ရီးရဲလ္ပစ္မွတ္ ေပါ့ဂ္ဘာကို ကာလရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ ယူႏုိက္တက္ကမ္းလွမ္း

Photo Credit ; Getty Images

Photo Credit ; Getty Images

ယူႏုိက္တက္ဟာ ကြင္းလယ္လူ ေပါ့ဂ္ဘာကို ကာလရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ ကမ္းလွမ္းလုိက္ၿပီးေနာက္ ရီးရဲလ္ရဲ႕စိတ္၀င္စားမႈကို ျပင္သစ္လက္ေရြးစင္ေပါ့ဂ္ဘာ ျငင္းဆန္လိမ့္မယ္လုိ႔ ယုံၾကည္လ်က္ရွိေၾကာင္း သိရပါတယ္။ ေပါ့ဂ္ဘာေရာ သူ႕ေအးဂ်င့္ျဖစ္သူ ႐ိုင္အိုလာကပါ ယခုေႏြရာသီအတြင္း ယူႏုိက္တက္ကေန ထြက္ခြာဖုိ႔ ႀကိဳးစားေနတယ္လုိ႔ လူသိရွင္ၾကားဖြင့္ဟထားေပမယ့္ နည္းျပဆုိးလ္ရွားကေတာ့ အနာဂတ္စီမံကိန္းမွာ ေပါ့ဂ္ဘာကို အဓိကေနရာကေန ထည့္သြင္းတည္ေဆာက္ထားတယ္လုိ႔ အခုိင္အမာေျပာၾကားခဲ့ပါတယ္။

Photo Credit ; Getty Images

႐ိုင္အုိလာက ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္အျဖစ္ ၾသစေၾတးလ်ကိုမထြက္ခြာခင္ ရက္ပိုင္းအလုိမွာ အသင္းကေန ေပါ့ဂ္ဘာထြက္ခြာဖုိ႔ လုပ္ေဆာင္ေနတယ္လုိ႔ ဖြင့္ဟခဲ့ၿပီးေနာက္ ပါ့သ္ၿမိဳ႕ကို ထြက္ခြာတဲ့ အသင္းနဲ႔အတူ ေပါ့ဂ္ဘာ မလုိက္ပါမွာကို အသင္းတာ၀န္ရွိသူေတြ စုိးရိမ္ခဲ့ၾကပါတယ္။ ဒါေပမဲ့ Metro သတင္းဌာနက ဆုိးလ္ရွားနဲ႔နည္းျပအဖြဲ႕၀င္ေတြဟာ ရာသီႀကိဳေျခစမ္းပြဲကာလအတြင္း ေပါ့ဂ္ဘာရဲ႕ျပဳမူေျပာဆုိပုံေတြအေပၚ သေဘာက်ေနၿပီး ႀကိဳးစားအားထုတ္မႈလည္း ေျပာင္းလဲမသြားဘူးလုိ႔ ယုံၾကည္ေနေၾကာင္း သိရပါတယ္။

Photo Credit ; Getty Images

ယူႏုိက္တက္ဟာ ယခုေႏြရာသီအတြင္း ေပါ့ဂ္ဘာကို ဆက္ထိန္းႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ထားၿပီး ကမၻာ့ဖလားဆုရွင္ ေပါ့ဂ္ဘာအတြက္ သူတုိ႔သတ္မွတ္ထားတဲ့ ေျပာင္းေရႊ႕ေၾကးေပါင္သန္း ၁၅၀ ေပးေခ်ႏုိင္မယ့္အသင္းလည္း ရွိလာလိမ့္မယ္လုိ႔ မထင္ေၾကာင္း သိရပါတယ္။ ဆုိးလ္ရွားဟာ အသင္းရွိလူငယ္ကစားသမားေတြအေပၚ ေပါ့ဂ္ဘာရဲ႕လႊမ္းမိုးႏိုင္မႈနဲ႔ပတ္သက္လုိ႔ စိုးရိမ္ေနၿပီး အင္တာမီလန္နဲ႔ပြဲမွာ အသင္းေခါင္းေဆာင္အျဖစ္ ေပါ့ဂ္ဘာအစား ကြင္းလယ္လူမာတစ္ကို တာ၀န္ေပးအပ္ခဲ့ပါတယ္။

Photo Credit ; Getty Images

ဒါေပမဲ့ ကစားသမားသစ္ေတြျဖစ္တဲ့ ၀မ္ဘစ္ဆာကာနဲ႔ ဒန္နီရယ္ဂ်ိမ္းစ္တုိ႔ကို ေပါ့ဂ္ဘာ ၀မ္းပန္းတသာႀကိဳဆုိခဲ့တာနဲ႔ပတ္သက္လု႔ိ ယူႏုိက္တက္နည္းျပအဖြဲ႕က သေဘာက်ေနၿပီး အသင္းရဲ႕အ၀တ္လဲခန္းအတြင္း ျပယုဂ္ျဖစ္လာေရး ေပါ့ဂ္ဘာရဲ႕ႀကိဳးစားမႈကိုလည္း အသိအမွတ္ျပဳခ့ဲပါတယ္။ ယူႏိုက္တက္ဟာ ၂၀၁၆ ေႏြရာသီက ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး(ထိုစဥ္က)နဲ႔ ဂ်ဴဗင္တပ္စ္ကေန ၆ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိကာ ျပန္လည္ေခၚယူခဲ့တဲ့ ေပါ့ဂ္ဘာကို သက္တမ္းကုန္ဆုံးဖုိ႔ ၃ႏွစ္က်န္ေသးေပမယ့္ ကာလရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖုိ႔ ကမ္းလွမ္းထားၿပီး ဆန္းခ်က္ဇ္ၿပီးေနာက္ အသင္းရဲ႕ဒုတိယေျမာက္လုပ္ခလစာအမ်ားဆုံးကစားသမားအျဖစ္ လစာတုိးေပးဖို႔ စီစဥ္ေနပါတယ္။

Photo Credit

Unicode

ရီးရဲလ်ပစ်မှတ် ပေါ့ဂ်ဘာကို ကာလရှည်စာချုပ်သစ်ချုပ်ဆိုဖို့ ယူနိုက်တက်ကမ်းလှမ်း

ယူနိုက်တက်ဟာ ကွင်းလယ်လူ ပေါ့ဂ်ဘာကို ကာလရှည်စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းလိုက်ပြီးနောက် ရီးရဲလ်ရဲ့စိတ်ဝင်စားမှုကို ပြင်သစ်လက်ရွေးစင်ပေါ့ဂ်ဘာ ငြင်းဆန်လိမ့်မယ်လို့ ယုံကြည်လျက်ရှိကြောင်း သိရပါတယ်။ ပေါ့ဂ်ဘာရော သူ့အေးဂျင့်ဖြစ်သူ ရိုင်အိုလာကပါ ယခုနွေရာသီအတွင်း ယူနိုက်တက်ကနေ ထွက်ခွာဖို့ ကြိုးစားနေတယ်လို့ လူသိရှင်ကြားဖွင့်ဟထားပေမယ့် နည်းပြဆိုးလ်ရှားကတော့ အနာဂတ်စီမံကိန်းမှာ ပေါ့ဂ်ဘာကို အဓိကနေရာကနေ ထည့်သွင်းတည်ဆောက်ထားတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
ရိုင်အိုလာက ရာသီကြိုခြေစမ်းပွဲခရီးစဉ်အဖြစ် သြစတြေးလျကိုမထွက်ခွာခင် ရက်ပိုင်းအလိုမှာ အသင်းကနေ ပေါ့ဂ်ဘာထွက်ခွာဖို့ လုပ်ဆောင်နေတယ်လို့ ဖွင့်ဟခဲ့ပြီးနောက် ပါ့သ်မြို့ကို ထွက်ခွာတဲ့ အသင်းနဲ့အတူ ပေါ့ဂ်ဘာ မလိုက်ပါမှာကို အသင်းတာဝန်ရှိသူတွေ စိုးရိမ်ခဲ့ကြပါတယ်။ ဒါပေမဲ့ Metro သတင်းဌာနက ဆိုးလ်ရှားနဲ့နည်းပြအဖွဲ့ဝင်တွေဟာ ရာသီကြိုခြေစမ်းပွဲကာလအတွင်း ပေါ့ဂ်ဘာရဲ့ပြုမူပြောဆိုပုံတွေအပေါ် သဘောကျနေပြီး ကြိုးစားအားထုတ်မှုလည်း ပြောင်းလဲမသွားဘူးလို့ ယုံကြည်နေကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း ပေါ့ဂ်ဘာကို ဆက်ထိန်းနိုင်လိမ့်မယ်လို့ ယုံကြည်ထားပြီး ကမ္ဘာ့ဖလားဆုရှင် ပေါ့ဂ်ဘာအတွက် သူတို့သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း ၁၅၀ ပေးချေနိုင်မယ့်အသင်းလည်း ရှိလာလိမ့်မယ်လို့ မထင်ကြောင်း သိရပါတယ်။ ဆိုးလ်ရှားဟာ အသင်းရှိလူငယ်ကစားသမားတွေအပေါ် ပေါ့ဂ်ဘာရဲ့လွှမ်းမိုးနိုင်မှုနဲ့ပတ်သက်လို့ စိုးရိမ်နေပြီး အင်တာမီလန်နဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပေါ့ဂ်ဘာအစား ကွင်းလယ်လူမာတစ်ကို တာဝန်ပေးအပ်ခဲ့ပါတယ်။
ဒါပေမဲ့ ကစားသမားသစ်တွေဖြစ်တဲ့ ဝမ်ဘစ်ဆာကာနဲ့ ဒန်နီရယ်ဂျိမ်းစ်တို့ကို ပေါ့ဂ်ဘာ ဝမ်းပန်းတသာကြိုဆိုခဲ့တာနဲ့ပတ်သက်လု့ိ ယူနိုက်တက်နည်းပြအဖွဲ့က သဘောကျနေပြီး အသင်းရဲ့အဝတ်လဲခန်းအတွင်း ပြယုဂ်ဖြစ်လာရေး ပေါ့ဂ်ဘာရဲ့ကြိုးစားမှုကိုလည်း အသိအမှတ်ပြုခဲ့ပါတယ်။ ယူနိုက်တက်ဟာ ၂၀၁၆ နွေရာသီက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး(ထိုစဉ်က)နဲ့ ဂျူဗင်တပ်စ်ကနေ ၆နှစ်စာချုပ်ချုပ်ဆိုကာ ပြန်လည်ခေါ်ယူခဲ့တဲ့ ပေါ့ဂ်ဘာကို သက်တမ်းကုန်ဆုံးဖို့ ၃နှစ်ကျန်သေးပေမယ့် ကာလရှည်စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားပြီး ဆန်းချက်ဇ်ပြီးနောက် အသင်းရဲ့ဒုတိယမြောက်လုပ်ခလစာအများဆုံးကစားသမားအဖြစ် လစာတိုးပေးဖို့ စီစဉ်နေပါတယ်။