

Sky Sports ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်နေတဲ့ မော်ရင်ညိုဟာ ရီးရဲလ်ကိုတစ်ကျော့ပြန်ကိုင်တွယ်ခွင့်ရဖို့စောင့်ဆိုင်းနေပြီး သူ့ရဲ့လက်ထောက်အဖြစ် အလွန်ဆိုကိုတာဝန်ပေးအပ်ဖို့အထိ စီစဉ်ထားတယ်လို့ သတင်းထွက်လာပါတယ်။ မော်ရင်ညို ဟာမန်ယူအသင်းကနေထုတ်ပယ်ခံရပြီးနောက်ပိုင်း ဥရောပတစ်လွှားကအသင်းတွေရဲ့ကမ်းလှမ်းမှုအချို့ကို ငြင်းဆန်ထားသူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ပေါ်တူဂီသားဟာ ဒေါ့တ်မန်အသင်းကိုကိုင်တွယ်ဖို့အတွက်ချိတ်ဆက်နေပြီး ဂျာမန်ဘာသာစကားသင်ကြားနေတယ်လို့ သတင်းထွက်လာပေမယ့် ဒေါ့တ်မန်အသင်းဘက်ကတော့ ငြင်းဆန်လိုက်ပါတယ်။ တန်းတက်မာယော့ကာကိုအရေးနိမ့်ပြီးတဲ့နောက် ရီးရဲလ်ဟာနည်းပြဇီဒန်းကိုထုတ်ပယ်ဖို့ အလွန်နီးစပ်နေသလို လာမယ့်ပွဲစဉ်တွေမှာ အမှားအယွင်းရှိလာမယ်ဆိုရင် မော်ရင်ညိုနဲ့အစားထိုးဖို့ရှိနေတာပါ။

စပိန်သတင်းစာ Diario AS ကမော်ရင်ညိုဟာ ရီးရဲလ်ကိုကိုင်တွယ်ဖို့အတွက်ဆုံးဖြတ်ထားတယ်လို့ဖော်ပြခဲ့သလို Diario Sport ကလည်း မော်ရင်ညိုသာရီးရဲလ်နည်းပြဖြစ်လာရင် ဆိုစီဒက်လူငယ်အသင်းကိုကိုင်တွယ်နေတဲ့ အလွန်ဆိုက သူ့ရဲ့လက်ထောက်နည်းပြဖြစ်လာနိုင်တယ်လို့ ရေးသားလိုက်ပါတယ်။ မော်ရင်ညိုဟာ ၂၀၁၀ကနေ ၂၀၁၃အထိရီးရဲလ်နည်းပြအဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ၂၀၁၂မှာလာလီဂါချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

သူ့ရဲ့ရီးရဲလ်နည်းပြဘ၀ ၁၇၈ပွဲမှာ ၁၂၈ပွဲအထိအနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့သလို ၂၀၁၁မှာ စပိန်ဘုရင့်ဖလားနဲ့ စပိန်စူပါဖလားတို့ကိုရယူခဲ့သူဖြစ်ပါတယ်။ ပေါ်တူဂီလူမျိုးနည်းပြဟာ ရီးရဲလ်ဥက္ကဠပီရက်ဇ်နဲ့ဆက်ဆံရေးကောင်းရှိသူဖြစ်လို သူ့ရဲ့ဘာနေဗျူးတစ်ကျော့ပြန်ခရီးစဉ်က ဖြစ်လာနိုင်စရာအခြေအနေများနေတယ်လို့ သတင်းတွေကဆိုပါတယ်။
(zawgyi)
Sky Sports ရုပ္သံအစီအစဥ္တင္ဆက္သူအျဖစ္ေဆာင္ရြက္ေနတဲ့ ေမာ္ရင္ညိဳဟာ ရီးရဲလ္ကိုတစ္ေက်ာ့ျပန္ကိုင္တြယ္ခြင့္ရဖို႔ေစာင့္ဆိုင္းေနျပီး သူ႔ရဲ့လက္ေထာက္အျဖစ္ အလြန္ဆိုကိုတာ၀န္ေပးအပ္ဖို႔အထိ စီစဥ္ထားတယ္လို႔ သတင္းထြက္လာပါတယ္။ ေမာ္ရင္ညိဳ ဟာမန္ယူအသင္းကေနထုတ္ပယ္ခံရျပီးေနာက္ပိုင္း ဥေရာပတစ္လႊားကအသင္းေတြရဲ့ကမ္းလွမ္းမႈအခ်ိဳ႔ကို ျငင္းဆန္ထားသူလည္းျဖစ္ပါတယ္။ ျပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာေတာ့ ေပၚတူဂီသားဟာ ေဒါ့တ္မန္အသင္းကိုကိုင္တြယ္ဖို႔အတြက္ခ်ိတ္ဆက္ေနျပီး ဂ်ာမန္ဘာသာစကားသင္ၾကားေနတယ္လို႔ သတင္းထြက္လာေပမယ့္ ေဒါ့တ္မန္အသင္းဘက္ကေတာ့ ျငင္းဆန္လိုက္ပါတယ္။ တန္းတက္မာေယာ့ကာကိုအေရးနိမ့္ျပီးတဲ့ေနာက္ ရီးရဲလ္ဟာနည္းျပဇီဒန္းကိုထုတ္ပယ္ဖို႔ အလြန္နီးစပ္ေနသလို လာမယ့္ပြဲစဥ္ေတြမွာ အမွားအယြင္းရွိလာမယ္ဆိုရင္ ေမာ္ရင္ညိဳနဲ႔အစားထိုးဖို႔ရွိေနတာပါ။ စပိန္သတင္းစာ Diario AS ကေမာ္ရင္ညိဳဟာ ရီးရဲလ္ကိုကိုင္တြယ္ဖို႔အတြက္ဆံုးျဖတ္ထားတယ္လို႔ေဖာ္ျပခဲ့သလို Diario Sport ကလည္း ေမာ္ရင္ညိဳသာရီးရဲလ္နည္းျပျဖစ္လာရင္ ဆိုစီဒက္လူငယ္အသင္းကိုကိုင္တြယ္ေနတဲ့ အလြန္ဆိုက သူ႔ရဲ့လက္ေထာက္နည္းျပျဖစ္လာႏိုင္တယ္လို႔ ေရးသားလိုက္ပါတယ္။ ေမာ္ရင္ညိဳဟာ ၂၀၁၀ကေန ၂၀၁၃အထိရီးရဲလ္နည္းျပအျဖစ္တာ၀န္ယူခဲ့ဖူးသူျဖစ္ျပီး ၂၀၁၂မွာလာလီဂါခ်န္ပီယံဆုကို ရယူႏိုင္ခဲ့ပါတယ္။ သူ႔ရဲ့ရီးရဲလ္နည္းျပဘ၀ ၁၇၈ပြဲမွာ ၁၂၈ပြဲအထိအႏိုင္ရေအာင္စြမ္းေဆာင္ႏိုင္ခဲ့သလို ၂၀၁၁မွာ စပိန္ဘုရင့္ဖလားနဲ႔ စပိန္စူပါဖလားတို႔ကိုရယူခဲ့သူျဖစ္ပါတယ္။ ေပၚတူဂီလူမ်ိဳးနည္းျပဟာ ရီးရဲလ္ဥကၠဠပီရက္ဇ္နဲ႔ဆက္ဆံေရးေကာင္းရွိသူျဖစ္လို သူ႔ရဲ႕ဘာေနဗ်ဴးတစ္ေက်ာ့ျပန္ခရီးစဥ္က ျဖစ္လာႏိုင္စရာအေျခအေနမ်ားေနတယ္လို႔ သတင္းေတြကဆိုပါတယ္။