ရီးရဲလ်နဲ့ပွဲကြီးပွဲကောင်းမှာ နေမာ အရန်ခုံပဲ ထိုင်ရလိမ့်မယ်လို့ သတင်းထွက်ပေါ်

Photo Credit

Photo Credit

သတင်းတွေရဲ့ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းနည်းပြ သောမတ်စ်တူချယ်ဟာ ယနေ့ညကစားရမယ့် ရီးရဲလ်နဲ့ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှာ ကြယ်ပွင့်တိုက်စစ်မှူး နေမာကို ဦးစားပေးစာရင်းကနေ ချန်လှပ်လိမ့်မယ်လို့ သိရပါတယ်။

Photo Credit

Goal သတင်းဌာနက နေမာဟာ ဒဏ်ရာပြဿနာတွေကနေ ပြန်ကောင်းလာပြီးနောက် သောကြာနေ့က လိုင်လီကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဦးစားပေးကစားသမားအဖြစ် ပြန်လည်ပါဝင်လာပေမယ့် တူချယ်ကတော့ ဘရာဇီးလက်ရွေးစင် နေမာရဲ့ကြံ့ခိုင်မှုအပေါ် စိုးရိမ်နေတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။

Photo Credit

တူချယ်က ချန်ပီယံလိဂ်မှာ နေမာကို အလောတကြီးပြန်သုံးရေးထက် ကြံ့ခိုင်မှုအပြည့်ရှိနေဖို့ပဲ ပိုမိုလိုလားနေပြီး ကစားကွက်ကိုလည်း သူ့စိတ်ကြိုက် ၄-၃-၃ ပုံစံ ထုတ်သုံးဖွယ်ရှိနေပါတယ်။

Photo Credit

တူချယ်ဟာ တိုက်စစ် ၃ယောက်အဖြစ် အီကာဒီ၊ ဘာပေနဲ့ ဒီမာရီယာတို့ ခြေစွမ်းပြနေတာကြောင့် ဒီပုံစံအတိုင်း ဆက်လက်အသုံးပြုဖွယ်ရှိနေပါတယ်။

Photo Credit

ကွင်းလယ်မှာလည်း ဒီရာသီအတည်ငြိမ်ဆုံးအတွဲအဖြစ် ဗာရက်တီ၊ မာကွင်ဟို့စ်နဲ့ ဂူယေးတု့ိကိုပဲ ဆက်လက်အသုံးပြုဖို့များနေပြီး ဂိုးသမားအဖြစ် နာဗက်စ်ကိုပဲ ဆက်လက်အသုံးပြုဖို့များနေပါတယ်။

Photo Credit

နေမာဟာ ပြီးခဲ့တဲ့နွေရာသီက အသင်းပြောင်းရွှေ့ဖို့ သတင်းတွေကျယ်ပြန့်စွာထွက်ပေါ်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းနဲ့ပဲ ဆက်လက်လက်တွဲခဲ့ပြီး တူချယ်ကလည်း နေမာလိုကစားသမားမျိုးကို နည်းပြအဖြစ် ဆေင်ရွက်ရတာ မလွယ်ကူတဲ့အကြောင်း ဝန်ခံထားပါတယ်။

Photo Credit

နေမာဟာ ယခုရာသီအတွင်း ဒဏ်ရာပြဿနာတွေကြောင့် စုစုပေါင်း ၆ပွဲပဲ ကစားခွင့်ရရှိထားပေမယ့် ကစားနိုင်ချိန်မှာ သူ့တန်ဖိုးကို အကောင်းဆုံးပြသထားပြီး ၄ဂိုးသွင်းယူကာ တူချယ်အတွက် အားကိုးရတဲ့တိုက်စစ်မှူးအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

Photo Credit

Zawgyi

ရီးရဲလ္နဲ႔ပြဲႀကီးပြဲေကာင္းမွာ ေနမာ အရန္ခုံပဲ ထုိင္ရလိမ့္မယ္လုိ႔ သတင္းထြက္ေပၚ

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီအသင္းနည္းျပ ေသာမတ္စ္တူခ်ယ္ဟာ ယေန႔ညကစားရမယ့္ ရီးရဲလ္နဲ႔ခ်န္ပီယံလိဂ္အေ၀းကြင္းပြဲစဥ္မွာ ၾကယ္ပြင့္တုိက္စစ္မွဴး ေနမာကို ဦးစားေပးစာရင္းကေန ခ်န္လွပ္လိမ့္မယ္လုိ႔ သိရပါတယ္။
Goal သတင္းဌာနက ေနမာဟာ ဒဏ္ရာျပႆနာေတြကေန ျပန္ေကာင္းလာၿပီးေနာက္ ေသာၾကာေန႔က လုိင္လီကို ၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဦးစားေပးကစားသမားအျဖစ္ ျပန္လည္ပါ၀င္လာေပမယ့္ တူခ်ယ္ကေတာ့ ဘရာဇီးလက္ေရြးစင္ ေနမာရဲ႕ႀကံ့ခုိင္မႈအေပၚ စိုးရိမ္ေနတယ္လုိ႔ ေရးသားေဖာ္ျပခဲ့ပါတယ္။
တူခ်ယ္က ခ်န္ပီယံလိဂ္မွာ ေနမာကို အေလာတႀကီးျပန္သုံးေရးထက္ ႀကံ့ခုိင္မႈအျပည့္ရွိေနဖို႔ပဲ ပိုမိုလုိလားေနၿပီး ကစားကြက္ကိုလည္း သူ႕စိတ္ႀကိဳက္ ၄-၃-၃ ပုံစံ ထုတ္သုံးဖြယ္ရွိေနပါတယ္။
တူခ်ယ္ဟာ တုိက္စစ္ ၃ေယာက္အျဖစ္ အီကာဒီ၊ ဘာေပနဲ႔ ဒီမာရီယာတို႔ ေျခစြမ္းျပေနတာေၾကာင့္ ဒီပုံစံအတုိင္း ဆက္လက္အသုံးျပဳဖြယ္ရွိေနပါတယ္။
ကြင္းလယ္မွာလည္း ဒီရာသီအတည္ၿငိမ္ဆုံးအတြဲအျဖစ္ ဗာရက္တီ၊ မာကြင္ဟုိ႔စ္နဲ႔ ဂူေယးတု႔ိကိုပဲ ဆက္လက္အသုံးျပဳဖုိ႔မ်ားေနၿပီး ဂိုးသမားအျဖစ္ နာဗက္စ္ကုိပဲ ဆက္လက္အသုံးျပဳဖို႔မ်ားေနပါတယ္။
ေနမာဟာ ၿပီးခဲ့တဲ့ေႏြရာသီက အသင္းေျပာင္းေရႊ႕ဖုိ႔ သတင္းေတြက်ယ္ျပန္႔စြာထြက္ေပၚခဲ့ေပမယ့္ ပီအက္စ္ဂ်ီအသင္းနဲ႔ပဲ ဆက္လက္လက္တြဲခဲ့ၿပီး တူခ်ယ္ကလည္း ေနမာလုိကစားသမားမ်ိဳးကို နည္းျပအျဖစ္ ေဆင္ရြက္ရတာ မလြယ္ကူတဲ့အေၾကာင္း ၀န္ခံထားပါတယ္။
ေနမာဟာ ယခုရာသီအတြင္း ဒဏ္ရာျပႆနာေတြေၾကာင့္ စုစုေပါင္း ၆ပဲြပဲ ကစားခြင့္ရရွိထားေပမယ့္ ကစားႏိုင္ခ်ိန္မွာ သူ႕တန္ဖုိးကို အေကာင္းဆုံးျပသထားၿပီး ၄ဂိုးသြင္းယူကာ တူခ်ယ္အတြက္ အားကိုးရတဲ့တုိက္စစ္မွဴးအျဖစ္ ဆက္လက္ရပ္တည္ေနပါတယ္။