

လာမယ့်ဇန်နဝါရီလမှာ ရီးရဲလ်ကနေထွက်ခွာဖို့အစီအစဉ်ကို ကွင်းလယ်လူအစ္စကိုဘက်က လက်ခံလိုက်ပြီလို့ သိရပါတယ်။စပိန်သားဟာ ရီးရဲလ်အတွက် ဒီရာသီလာလီဂါမှာ မိနစ် ၁၇၀ သာ ကစားခွင့်ရထားပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသူပါ။စပိန်သတင်းစာ AS ကတော့ အစ္စကိုဟာ ပရီးမီးယားလိဂ်ကိုရောက်ဖို့များတယ်လို့ ရေးသားလိုက်ပြီး မန်စီးတီးနဲ့အာဆင်နယ်တို့ရဲ့ စိတ်ဝင်စားမှုကိုခံနေရတယ်လို့ သိရပါတယ်။

အာဆင်နယ်အနေနဲ့ကတော့ ခြေကျနေပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်လူအိုဇေးလ်ကို လာမယ့်ဇန်နဝါရီဈေးကွက်မှာ အသင်းကနေထွက်ခွာခွင့်ပေးဖွယ်ရှိနေသလို အစ္စကိုနဲ့အစားထိုးဖို့စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။စပိန်သားရဲ့ ရီးရဲလ်နဲ့စာချုပ်သက်တမ်းက ၂၀၂၂ ခုနှစ် နွေရာသီအထိရှိနေပေမယ့် မက်ဒရစ်အခြေစိုက်ကလပ်က စပါးကွင်းလယ်လူအဲရစ်ဆင်ကိုခေါ်ယူဖို့ပြင်ဆင်နေတာကြောင့် အခုလိုအသင်းကနေ ထွက်ခွာခွင့်ပေးလိုက်တာလို့လည်းသိရပါတယ်။

အစ္စကိုဟာ ၂၀၁၃ခုနှစ် မေလမှာ မာလာဂါကနေ ရီးရဲလ်ကိုစတင်ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မက်ဒရစ်ကလပ်အတွက် ပြိုင်ပွဲစုံ ၄၈ဂိုးသွင်း၊၅၂ကြိမ် ဖန်တီးမှုလုပ်ပေးထားသူပါ။ရီးရဲလ်ကစားသမားဘဝမှာ ချန်ပီယံလိဂ်ဖလား ၄ကြိမ်၊လာလီဂါဖလား ၁ကြိမ်နဲ့ဘုရင့်ဖလား ၁ကြိမ်ရရှိခဲ့ပါတယ်။ဒါပေမဲ့ အသက် ၂၇နှစ်အရွယ်ကွင်းလယ်လူဟာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ နှစ်စဉ်တိုင်းလိုရုန်းကန်ခဲ့ရတာကြောင့် အခုလို ဘာနေဗျူးကိုစွန့်ခွာဖို့အထိဖြစ်လာခဲ့ရတာပါ။
(zawgyi)
လာမယ့္ဇန္န၀ါရီလမွာ ရီးရဲလ္ကေနထြက္ခြာဖို႔အစီအစဥ္ကို ကြင္းလယ္လူအစၥကိုဘက္က လက္ခံလိုက္ၿပီလို႔ သိရပါတယ္။စပိန္သားဟာ ရီးရဲလ္အတြက္ ဒီရာသီလာလီဂါမွာ မိနစ္ ၁၇၀ သာ ကစားခြင့္ရထားၿပီး ပံုမွန္ပြဲထြက္ခြင့္ရဖို႔ ရုန္းကန္ေနရသူပါ။စပိန္သတင္းစာ AS ကေတာ့ အစၥကိုဟာ ပရီးမီးယားလိဂ္ကိုေရာက္ဖို႔မ်ားတယ္လို႔ ေရးသားလိုက္ၿပီး မန္စီးတီးနဲ႔အာဆင္နယ္တို႔ရဲ႕ စိတ္၀င္စားမႈကိုခံေနရတယ္လို႔ သိရပါတယ္။အာဆင္နယ္အေနနဲ႔ကေတာ့ ေျခက်ေနၿပီး ပံုမွန္ပြဲထြက္ခြင့္ရဖို႔ ရုန္းကန္ေနရတဲ့ ကြင္းလယ္လူအိုေဇးလ္ကို လာမယ့္ဇန္န၀ါရီေစ်းကြက္မွာ အသင္းကေနထြက္ခြာခြင့္ေပးဖြယ္ရွိေနသလို အစၥကိုနဲ႔အစားထိုးဖို႔စီစဥ္ေနတယ္လို႔ သတင္းထြက္ေနပါတယ္။စပိန္သားရဲ႕ ရီးရဲလ္နဲ႔စာခ်ဳပ္သက္တမ္းက ၂၀၂၂ ခုႏွစ္ ေႏြရာသီအထိရွိေနေပမယ့္ မက္ဒရစ္အေျခစိုက္ကလပ္က စပါးကြင္းလယ္လူအဲရစ္ဆင္ကိုေခၚယူဖို႔ျပင္ဆင္ေနတာေၾကာင့္ အခုလိုအသင္းကေန ထြက္ခြာခြင့္ေပးလိုက္တာလို႔လည္းသိရပါတယ္။အစၥကိုဟာ ၂၀၁၃ခုႏွစ္ ေမလမွာ မာလာဂါကေန ရီးရဲလ္ကိုစတင္ေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး မက္ဒရစ္ကလပ္အတြက္ ၿပိဳင္ပြဲစံု ၄၈ဂိုးသြင္း၊၅၂ႀကိမ္ ဖန္တီးမႈလုပ္ေပးထားသူပါ။ရီးရဲလ္ကစားသမားဘ၀မွာ ခ်န္ပီယံလိဂ္ဖလား ၄ႀကိမ္၊လာလီဂါဖလား ၁ႀကိမ္နဲ႔ဘုရင့္ဖလား ၁ႀကိမ္ရရွိခဲ့ပါတယ္။ဒါေပမဲ့ အသက္ ၂၇ႏွစ္အရြယ္ကြင္းလယ္လူဟာ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ ႏွစ္စဥ္တိုင္းလိုရုန္းကန္ခဲ့ရတာေၾကာင့္ အခုလို ဘာေနဗ်ဴးကိုစြန္႔ခြာဖို႔အထိျဖစ္လာခဲ့ရတာပါ။