ရီးရဲလ်ဆီ အမ်ဘတ်ပီပြောင်းရွှေ့ရေးကို ရှောင်လွှဲလို့ရမှာမဟုတ်ဖူးလို့ မိုနာကိုဒု-ဥက္ကဋ္ဌဟောင်းပြော

Photo- Internet
Photo- Internet

အမ်ဘတ်ပီရဲ့ကစားသမားဘ၀ စတင်ရာအသင်းဖြစ်ခဲ့တဲ့ မိုနာကိုရဲ့ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်သူ ဗာဒင်ဗာဆီယက်ဗ်က ပီအက်စ်ဂျီကနေ ရီးရဲလ်မက်ဒရစ်ကို အမ်ဘတ်ပီပြောင်းရွှေ့ရေးက ရှောင်လွှဲလို့ မရနိုင်တော့ဘူးလို့ သူ့အမြင်ကို ပြောကြားလိုက်ပါတယ်။

ပီအက်စ်ဂျီနဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူ း အမ်ဘတ်ပီဟာ မိုနာကိုအသင်းမှာရှိတုန်းက ဗာဆီယက်ဗ်ရဲ့ဦးဆောင်မှုကနေ ထွက်ပေါ်လာပြီး ခြေစွမ်းတောက်ပခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့ နှစ်ဦးကြားမှာ ဆက်ဆံရေးကောင်းရှိထားတာ အခုချိန်အထိဖြစ်ပါတယ်။

Photo- Internet

အမ်ဘတ်ပီကို ပီအက်စ်ဂျီကဆက်ထိန်းထားဖို့ အစွမ်းကုန်ကြိုးစားနေပေမယ့် ရီးရဲလ်ဟာ ပီအက်စ်ဂျီကို ကစားသမားမပြောင်းခင်ကတည်းက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့သေးတဲ့အပြင် လက်ရှိမှာလည်း သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပြီး ရီးရဲလ်နည်းပြ ဇီဒန်းက အမ်ဘတ်ပီကိုအလိုရှိတယ်လို့ လူသိရှင်ကြားပြောထားပါတယ်။

Photo- Internet

ဗာဆီယက်ဗ်က”ရီးရဲလ်ကို တစ်နေ့မှာ အမ်ဘတ်ပီပြောင်းမှာသေချာပါတယ်။ ဘယ်အချိန်မှန်းကျွန်တော်မသိပေမယ့် သူ့အပြောင်းအရွှေ့ကိုရှောင်လွှဲလို့ မရနိုင်တော့ပါဘူး။ သူမိုနာကိုမှာရှိစဉ်ကတည်းက ပီအက်စ်ဂျီမတိုင်ခင် ရီးရဲလ်က ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက အမ်ဘတ်ပီက ရီးရဲလ်ကိုပြောင်းဖို့ သူ့အတွက် အရမ်းစောလွန်းနေသေးတယ်လို့ လာပြောခဲ့ပါတယ်။

Photo- Internet

ပြင်သစ်မှာကစားတာတစ်နှစ်ဘဲရှိသေးပြီး ပဲရစ်မြို့ကလာသူဖြစ်လို့လည်း သူ့နိုင်ငံကိုမစွန့်ခွာချင်သေးဘူးဆိုပြီး ကျွန်တော့်ကို ပြောခဲ့ပါတယ်” လို့ပြောသွားပါတယ်။ ဗာဆီယက်ဗ်ဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက မိုနာကိုဒုတိယဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။

Photo- Internet

Zawgyi

ရီးရဲလ္ဆီ အမ္ဘတ္ပီေျပာင္းေရႊ႕ေရးကို ေရွာင္လႊဲလို႔ရမွာမဟုတ္ဖူးလို႔ မိုနာကိုဒု-ဥကၠ႒ေဟာင္းေျပာ

အမ္ဘတ္ပီရဲ႕ကစားသမားဘ၀ စတင္ရာအသင္းျဖစ္ခဲ့တဲ႔ မိုနာကိုရဲ႕ဒုတိယဥကၠ႒ေဟာင္းျဖစ္သူ ဗာဒင္ဗာဆီယက္ဗ္က ပီအက္စ္ဂ်ီကေန ရီးရဲလ္မက္ဒရစ္ကို အမ္ဘတ္ပီေျပာင္းေရႊ႕ေရးက ေရွာင္လႊဲလို႔ မရႏိုင္ေတာ႔ဘူးလို႔ သူ႔အျမင္ကို ေျပာၾကားလိုက္ပါတယ္။

ပီအက္စ္ဂ်ီနဲ႔ ျပင္သစ္လက္ေရြးစင္တိုက္စစ္မွဴ း အမ္ဘတ္ပီဟာ မိုနာကိုအသင္းမွာရွိတုန္းက ဗာဆီယက္ဗ္ရဲ႕ဦးေဆာင္မႈကေန ထြက္ေပၚလာၿပီး ေျခစြမ္းေတာက္ပခဲ့တဲ႔ ကစားသမားျဖစ္ပါတယ္။ ဒါေၾကာင့္လည္း သူတို႔ ႏွစ္ဦးၾကားမွာ ဆက္ဆံေရးေကာင္းရွိထားတာ အခုခ်ိန္အထိျဖစ္ပါတယ္။

အမ္ဘတ္ပီကို ပီအက္စ္ဂ်ီကဆက္ထိန္းထားဖို႔ အစြမ္းကုန္ႀကိဳးစားေနေပမယ္႔ ရီးရဲလ္ဟာ ပီအက္စ္ဂ်ီကို ကစားသမားမေျပာင္းခင္ကတည္းက ေခၚယူဖို႔ ကမ္းလွမ္းခဲ့ေသးတဲ႔အျပင္ လက္ရွိမွာလည္း သူ႔ကိုေခၚယူဖို႔ စိတ္၀င္စားေနဆဲျဖစ္ၿပီး ရီးရဲလ္နည္းျပ ဇီဒန္းက အမ္ဘတ္ပီကိုအလိုရွိတယ္လို႔ လူသိရွင္ၾကားေျပာထားပါတယ္။

ဗာဆီယက္ဗ္က”ရီးရဲလ္ကို တစ္ေန႔မွာ အမ္ဘတ္ပီေျပာင္းမွာေသခ်ာပါတယ္။ ဘယ္အခ်ိန္မွန္းက်ြန္ေတာ္မသိေပမယ္႔ သူ႔အေျပာင္းအေရႊ႕ကုိေရွာင္လႊဲလို႔ မရႏိုင္ေတာ႔ပါဘူး။ သူမိုနာကိုမွာရွိစဥ္ကတည္းက ပီအက္စ္ဂ်ီမတိုင္ခင္ ရီးရဲလ္က ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။ အဲဒီတုန္းက အမ္ဘတ္ပီက ရီးရဲလ္ကိုေျပာင္းဖို႔ သူ႔အတြက္ အရမ္းေစာလြန္းေနေသးတယ္လို႔ လာေျပာခဲ့ပါတယ္။

ျပင္သစ္မွာကစားတာတစ္ႏွစ္ဘဲရွိေသးၿပီး ပဲရစ္ၿမိဳ႕ကလာသူျဖစ္လို႔လည္း သူ႔ႏိုင္ငံကိုမစြန္႔ခြာခ်င္ေသးဘူးဆိုၿပီး က်ြန္ေတာ္႔ကို ေျပာခဲ့ပါတယ္” လို႔ေျပာသြားပါတယ္။ ဗာဆီယက္ဗ္ဟာ ၿပီးခဲ့တဲ႔ ေဖေဖၚ၀ါရီလက မိုနာကိုဒုတိယဥကၠ႒ရာထူးကေန ႏုတ္ထြက္ခဲ့သူျဖစ္တယ္လို႔လည္း သိရပါတယ္။