းရဲ႕စာခ်ဳပ္သစ္အတြက္ ကမ္းလွမ္းမႈမ်ားကို ပယ္ခ်ခဲ့ၿပီး ယခုရာသီကုန္တြင္ အသင္းေျပာင္းေ႐ႊ႕ရန္ စီစဥ္ေနေၾကာင္းၾကားသိရပါတယ္။ ရာမို႔စ္နဲ႔ ရီးရဲလ္ အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ အခုရာသီအကုန္မွာ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ကစားသမားဟာ အလြတ္နဲ႔ အသင္းကေန ထြက္ခြာလို႔ရမွာျဖစ္ပါတယ္။

အသက္ (၃၄)ႏွစ္အ႐ြယ္ရွိ စပိန္ဝါရင့္ေနာက္ခံလူ ရာမို႔စ္ဟာ ရီးရဲလ္အသင္းတြင္ (၁၅)ႏွစ္ေက်ာ္ကာလအတြင္း ၿပိဳင္ပြဲစုံ (၆၆၈)ပြဲအထိ ကစားထားသူျဖစ္ၿပီး ယခုရာသီကုန္တြင္ ဥေရာပထိပ္တန္းကလပ္တစ္သင္းသင္းသို႔ ေျပာင္းေ႐ႊ႕ကစားရန္စီစဥ္ေနေၾကာင္း သတင္းမ်ားထြက္ေပၚ​ေနတာပါ။ ကနဦးတုန္းက​ေတာ့ ရီးရဲလ္အသင္းက ရာမို႔စ္အား လက္ရွိရရွိေနတဲ့ တစ္ႏွစ္အသားတင္လစာ ေပါင္ (၁၀.၅)သန္း ေပးေခ်ကာ တစ္ႏွစ္သက္တမ္းရွိ စာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုရန္ႏွင့္ လက္ရွိလစာကို (၁၀)ရာခိုင္ႏႈန္းေလွ်ာ့ကာ (၂)ႏွစ္သက္တမ္းရွိ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။

ရာမို႔စ္ က သူ႔ရဲ႕အနာဂတ္ဟာ အျခားဥေရာပကလပ္ေတြမွာ ရွိတယ္ဆိုတာ ကလပ္ကို ေျပာဆိုခဲ့ၿပီးေနာက္ ရီးရဲလ္ အသင္းဟာ စပိန္ေနာက္ခံလူကို ေနာက္ထပ္ကမ္းလွမ္းမႈေတြ ျပဳလုပ္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။ ရာမို႔စ္ ကို ေခၚယူဖို႔ ဥေရာပ အသင္းႀကီးအမ်ားအျပားက စိတ္ဝင္စားေနတာျဖစ္ၿပီး ယူႏိုက္တက္နဲ႔ ပီအက္စ္ဂ်ီ အသင္းတို႔က ဦးေဆာင္ေနတာျဖစ္ပါတယ္။ယူႏိုက္တက္ အသင္းဟာ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယား နဲ႔ တြဲဖက္ဖို႔ ေနာက္ခံလူသစ္ ကို ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ေခၚယူဖို႔ စီစဥ္ေနၿပီး ရာမို႔စ္ကို မ်က္စိက်ေနတာပါ။

(၂၀၀၅-၀၆) ရာသီက ‌ဆီဗီလာ အသင္းကေန ရီးရဲလ္ အသင္းကို ေရာက္ရွိလာခဲ့တဲ့ ရာမို႔စ္ ဟာ စပိန္ခ်န္ပီယံ အသင္းအတြက္ ၿပိဳင္ပြဲစုံ ပြဲေပါင္း(၆၆၈)ပြဲမွာ ဂိုး(၁၀၀)သြင္းယူထားတာျဖစ္ပါတယ္။ရာမို႔စ္ဟာ လက္ရွိတြင္ ဒူးဒဏ္ရာခြဲစိတ္ကုသမႈေၾကာင့္ အနားယူေနရၿပီး လာမယ့္ ဧၿပီလတြင္မွ ကစားႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။