ရီးယဲလ်အသင်းက (၂)နှစ်စာချုပ်သက်တမ်းတိုးဖို့ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ပယ်ချခဲ့တဲ့ ဘန်ဇီမာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးယဲလ်အသင်းရဲ့ပြင်သစ်ဝါရင့်တိုက်စစ်မှူးဘန်ဇီမာဟာ အသင်းက ၂၀၂၄ ခုနှစ်အထိ(၂)နှစ်စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဘန်ဇီမာကတော့ သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုအနေအထားအပေါ် စောင့်ကြည့်လိုတာကြောင့် အသင်းနဲ့(၁)နှစ်သာသက်တမ်းတိုးဖို့ ဆန္ဒရှိနေတယ်လို့ စပိန်မီဒီယာတွေကဖော်ပြခဲ့ပါတယ်။

လာမယ့်ရာသီကျရင် ရီးယဲလ်ကစားသမားဘဝ(၁၃)ရာသီမြောက်အဖြစ် ဖြတ်သန်းရမယ့် ဘန်ဇီမာဟာ ၂၀၁၈ ခုနှစ်မှာ အဓိက,ကစားသမား စီရော်နယ်လ်ဒို အသင်းနဲ့လမ်းခွဲခဲ့ပြီးနောက်ပိုင်း ရီးယဲလ်တိုက်စစ်ကို အဓိကဦးဆောင်တဲ့သူဖြစ်လာပြီး ပြီးခဲ့တဲ့(၃)ရာသီအတွင်းအကောင်းဆုံးပုံစံပြသနိုင်ခဲ့ပါတယ်။

၂၀၂၀-၂၁ ရာသီတုန်းက ပြိုင်ပွဲစုံ ဂိုးပေါင်း(၃၀)အထိသွင်းယူခဲ့သလို ဘန်ဇီမာရဲ့စွမ်းဆောင်ရည်က အရမ်းကောင်းလွန်းတာကြောင့် ပြင်သစ်အသင်းနည်းပြဒက်စ်ချမ့်စ်က (၆)နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် လက်ရွေးစင်အသင်းအတွက် ဘန်ဇီမာကို ပြန်လည်ရွေးချယ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း အသင်းရဲ့တိုက်စစ်မှာမရှိမဖြစ်ကစားဖြစ်လာတဲ့ ဘန်ဇီမာကို ရီးယဲလ်အသင်းက (၂)နှစ်စာချုပ်သက်တမ်းတိုးဖို့ကမ်းလှမ်းခဲ့ပေမယ့်လည်း

ဘန်ဇီမာကတော့ သူ့အသက်(၃၅)နှစ်အရွယ်ကျရင် ခန္ဓာကိုယ်ကြံ့ခိုင်မှုအနေအထား ဘယ်လိုရှိမလဲဆိုတာ မသိသေးတာကြောင့် ငြင်းဆန်ခဲ့တာဖြစ်တယ်လို့ ABC သတင်းမီဒီယာက ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ဘန်ဇီမာဟာ ရီးယဲလ်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ (၁)နှစ်စာချုပ်သက်တမ်းတိုးဖို့သဘောတူညီခဲ့ပြီး အဲဒီအချိန်ကျရင် သူ့အသက်က (၃၅)နှစ်အရွယ်ရှိပြီဖြစ်သလို အခြေအနေပေါ်မူတည်ပြီးမှသာ နောက်ထပ်စာချုပ်သစ်ထပ်ချုပ်သွားဖို့ရှိနေပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သူဘန်ဇီမာရဲ့လက်ရှိစာချုပ်က လာမယ့်ရာသီကုန်ကျရင် သက်တမ်းပြည့်မှာဖြစ်ပြီး အခုနွေရာသီအတွင်း စာချုပ်သစ်မချုပ်ဆိုဖြစ်ခဲ့ရင် ရာသီကုန်မှာ အလွတ်နဲ့ထွက်ခွာခွင့်ရမှာဖြစ်ပေမယ့်

ဘန်ဇီမာကတော့ ရီးယဲလ်အသင်းမှာပဲ ဆက်ကစားဖို့ဆန္ဒရှိနေတာကြောင့် မကြာခင်ရက်ပိုင်းအတွင်း စာချုုပ်သစ်ချုပ်ဆိုသွားဖို့ရှိနေသလို အသင်းရဲ့ဘဏ္ဍာရေးအခက်အခဲတွေကြောင့် လစာငွေကို (၁၀%)လျှော့ယူသွားမှာလည်းဖြစ်ပါတယ်။

ဘန်ဇီမာဟာ ရီးယဲလ်အသင်းနဲ့ (၁)နှစ်စာချုပ်သက်တမ်းတိုးသွားမှာဖြစ်ပေမယ့် စာချုပ်သစ်သက်တမ်းကုန်ချိန်မှာ အသင်းအတွက်ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိရှိမကစားနိုင်တော့ဘူးဆိုရင် အသင်းကနေထွက်ခွာမှာဖြစ်ပြီး

ဘန်ဇီမာအနေနဲ့ သူ့ကို အစစအရာရာ ဖြည့်ဆည်းပေးခဲ့တဲ့ ရီးယဲလ်အသင်း သူ့အတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်စေချင်တဲ့ဆန္ဒကြောင့်ဖြစ်တယ်လို့ ABC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရီးယဲလ္အသင္းက (၂)ႏွစ္စာခ်ဳပ္သက္တမ္းတိုးဖို႔ကမ္းလွမ္းခဲ့ေပမယ့္ ျငင္းဆန္ပယ္ခ်ခဲ့တဲ့ ဘန္ဇီမာ

ရီးယဲလ္အသင္းရဲ႕ျပင္သစ္ဝါရင့္တိုက္စစ္မႉးဘန္ဇီမာဟာ အသင္းက ၂၀၂၄ ခုႏွစ္အထိ(၂)ႏွစ္စာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ ဘန္ဇီမာကေတာ့ သူ႔ခႏၶာကိုယ္ႀကံ့ခိုင္မႈအေနအထားအေပၚ ေစာင့္ၾကည့္လိုတာေၾကာင့္ အသင္းနဲ႔(၁)ႏွစ္သာသက္တမ္းတိုးဖို႔ ဆႏၵရွိေနတယ္လို႔ စပိန္မီဒီယာေတြကေဖာ္ျပခဲ့ပါတယ္။ လာမယ့္ရာသီက်ရင္ ရီးယဲလ္ကစားသမားဘဝ(၁၃)ရာသီေျမာက္အျဖစ္ ျဖတ္သန္းရမယ့္ ဘန္ဇီမာဟာ ၂၀၁၈ ခုႏွစ္မွာ အဓိက,ကစားသမား စီေရာ္နယ္လ္ဒို အသင္းနဲ႔လမ္းခြဲခဲ့ၿပီးေနာက္ပိုင္း ရီးယဲလ္တိုက္စစ္ကို အဓိကဦးေဆာင္တဲ့သူျဖစ္လာၿပီး ၿပီးခဲ့တဲ့(၃)ရာသီအတြင္းအေကာင္းဆုံးပုံစံျပသႏိုင္ခဲ့ပါတယ္။

၂၀၂၀-၂၁ ရာသီတုန္းက ၿပိဳင္ပြဲစုံ ဂိုးေပါင္း(၃၀)အထိသြင္းယူခဲ့သလို ဘန္ဇီမာရဲ႕စြမ္းေဆာင္ရည္က အရမ္းေကာင္းလြန္းတာေၾကာင့္ ျပင္သစ္အသင္းနည္းျပဒက္စ္ခ်မ့္စ္က (၆)ႏွစ္အၾကာမွာ ပထမဆုံးအႀကိမ္အျဖစ္ လက္ေ႐ြးစင္အသင္းအတြက္ ဘန္ဇီမာကို ျပန္လည္ေ႐ြးခ်ယ္ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း အသင္းရဲ႕တိုက္စစ္မွာမရွိမျဖစ္ကစားျဖစ္လာတဲ့ ဘန္ဇီမာကို ရီးယဲလ္အသင္းက (၂)ႏွစ္စာခ်ဳပ္သက္တမ္းတိုးဖို႔ကမ္းလွမ္းခဲ့ေပမယ့္လည္း ဘန္ဇီမာကေတာ့ သူ႔အသက္(၃၅)ႏွစ္အ႐ြယ္က်ရင္ ခႏၶာကိုယ္ႀကံ့ခိုင္မႈအေနအထား ဘယ္လိုရွိမလဲဆိုတာ မသိေသးတာေၾကာင့္ ျငင္းဆန္ခဲ့တာျဖစ္တယ္လို႔ ABC သတင္းမီဒီယာက ေဖာ္ျပခဲ့ပါတယ္။

ဒါေပမဲ့ ဘန္ဇီမာဟာ ရီးယဲလ္အသင္းနဲ႔ ၂၀၂၃ ခုႏွစ္အထိ (၁)ႏွစ္စာခ်ဳပ္သက္တမ္းတိုးဖို႔သေဘာတူညီခဲ့ၿပီး အဲဒီအခ်ိန္က်ရင္ သူ႔အသက္က (၃၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သလို အေျခအေနေပၚမူတည္ၿပီးမွသာ ေနာက္ထပ္စာခ်ဳပ္သစ္ထပ္ခ်ဳပ္သြားဖို႔ရွိေနပါတယ္။ အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူဘန္ဇီမာရဲ႕လက္ရွိစာခ်ဳပ္က လာမယ့္ရာသီကုန္က်ရင္ သက္တမ္းျပည့္မွာျဖစ္ၿပီး အခုေႏြရာသီအတြင္း စာခ်ဳပ္သစ္မခ်ဳပ္ဆိုျဖစ္ခဲ့ရင္ ရာသီကုန္မွာ အလြတ္နဲ႔ထြက္ခြာခြင့္ရမွာျဖစ္ေပမယ့္ ဘန္ဇီမာကေတာ့ ရီးယဲလ္အသင္းမွာပဲ ဆက္ကစားဖို႔ဆႏၵရွိေနတာေၾကာင့္ မၾကာခင္ရက္ပိုင္းအတြင္း စာခ်ဳုပ္သစ္ခ်ဳပ္ဆိုသြားဖို႔ရွိေနသလို အသင္းရဲ႕ဘ႑ာေရးအခက္အခဲေတြေၾကာင့္ လစာေငြကို (၁၀%)ေလွ်ာ့ယူသြားမွာလည္းျဖစ္ပါတယ္။

ဘန္ဇီမာဟာ ရီးယဲလ္အသင္းနဲ႔ (၁)ႏွစ္စာခ်ဳပ္သက္တမ္းတိုးသြားမွာျဖစ္ေပမယ့္ စာခ်ဳပ္သစ္သက္တမ္းကုန္ခ်ိန္မွာ အသင္းအတြက္ရာႏႈန္းျပည့္ႀကံ့ခိုင္မႈရွိရွိမကစားႏိုင္ေတာ့ဘူးဆိုရင္ အသင္းကေနထြက္ခြာမွာျဖစ္ၿပီး ဘန္ဇီမာအေနနဲ႔ သူ႔ကို အစစအရာရာ ျဖည့္ဆည္းေပးခဲ့တဲ့ ရီးယဲလ္အသင္း သူ႔အတြက္ ဝန္ထုတ္ဝန္ပိုးမျဖစ္ေစခ်င္တဲ့ဆႏၵေၾကာင့္ျဖစ္တယ္လို႔ ABC သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။