ရီးရဲလ္ကိုကုိင္တြယ္ရတာဟာ သူ႔နည္းျပဘ၀ရဲ႕အေကာင္းဆုံးအခိုက္အတန္႔လို႔ ေမာ္ရင္ဟိုဆုိ

MUNICH, GERMANY - JULY 30: Luca Modric of Madrid runs with the ball during the Audi Cup 2019 semi final match between Real Madrid and Tottenham Hotspur at Allianz Arena on July 30, 2019 in Munich, Germany. (Photo by Matthias Hangst/Bongarts/Getty Images)

photo-gettyimages

pph

 

pho

photo-gettyimages

ေမာ္ရင္ဟိုဟာ အင္တာမီလန္နဲ႔အတူ ဖလား ၃ လုံးေအာင္ျမင္မႈရခဲ့ဖူးပါတယ္။ ခ်ဲလ္ဆီးနဲ႔ႏွစ္ႀကိမ္စလုံးမွာလည္း ဆုဖလားေအာင္ျမင္မႈေတြရရွိခဲ့တာပါ။ မန္ယူကိုလည္း ဥေရာပမွာ ေအာင္ျမင္ေအာင္ လမ္းညႊန္ေပးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီေပၚတူဂီသားနည္းျပကေတာ့ ရီးရဲလ္မက္ဒရစ္ကိုကုိင္တြယ္ရတာဟာ သူ႔နည္းျပဘ၀ရဲ႕အေကာင္းဆံုးအခုိက္အတန္႔လို႔ ဖြင့္ဟလိုက္ပါတယ္။

photo-gettyimages

အသက္ ၅၆ ႏွစ္အရြယ္ ေမာ္ရင္ဟိုဟာ ဒီစပိန္အသင္းႀကီးကို ၂၀၁၀ ကေန ၂၀၁၃ အတြင္း ကိုင္တြယ္ခဲ့တာပါ။ ရီးရဲလ္မွာ ရွိေနစဥ္ ၂၀၁၂ မွာ ဘာစီလိုနာကိုေက်ာ္ျဖတ္ၿပီး လာလီဂါခ်န္ပီယံဆုရယူႏိုင္ခဲ့ကာ အဲဒါဟာ ရီးရဲလ္သမုိင္းမွာ မွတ္မွတ္ရရလည္း ျဖစ္ခဲ့တာပါ။ အဲဒီမွာ ခ်န္ပီယံလိဂ္က်ရႈံးမႈ ၃ ႀကိမ္တိုင္ ႀကဳံေတြ႕ခဲ့ရေပမယ့္လည္း ေမာ္ရင္ဟိုကေတာ့ ရီးရဲလ္မွာရွိေနစဥ္ဟာ သူ႔နည္းျပဘ၀ရဲ႕အေကာင္းဆုံးအမွတ္ရစရာလုိ႔ ျပန္ေျပာင္းေျပာခဲ့တာပါ။ ၂၀၁၈ ဒီဇင္ဘာလမွာ မန္ယူက အထုတ္ခံခဲ့ရၿပီးကတည္းက အသင္းလက္မဲ့ျဖစ္ေနခဲ့တဲ့ေမာ္ရင္ဟိုဟာ ရီးရဲလ္နည္းျပဘ၀ ၁၇၅ ပြဲမွာ ၁၂၅ ပြဲအႏိုင္ရခဲ့ကာ ဇီဒန္းတစ္ေက်ာ့ျပန္မေရာက္ခင္က ရီးရဲလ္ကို ျပန္ေရာက္ဖုိ႔ အေတာ္ေလးနီးနီးစပ္စပ္ရွိခဲ့ေသးတယ္။

photo-gettyimages

”ရီးရဲလ္မက္ဒရစ္ဟာ ကၽြန္ေတာ့္ရဲ႕အေကာင္းဆုံးအေတြ႕အႀကဳံျဖစ္ခဲ့တာပါ။ ဘာေၾကာင့္လဲဆုိေတာ့ နည္းျပတစ္ေယာက္အေနနဲ႔၊ လူတစ္ေယာက္အေနနဲ႔ ကၽြန္ေတာ္သင္ယူခဲ့ရတာေတြနဲ႔ ကၽြန္ေတာ့္ဘ၀နဲ႔ ကၽြန္ေတာ့္အသက္ေမြး၀မ္းေၾကာင္းမွာ ရခဲ့တဲ့သင္ခန္းစာေတြေၾကာင့္ပါ။ အဲဒါဟာ ကၽြန္ေတာ့္နည္းျပဘ၀ရဲ႕အေကာင္းဆုံးအမွတ္ရစရာျဖစ္ကာ သိပ္ေကာင္းခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႔မွာ ကမာၻ႔အေကာင္းဆုံးအသင္းရွိေနတယ္လု႔ိ သူတုိ႔ေျပာၾကသလို အျခားတစ္ဖက္မွာလည္း ဘာစီလုိနာရွိေနတာပါ။ ဘာစီလိုနာက ကၽြန္ေတာ္တို႔ကို ေခ်မႈန္းေနၿပီး အဲဒီအေျခအေနကို ကၽြန္ေတာ္တုိ႔က ေျပာင္းလဲပစ္ရတာပါ။ ဘာစီလုိနာ မေခ်မႈန္းႏိုင္ေအာင္ ကၽြန္ေတာ္တုိ႔တားဆီးရပါတယ္။ ဒါေၾကာင့္မို႔ မက္စ္တဲလားကြင္းက စပိန္ဘုရင့္ဖလားဗိုလ္လုပြဲဟာ အေရးအႀကီးဆံုးျဖစ္ခဲ့တာပါ။ အဲဒီကေနစၿပီး ဘာမွမတူညီေတာ့ဘူး။ ကၽြန္ေတာ္တုိ႔ဟာ လာလီဂါနဲ႔စပိန္စူပါဖလားတုိ႔မွာ ဗုိလ္စြဲခဲ့ေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ ကံဆုိးစြာနဲ႔ပဲ ၃ ႀကိမ္စလုံး ဆီမီးဖိုင္နယ္နဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္”လုိ႔ ေမာ္ရင္ဟိုက ေပၚတူဂီရုပ္သံတစ္ခုကို ေျပာခဲ့တာပါ။

[Unicode]

မော်ရင်ဟိုဟာ အင်တာမီလန်နဲ့အတူ ဖလား ၃ လုံးအောင်မြင်မှုရခဲ့ဖူးပါတယ်။ ချဲလ်ဆီးနဲ့နှစ်ကြိမ်စလုံးမှာလည်း ဆုဖလားအောင်မြင်မှုတွေရရှိခဲ့တာပါ။ မန်ယူကိုလည်း ဥရောပမှာ အောင်မြင်အောင် လမ်းညွှန်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပေါ်တူဂီသားနည်းပြကတော့ ရီးရဲလ်မက်ဒရစ်ကိုကိုင်တွယ်ရတာဟာ သူ့နည်းပြဘဝရဲ့အကောင်းဆုံးအခိုက်အတန့်လို့ ဖွင့်ဟလိုက်ပါတယ်။

အသက် ၅၆ နှစ်အရွယ် မော်ရင်ဟိုဟာ ဒီစပိန်အသင်းကြီးကို ၂၀၁၀ ကနေ ၂၀၁၃ အတွင်း ကိုင်တွယ်ခဲ့တာပါ။ ရီးရဲလ်မှာ ရှိနေစဉ် ၂၀၁၂ မှာ ဘာစီလိုနာကိုကျော်ဖြတ်ပြီး လာလီဂါချန်ပီယံဆုရယူနိုင်ခဲ့ကာ အဲဒါဟာ ရီးရဲလ်သမိုင်းမှာ မှတ်မှတ်ရရလည်း ဖြစ်ခဲ့တာပါ။ အဲဒီမှာ ချန်ပီယံလိဂ်ကျရှုံးမှု ၃ ကြိမ်တိုင် ကြုံတွေ့ခဲ့ရပေမယ့်လည်း မော်ရင်ဟိုကတော့ ရီးရဲလ်မှာရှိနေစဉ်ဟာ သူ့နည်းပြဘဝရဲ့အကောင်းဆုံးအမှတ်ရစရာလို့ ပြန်ပြောင်းပြောခဲ့တာပါ။ ၂၀၁၈ ဒီဇင်ဘာလမှာ မန်ယူက အထုတ်ခံခဲ့ရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့မော်ရင်ဟိုဟာ ရီးရဲလ်နည်းပြဘ၀ ၁၇၅ ပွဲမှာ ၁၂၅ ပွဲအနိုင်ရခဲ့ကာ ဇီဒန်းတစ်ကျော့ပြန်မရောက်ခင်က ရီးရဲလ်ကို ပြန်ရောက်ဖို့ အတော်လေးနီးနီးစပ်စပ်ရှိခဲ့သေးတယ်။

”ရီးရဲလ်မက်ဒရစ်ဟာ ကျွန်တော့်ရဲ့အကောင်းဆုံးအတွေ့အကြုံဖြစ်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ နည်းပြတစ်ယောက်အနေနဲ့၊ လူတစ်ယောက်အနေနဲ့ ကျွန်တော်သင်ယူခဲ့ရတာတွေနဲ့ ကျွန်တော့်ဘဝနဲ့ ကျွန်တော့်အသက်မွေးဝမ်းကြောင်းမှာ ရခဲ့တဲ့သင်ခန်းစာတွေကြောင့်ပါ။ အဲဒါဟာ ကျွန်တော့်နည်းပြဘဝရဲ့အကောင်းဆုံးအမှတ်ရစရာဖြစ်ကာ သိပ်ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့မှာ ကမ္ဘာ့အကောင်းဆုံးအသင်းရှိနေတယ်လု့ိ သူတို့ပြောကြသလို အခြားတစ်ဖက်မှာလည်း ဘာစီလိုနာရှိနေတာပါ။ ဘာစီလိုနာက ကျွန်တော်တို့ကို ချေမှုန်းနေပြီး အဲဒီအခြေအနေကို ကျွန်တော်တို့က ပြောင်းလဲပစ်ရတာပါ။ ဘာစီလိုနာ မချေမှုန်းနိုင်အောင် ကျွန်တော်တို့တားဆီးရပါတယ်။ ဒါကြောင့်မို့ မက်စ်တဲလားကွင်းက စပိန်ဘုရင့်ဖလားဗိုလ်လုပွဲဟာ အရေးအကြီးဆုံးဖြစ်ခဲ့တာပါ။ အဲဒီကနေစပြီး ဘာမှမတူညီတော့ဘူး။ ကျွန်တော်တို့ဟာ လာလီဂါနဲ့စပိန်စူပါဖလားတို့မှာ ဗိုလ်စွဲခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ ကံဆိုးစွာနဲ့ပဲ ၃ ကြိမ်စလုံး ဆီမီးဖိုင်နယ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်”လို့ မော်ရင်ဟိုက ပေါ်တူဂီရုပ်သံတစ်ခုကို ပြောခဲ့တာပါ။