ရီးရဲလ်ကြယ်ပွင့် ဂျိမ်းစ်ကို ပေါင် ၇၃သန်းနဲ့ အံ့အားသင့်ဖွယ်ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ဝုဗ်

Photo Credit

ဝုဗ်အသင်းဟာ ရီးရဲလ်ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို နွေရာသီအဓိကပစ်မှတ်အဖြစ် ခေါ်ယူဖို့ ပြင်ဆင်နေပြီး စပိန်သတင်းစာတွေရဲ့ဖော်ပြချက်အရ လာမယ့်နွေရာသီမှာ ကိုလံဘီယာအသင်းခေါင်းဆောင်ကို ပေါင် ၇၃သန်းနဲ့ ခေါ်ယူဖို့ ရှိတယ်လို့ သိရပါတယ်။

Photo Credit

ရိုဒရီဂွက်ဇ်ဟာ ရီးရဲလ်နည်းပြ ဇီဒန်းရဲ့လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသလို ဘိုင်ယန်မှာ ၂ရာသီကြာအငှားကစားခဲ့တုန်းကလည်း ခြေစွမ်းမပြနိုင်ခဲ့လို့ ဘိုင်ယန်က သူ့ကို အပြီးသတ်ခေါ်ယူဖို့ ငြင်းဆန်ခဲ့ပါတယ်။

Photo Credit

အသက် ၂၈နှစ်အရွယ်ရှိ ရိုဒရီဂွက်ဇ်ဟာ ၂၀၁၄ ခုနှစ်က မိုနာကိုအသင်းကနေ ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ ရောက်ရှိလာချိန်ကတည်းက ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရပြီး El Desmarque ရဲ့ဖော်ပြချက်အရ ဝုဗ်အသင်းက ကိုလံဘီယာကြယ်ပွင့်ကို လာမယ့်နွေဈေးကွက်အတွင်း အံ့အားသင့်ဖွယ်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Photo Credit

ဝုဗ်အသင်းဟာ စူပါအေးဂျင့် ဂျော့ချ်မန်ဒက်စ်နဲ့ ဆက်ဆံရေးကောင်းမွန်မှုကို အသုံးချကာ ရိုဒရီဂွက်ဇ်ကိုလည်း ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး ပေါ်တူဂီနိုင်ငံသား မန်ဒက်စ်က ရိုဒရီဂွက်ဇ်ရဲ့အေးဂျင့်လည်းဖြစ်ပါတယ်။

Photo Credit

ဝုဗ်ဟာ ၂၀၁၈ ခုနှစ်က ပရီးမီးယားလိဂ်ကို တန်းတက်လာပြီးနောက် ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေပြီး ရာအူးလ်ဂျီမီနက်ဇ်၊ ယာအိုမော်တင်ညိုနဲ့ ပက်ထရစ်စီယိုတို့လည်း ထင်ပေါ်နေပါတယ်။

Photo Credit

ဝုဗ်အသင်းဟာ ၂၀၁၉ ခုနှစ်က ဂျီမီနက်ဇ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၂သန်းနဲ့ ခေါ်ယူထားပြီး ရိုဒရီဂွက်ဇ်ကို ခေါ်ယူမယ်ဆိုရင် ကလပ်စံချိန်သစ်တင်ရမှာဖြစ်ပါတယ်။ ရိုဒရီဂွက်ဇ်ဟာ ယခုရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၃ပွဲသာ ကစားခွင့်ရထားပြီး ၁ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ကြိမ်သာ ပြုလုပ်ပေးထားနိုင်ပါတယ်။

Photo Credit

Zawgyi

ရီးရဲလ္ၾကယ္ပြင့္ ဂ်ိမ္းစ္ကို ေပါင္ ၇၃သန္းနဲ႔ အံ့အားသင့္ဖြယ္ေခၚယူဖုိ႔ ျပင္ဆင္ေနတဲ့ ၀ုဗ္

၀ုဗ္အသင္းဟာ ရီးရဲလ္ကြင္းလယ္လူ ဂ်ိမ္းစ္႐ုိဒရီဂြက္ဇ္ကို ေႏြရာသီအဓိကပစ္မွတ္အျဖစ္ ေခၚယူဖုိ႔ ျပင္ဆင္ေနၿပီး စပိန္သတင္းစာေတြရဲ႕ေဖာ္ျပခ်က္အရ လာမယ့္ေႏြရာသီမွာ ကိုလံဘီယာအသင္းေခါင္းေဆာင္ကို ေပါင္ ၇၃သန္းနဲ႔ ေခၚယူဖို႔ ရွိတယ္လုိ႔ သိရပါတယ္။
႐ုိဒရီဂြက္ဇ္ဟာ ရီးရဲလ္နည္းျပ ဇီဒန္းရဲ႕လက္ေအာက္မွာ ပုံမွန္ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနသလုိ ဘိုင္ယန္မွာ ၂ရာသီၾကာအငွားကစားခဲ့တုန္းကလည္း ေျခစြမ္းမျပႏိုင္ခဲ့လုိ႔ ဘိုင္ယန္က သူ႕ကို အၿပီးသတ္ေခၚယူဖို႔ ျငင္းဆန္ခဲ့ပါတယ္။
အသက္ ၂၈ႏွစ္အရြယ္ရွိ ႐ုိဒရီဂြက္ဇ္ဟာ ၂၀၁၄ ခုႏွစ္က မိုနာကိုအသင္းကေန ေျပာင္းေရႊ႕ေၾကးျမင့္မားစြာနဲ႔ ေရာက္ရွိလာခ်ိန္ကတည္းက ဒဏ္ရာျပႆနာေတြေၾကာင့္ ႐ုန္းကန္ခဲ့ရၿပီး El Desmarque ရဲ႕ေဖာ္ျပခ်က္အရ ၀ုဗ္အသင္းက ကုိလံဘီယာၾကယ္ပြင့္ကို လာမယ့္ေႏြေစ်းကြက္အတြင္း အံ့အားသင့္ဖြယ္ေခၚယူဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။
၀ုဗ္အသင္းဟာ စူပါေအးဂ်င့္ ေဂ်ာ့ခ်္မန္ဒက္စ္နဲ႔ ဆက္ဆံေရးေကာင္းမြန္မႈကို အသုံးခ်ကာ ႐ိုဒရီဂြက္ဇ္ကိုလည္း ေခၚယူႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္ေနၿပီး ေပၚတူဂီႏုိင္ငံသား မန္ဒက္စ္က ႐ိုဒရီဂြက္ဇ္ရဲ႕ေအးဂ်င့္လည္းျဖစ္ပါတယ္။
၀ုဗ္ဟာ ၂၀၁၈ ခုႏွစ္က ပရီးမီးယားလိဂ္ကို တန္းတက္လာၿပီးေနာက္ ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပေနၿပီး ရာအူးလ္ဂ်ီမီနက္ဇ္၊ ယာအိုေမာ္တင္ညိဳနဲ႔ ပက္ထရစ္စီယိုတုိ႔လည္း ထင္ေပၚေနပါတယ္။
၀ုဗ္အသင္းဟာ ၂၀၁၉ ခုႏွစ္က ဂ်ီမီနက္ဇ္ကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၂သန္းနဲ႔ ေခၚယူထားၿပီး ႐ိုဒရီဂြက္ဇ္ကို ေခၚယူမယ္ဆိုရင္ ကလပ္စံခ်ိန္သစ္တင္ရမွာျဖစ္ပါတယ္။
႐ိုဒရီဂြက္ဇ္ဟာ ယခုရာသီမွာ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၃ပဲြသာ ကစားခြင့္ရထားၿပီး ၁ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၂ႀကိမ္သာ ျပဳလုပ္ေပးထားႏုိင္ပါတယ္။