ရီးရဲလ်ကွင်းလယ်လူဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ၄ နှစ်စာချုပ်နဲ့ အဲဗာတန်ကမ်းလှမ်း

photo-daily mail

photo-gettyimages

အဲဗာတန်ဟာ လာမယ့်နွေမှာ အသင်းကိုပြောင်းလာဖို့ ရီးရဲလ်ကွင်းလယ်လူဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ၄ နှစ်စာချုပ်နဲ့ ကမ်းလှမ်းမှုပြုလုပ်လိုက်တယ်လို့ သတင်းတွေအရ သိရပါတယ်။ နည်းပြဇီဒန်းဟာ အဲဒီကိုလံဘီယာကြယ်ပွင့်ကစားသမားကို ဆက်ထိန်းဖို့ဆန္ဒမရှိတာကြောင့် ရီးရဲလ်ကလည်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အရောင်းစာရင်းတင်ထားပါတယ်။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဒီရာသီရီးရဲလ်မှာ ၇ ပွဲသာ ကစားရသေးသူပါ။

photo-gettyimages

ရီးရဲလ်အနေနဲ့ လာမယ့်အပြောင်းအရွှေ့ရောက်ရင် ဂျိမ်းရိုဒရီဂွက်ဇ်ကို ယူရိုသန်း ၄၀ ဝန်းကျင်နဲ့ ရောင်းချချင်နေတာ ဖြစ်ပါတယ်။ အဲဒီဈေးကြောင့်လည်း ပရီးမီးယားလိဂ်အသင်းအတော်များများက စိတ်ဝင်စားနေကြတယ်လို့ စပိန်သတင်းစာတစ်စောင်က ဖော်ပြခဲ့ပါတယ်။ အဲဒီကိုလံဘီယာလက်ရွေးစင်ကို စိတ်ဝင်စားတဲ့အသင်းတွေထဲမှာ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ ဝုဗ်တို့လည်း ပါဝင်ကြပါတယ်။

photo-EPA

ဒါပေမဲ့ အဲဗာတန်ကသာ အလိုချင်ဆုံးဖြစ်နေပြီး နည်းအန်စလောတီဟာ ရီးရဲလ်မှာတုန်းက သူ့လက်အောက်ကစားခဲ့ဖူးတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့ ပြန်လည်လက်တွဲချင်နေတာပါ။ ဒီရာသီအစ နာပိုလီကိုကိုင်တွယ်ခဲ့စဉ်တုန်းကလည်း အန်စလော့တီဟာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကလည်း နောက်နှစ်မှာ ကိုပါအမေရိကရှိနေတာကြောင့် သူ့ကို ပွဲကစားချိန်ပေးနိုင်မယ့်အသင်းတစ်သင်းကို ပြောင်းရွှေ့ချင်နေတာပါ။ ၂၈ နှစ်အရွယ် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဒီရာသီရီးရဲလ်ကိုပြန်မရောက်လာခင် ဘိုင်ယန်မြူးနစ်မှာ ၂ ရာသီအငှားသွားကစားခဲ့ပါသေးတယ်။

[Zawgyi]

ရီးရဲလ္ကြင္းလယ္လူဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ကို ၄ ႏွစ္စာခ်ဳပ္နဲ႔ အဲဗာတန္ကမ္းလွမ္း

အဲဗာတန္ဟာ လာမယ့္ေႏြမွာ အသင္းကိုေျပာင္းလာဖုိ႔ ရီးရဲလ္ကြင္းလယ္လူဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ကို ၄ ႏွစ္စာခ်ဳပ္နဲ႔ ကမ္းလွမ္းမႈျပဳလုပ္လိုက္တယ္လုိ႔ သတင္းေတြအရ သိရပါတယ္။ နည္းျပဇီဒန္းဟာ အဲဒီကိုလံဘီယာၾကယ္ပြင့္ကစားသမားကို ဆက္ထိန္းဖို႔ဆႏၵမရွိတာေၾကာင့္ ရီးရဲလ္ကလည္း ဂ်ိမ္းစ္ရုိဒရီဂြက္ဇ္ကို အေရာင္းစာရင္းတင္ထားပါတယ္။ ဂ်ိမ္းစ္ရုိဒရီဂြက္ဇ္ဟာ ဒီရာသီရီးရဲလ္မွာ ၇ ပြဲသာ ကစားရေသးသူပါ။

ရီးရဲလ္အေနနဲ႔ လာမယ့္အေျပာင္းအေရႊ႕ေရာက္ရင္ ဂ်ိမ္းရိုဒရီဂြက္ဇ္ကို ယူရိုသန္း ၄၀ ၀န္းက်င္နဲ႔ ေရာင္းခ်ခ်င္ေနတာ ျဖစ္ပါတယ္။ အဲဒီေစ်းေၾကာင့္လည္း ပရီးမီးယားလိဂ္အသင္းအေတာ္မ်ားမ်ားက စိတ္၀င္စားေနၾကတယ္လုိ႔ စပိန္သတင္းစာတစ္ေစာင္က ေဖာ္ျပခဲ့ပါတယ္။ အဲဒီကိုလံဘီယာလက္ေရြးစင္ကို စိတ္၀င္စားတဲ့အသင္းေတြထဲမွာ အာဆင္နယ္၊ ခ်ဲလ္ဆီးနဲ႔ ၀ုဗ္တို႔လည္း ပါ၀င္ၾကပါတယ္။

ဒါေပမဲ့ အဲဗာတန္ကသာ အလုိခ်င္ဆုံးျဖစ္ေနၿပီး နည္းအန္စေလာတီဟာ ရီးရဲလ္မွာတုန္းက သူ႔လက္ေအာက္ကစားခဲ့ဖူးတဲ့ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္နဲ႔ ျပန္လည္လက္တြဲခ်င္ေနတာပါ။ ဒီရာသီအစ နာပိုလီကိုကုိင္တြယ္ခဲ့စဥ္တုနး္ကလည္း အန္စေလာ့တီဟာ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ကို ေခၚယူႏိုင္ဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ကလည္း ေနာက္ႏွစ္မွာ ကိုပါအေမရိကရွိေနတာေၾကာင့္ သူ႔ကို ပြဲကစားခ်ိန္ေပးႏိုင္မယ့္အသင္းတစ္သင္းကို ေျပာင္းေရႊ႕ခ်င္ေနတာပါ။ ၂၈ ႏွစ္အရြယ္ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ဟာ ဒီရာသီရီးရဲလ္ကိုျပန္မေရာက္လာခင္ ဘုိင္ယန္ျမဴးနစ္မွာ ၂ ရာသီအငွားသြားကစားခဲ့ပါေသးတယ္။