ရီးရဲလ္ကို ေျပာင္းဖို႔ မာေနးကို ဆီနီေဂါအက္ဖ္ေအအႀကီးအကဲ တုိက္တြန္း

Photo Credit

Photo Credit ; AFP / Getty Images

ဆီနီေဂါအက္ဖ္ေအအႀကီးအကဲျဖစ္သူက လက္ေရြးစင္အသင္းတုိက္စစ္မွဴး မာေနးအေနနဲ႔ ရီးရဲလ္ကို ေျပာင္းေရႊ႕သင့္ေၾကာင္း တုိက္တြန္းလုိက္ပါတယ္။ လီဗာပူးအသင္းတုိက္စစ္မွဴး မာေနးဟာ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဖလားရယူႏုိင္ခဲ့သလို ပရီးမီးယားလိဂ္ပူးတြဲဂိုးသြင္းဘုရင္အျဖစ္လည္း ရပ္တည္ႏိုင္ခ့ဲၿပီး ရီးရဲလ္နည္းျပ ဇီဒန္းက သူ႕ရဲ႕အမာခံပရိသတ္တစ္ဦးလည္းျဖစ္ပါတယ္။

Photo Credit ; Getty Images

ယခုအခါ ဆီနီေဂါအက္ဖ္ေအအႀကီးအကဲ ဆားဆက္ခ္က အသက္ ၂၇ႏွစ္အရြယ္ရွိ မာေနးအေနနဲ႔ ဘာေနဗ်ဴးအေျခစိုက္အသင္းကို ေျပာင္းေရႊ႕ဖို႔ အခ်ိန္က်ၿပီလုိ႔ ေျပာၾကားခဲ့ပါတယ္။ ”မာေနးဟာ ကမၻာ့အေကာင္းဆုံးကစားသမား ၁၀ဦးစာရင္း၀င္ဆုိတာ အားလုံးလက္ခံထားသလို ၿပီးခဲ့တဲ့ရာသီကလည္း လီဗာပူးနဲ႔အတူ ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့ပါတယ္။ သူနဲ႔အတူ ဆာလာ၊ ဖာမီႏိုတို႔အတြဲက ေၾကာက္စရာေကာင္းပါတယ္”

Photo Credit ; Getty Images

”ဒါေပမဲ့ ေဘာလုံးေလာကမွာ အားလုံးကို တရားေသတြက္ထားလုိ႔မရဘဲ သူက ခ်န္ပီယံလိဂ္ဖလားရယူထားၿပီးျဖစ္ကာ ရီးရဲလ္ကို ေျပာင္းဖုိ႔လည္း အခြင့္အေရးရထားပါတယ္။ ကၽြန္ေတာ့္အေနနဲ႔ေျပာရရင္ ရီးရဲလ္က ကမၻာ့အေကာင္းဆုံးကလပ္ျဖစ္ၿပီး ဒါေတာင္ ကၽြန္ေတာ္က ဘာစီလုိနာပရိသတ္ေနာ္။ ရီးရဲလ္က အေကာင္းဆုံးကလပ္ျဖစ္ၿပီး မာေနးအေနနဲ႔လည္း ဒီအခ်က္ကို ေသခ်ာေလးစဥ္းစားသင့္ပါတယ္”လု႔ိ ဆက္ခ္က ေျပာပါတယ္။

Photo Credit ; Reuters

”ကစားသမားတစ္ေယာက္ရဲ႕ဘ၀က အရမ္းတုိေတာင္းပါတယ္။ တစ္ခါတေလက်ရင္ အခြင့္အေရးေတြက အမ်ားႀကီးမရတတ္ပါဘူး။ ဇီဒန္းကလည္း မာေနးကစားပုံကို သေဘာက်သူဆုိေတာ့ မျဖစ္ႏိုင္စရာဘာမ်ားရွိလို႔လဲ။ သူဟာ ေဆာက္သမ္တန္မွာ ကစားေနတုန္းက အခြင့္အေရးရလာခ်ိန္မွာ အမိအရရယူခဲ့ၿပီး လီဗာပူးကို ေျပာင္းေရႊ႕ခဲ့ပါတယ္။ တျခားႏိုင္ငံမွာ ေနာက္ထပ္စိန္ေခၚမႈကို သူေကာင္းေကာင္းေက်ာ္ျဖတ္ႏိုင္မယ္ထင္ပါတယ္”လုိ႔ ဆက္ခ္က ဆက္ေျပာပါတယ္။ မာေနးဦးေဆာင္တဲ့ ဆီနီေဂါဟာ ယေန႔ညမွာ အာဖရိကႏိုင္ငံမ်ားဆီမီးဖုိင္နယ္ပြဲစဥ္အျဖစ္ တူနီးရွားန႔ဲကစားရမွာျဖစ္ပါတယ္။

Photo Credit

Unicode

ရီးရဲလ်ကို ပြောင်းဖို့ မာနေးကို ဆီနီဂေါအက်ဖ်အေအကြီးအကဲ တိုက်တွန်း

ဆီနီဂေါအက်ဖ်အေအကြီးအကဲဖြစ်သူက လက်ရွေးစင်အသင်းတိုက်စစ်မှူး မာနေးအနေနဲ့ ရီးရဲလ်ကို ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ လီဗာပူးအသင်းတိုက်စစ်မှူး မာနေးဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်ပူးတွဲဂိုးသွင်းဘုရင်အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပြီး ရီးရဲလ်နည်းပြ ဇီဒန်းက သူ့ရဲ့အမာခံပရိသတ်တစ်ဦးလည်းဖြစ်ပါတယ်။
ယခုအခါ ဆီနီဂေါအက်ဖ်အေအကြီးအကဲ ဆားဆက်ခ်က အသက် ၂၇နှစ်အရွယ်ရှိ မာနေးအနေနဲ့ ဘာနေဗျူးအခြေစိုက်အသင်းကို ပြောင်းရွှေ့ဖို့ အချိန်ကျပြီလို့ ပြောကြားခဲ့ပါတယ်။ ”မာနေးဟာ ကမ္ဘာ့အကောင်းဆုံးကစားသမား ၁၀ဦးစာရင်းဝင်ဆိုတာ အားလုံးလက်ခံထားသလို ပြီးခဲ့တဲ့ရာသီကလည်း လီဗာပူးနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။ သူနဲ့အတူ ဆာလာ၊ ဖာမီနိုတို့အတွဲက ကြောက်စရာကောင်းပါတယ်”
”ဒါပေမဲ့ ဘောလုံးလောကမှာ အားလုံးကို တရားသေတွက်ထားလို့မရဘဲ သူက ချန်ပီယံလိဂ်ဖလားရယူထားပြီးဖြစ်ကာ ရီးရဲလ်ကို ပြောင်းဖို့လည်း အခွင့်အရေးရထားပါတယ်။ ကျွန်တော့်အနေနဲ့ပြောရရင် ရီးရဲလ်က ကမ္ဘာ့အကောင်းဆုံးကလပ်ဖြစ်ပြီး ဒါတောင် ကျွန်တော်က ဘာစီလိုနာပရိသတ်နော်။ ရီးရဲလ်က အကောင်းဆုံးကလပ်ဖြစ်ပြီး မာနေးအနေနဲ့လည်း ဒီအချက်ကို သေချာလေးစဉ်းစားသင့်ပါတယ်”လု့ိ ဆက်ခ်က ပြောပါတယ်။
”ကစားသမားတစ်ယောက်ရဲ့ဘဝက အရမ်းတိုတောင်းပါတယ်။ တစ်ခါတလေကျရင် အခွင့်အရေးတွေက အများကြီးမရတတ်ပါဘူး။ ဇီဒန်းကလည်း မာနေးကစားပုံကို သဘောကျသူဆိုတော့ မဖြစ်နိုင်စရာဘာများရှိလို့လဲ။ သူဟာ ဆောက်သမ်တန်မှာ ကစားနေတုန်းက အခွင့်အရေးရလာချိန်မှာ အမိအရရယူခဲ့ပြီး လီဗာပူးကို ပြောင်းရွှေ့ခဲ့ပါတယ်။ တခြားနိုင်ငံမှာ နောက်ထပ်စိန်ခေါ်မှုကို သူကောင်းကောင်းကျော်ဖြတ်နိုင်မယ်ထင်ပါတယ်”လို့ ဆက်ခ်က ဆက်ပြောပါတယ်။ မာနေးဦးဆောင်တဲ့ ဆီနီဂေါဟာ ယနေ့ညမှာ အာဖရိကနိုင်ငံများဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် တူနီးရှားနဲ့ကစားရမှာဖြစ်ပါတယ်။