ရီးရဲလ္မက္ဒရစ္မွာ ဘက္ခမ္း၀တ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ 23 ဂ်ာစီကို၀တ္ဆင္ဖုိ႔ ဟာဇက္ေရြးခ်ယ္

ရီးရဲလ္မက္ဒရစ္ရဲ႕ ကြင္းလယ္တုိက္စစ္ကစားသမားသစ္ျဖစ္လာတဲ့ ဟာဇက္ဟာ လာမယ့္ရာသီမွာ ေက်ာနံပါတ္ 23 ဂ်ာစီကို ၀တ္ဆင္ဖို႔ ေရြးခ်ယ္လိုက္ပါတယ္။

ရီးရဲလ္မက္ဒရစ္ရဲ႕ ေက်ာနံပါတ္ 23 ဂ်ာစီဟာ အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္း ေဒးဗစ္ဘက္ခမ္း၀တ္ဆင္ခဲ့ဖူးတဲ့ ဂ်ာစီနံပတ္ျဖစ္ၿပီး အဲဒီနံပါတ္ကို ေနာက္ဆံုး၀တ္ဆင္ခဲ့သူကေတာ့ လက္ရိွရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ အစၥကိုပဲျဖစ္ပါတယ္။

ဟာဇက္ဟာ ခ်ဲလ္ဆီးနဲ႔ ဘယ္လ္ဂ်ီယံအသင္းမွာ ေက်ာနံပါတ္ 10 ဂ်ာစီကို ၀တ္ဆင္ခဲ့ေပမယ့္ ရီးရဲလ္မက္ဒရစ္အသင္းမွာက ေက်ာနံပါတ္ 10 ဂ်ာစီကို လူကာမိုဒရစ္ ၀တ္ဆင္ထားတာေၾကာင့္အျခားနံပါတ္တစ္ခုကို ေရြးခ်ယ္ခဲ့ရတာပါ။

ဟာဇက္အေနနဲ႔ ေက်ာနံပါတ္ 23 ဂ်ာစီကို ၀တ္ဆင္ခဲ့တာဟာ ကမာၻေက်ာ္ဘတ္စကတ္ေဘာ ကစားသမားေတြျဖစ္တဲ့ လီဘရြန္ဂ်ိမ္းစ္၊ မိုက္ကယ္ေဂ်ာ္ဒန္တို႔ကို ႏွစ္သက္ခဲ့တာေၾကာင့္ အဲဒီနံပါတ္ကို ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

ဘတ္စကတ္ေဘာဂႏၳ၀င္ကစားသမားႀကီး မိုက္ကယ္ေဂ်ာ္ဒန္ဟာ ခ်ီကာဂိုဘူးလ္အသင္းမွာ ေက်ာနံပါတ္ 23 ဂ်ာစီကိုပဲ ၀တ္ဆင္ခဲ့တာျဖစ္ၿပီး လီဘရြန္းဂ်ိမ္းစ္ကေတာ့လက္ရိွ ကလီဗီလန္းအသင္းမွာ ေက်ာနံပါတ္ 23 ကို ၀တ္ဆင္ေနတာျဖစ္ပါတယ္။ ဟာဇက္ဟာ ဘက္စကတ္ေဘာ ကစားတာကို ႏွစ္သက္တဲ့အတြက္ ဂႏၳ၀င္ကစားသမားေတြကို ေက်ာနံပါတ္ကို ေရြးခ်ယ္ခဲ့တာလည္းျဖစ္ပါတယ္။

 

ဟာဇက္ဟာ ယခုေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ခ်ဲလ္ဆီးကေန သူ႔ရဲ႕ ငယ္ဘ၀အိုင္ေဒါျဖစ္တဲ့ ဇီဒန္းကိုင္တြယ္ေနတဲ့ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ေၾကး ေပါင္သန္း 150 နဲ႔ ေျပာင္းေရႊြ႕လာခဲ့တာျဖစ္ၿပီး မၾကာခင္မွာ အသင္းသစ္နဲ႔အတူ အင္တာေနရွင္နယ္ခ်န္ပီယံမ်ားဖလားၿပိဳင္ပြဲကို ပါ၀င္ကစားေတာ့မွာျဖစ္ပါတယ္။

[Unicode]

ရီးရဲလ်မက်ဒရစ်မှာ ဘက်ခမ်းဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် 23 ဂျာစီကိုဝတ်ဆင်ဖို့ ဟာဇက်ရွေးချယ်
===================================

ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်တိုက်စစ်ကစားသမားသစ်ဖြစ်လာတဲ့ ဟာဇက်ဟာ လာမယ့်ရာသီမှာ ကျောနံပါတ် 23 ဂျာစီကို ဝတ်ဆင်ဖို့ ရွေးချယ်လိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ကျောနံပါတ် 23 ဂျာစီဟာ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းဝတ်ဆင်ခဲ့ဖူးတဲ့ ဂျာစီနံပတ်ဖြစ်ပြီး အဲဒီနံပါတ်ကို နောက်ဆုံးဝတ်ဆင်ခဲ့သူကတော့ လက်ရှိရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အစ္စကိုပဲဖြစ်ပါတယ်။

ဟာဇက်ဟာ ချဲလ်ဆီးနဲ့ ဘယ်လ်ဂျီယံအသင်းမှာ ကျောနံပါတ် 10 ဂျာစီကို ဝတ်ဆင်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းမှာက ကျောနံပါတ် 10 ဂျာစီကို လူကာမိုဒရစ် ဝတ်ဆင်ထားတာကြောင့်အခြားနံပါတ်တစ်ခုကို ရွေးချယ်ခဲ့ရတာပါ။

ဟာဇက်အနေနဲ့ ကျောနံပါတ် 23 ဂျာစီကို ဝတ်ဆင်ခဲ့တာဟာ ကမ္ဘာကျော်ဘတ်စကတ်ဘော ကစားသမားတွေဖြစ်တဲ့ လီဘရွန်ဂျိမ်းစ်၊ မိုက်ကယ်ဂျော်ဒန်တို့ကို နှစ်သက်ခဲ့တာကြောင့် အဲဒီနံပါတ်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဘတ်စကတ်ဘောဂန္ထဝင်ကစားသမားကြီး မိုက်ကယ်ဂျော်ဒန်ဟာ ချီကာဂိုဘူးလ်အသင်းမှာ ကျောနံပါတ် 23 ဂျာစီကိုပဲ ဝတ်ဆင်ခဲ့တာဖြစ်ပြီး လီဘရွန်းဂျိမ်းစ်ကတော့လက်ရှိ ကလီဗီလန်းအသင်းမှာ ကျောနံပါတ် 23 ကို ဝတ်ဆင်နေတာဖြစ်ပါတယ်။ ဟာဇက်ဟာ ဘက်စကတ်ဘော ကစားတာကို နှစ်သက်တဲ့အတွက် ဂန္ထဝင်ကစားသမားတွေကို ကျောနံပါတ်ကို ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။

ဟာဇက်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ချဲလ်ဆီးကနေ သူ့ရဲ့ ငယ်ဘဝအိုင်ဒေါဖြစ်တဲ့ ဇီဒန်းကိုင်တွယ်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း 150 နဲ့ ပြောင်းရွှွေ့လာခဲ့တာဖြစ်ပြီး မကြာခင်မှာ အသင်းသစ်နဲ့အတူ အင်တာနေရှင်နယ်ချန်ပီယံများဖလားပြိုင်ပွဲကို ပါဝင်ကစားတော့မှာဖြစ်ပါတယ်။