ရီးယဲလ်မှာပဲ ကစားသမားဘဝကုန်ဆုံးဖို့ ဆန္ဒရှိတယ်လို့ တိုနီကရူးစ် ဝန်ခံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးယဲလ်အသင်းမှာ (၇)နှစ်ကြာကစားထားသူ ကွင်းလယ်ကစားသမား တိုနီကရူးစ်က ရီးယဲလ်အသင်းမှာပဲ ကစားသမားဘဝကုန်ဆုံးသွားဖို့ ဆန္ဒရှိတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက ဘိုင်ယန်မြူးနစ်အသင်းကနေ ရီးယဲလ်အသင်းကို ပြောင်းရွှေ့ခဲ့သူ တိုနီကရူးစ်ဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်(၃)ကြိမ်၊ လာလီဂါ(၂)ကြိမ်အပါအဝင် ဆုဖလားပေါင်း(၁၃)ခုအထိ ရယူနိုင်ခဲ့သူပါ။

လက်ရှိအချိန်အထိ ရီးယဲလ်အသင်းအတွက် ပွဲပေါင်း(၃၀၉)ပွဲကစားထားတဲ့ တိုနီကရူးစ်ဟာ ရီးယဲလ်ကစားသမားဟောင်း အူလီစတီလီကီကို ကျော်ဖြတ်ပြီး အသင်းအတွက်ပွဲအများဆုံး ကစားခဲ့တဲ့ ဂျာမန်ကစားသမားအဖြစ် စံချိန်တင်ထားသူလည်းဖြစ်ပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ တိုနီကရူးစ်ကို တခြားဥရောပထိပ်သီးအသင်းတွေက ခေါ်ယူဖို့ ပစ်မှတ်ထားနေကြပေမယ့် သူကတော့ ရီးယဲလ်မှာပဲ ဆက်ကစားဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

တိုနီကရူးစ်က “ပွဲတိုင်းမှာ ကျွန်တော် အကောင်းဆုံးဖြစ်အောင် ကြိုးစားကစားနေတာဖြစ်ပြီး အသင်းဖော်ဆီ ဘောလုံးပေးလိုက်လို့ လွဲချော်သွားရင်တောင် စိတ်ပျက်မိတာပါ။ ဘောလုံးပွဲမှာ ရာနှုန်းပြည့်ကောင်းအောင်ကစားနိုင်တဲ့သူ မရှိဘူးဆိုပေမယ့် ကျွန်တော်ကတော့ အစွမ်းကုန် ပေးဆပ်သွားမှာဖြစ်ပါတယ်။

ကျွန်တော့် ရည်မှန်းချက်က ရီးယဲလ်အသင်းမှာပဲ ကစားသမားဘဝကုန်ဆုံးဖို့ဖြစ်တယ်ဆိုတာ မကြာခဏပြောခဲ့သလို အဲဒီအတိုင်းဖြစ်အောင် ကျွန်တော် ကြိုးစားသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ရီးယဲလ်အသင်းအတွက် ပွဲအများဆုံးကစားခဲ့တဲ့ ဂျာမန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာနဲ့ပတ်သက်ပြီး တိုနီကရူးစ်က “ဒါက တကယ့်ကို ထူးခြားတဲ့မှတ်တမ်းပါပဲ။ ရီးယဲလ်အသင်းမှာ ကစားခဲ့ဖူးတဲ့ ဂျာမန်ကစားသမားတွေကို ပြန်ကြည့်ရင် နက်ဇ်ဇာ၊ ရူးစတား၊ စတီလီကီစတဲ့ နာမည်ကျော်တွေ ကစားခဲ့ကြတာဖြစ်ပါတယ်။

ကလပ်အသင်း ဂန္ထဝင်အဖြစ် သတ်မှတ်ရမယ့် စတီလီကီကို ကျော်ဖြတ်ပြီး အသင်းရဲ့ပွဲအများဆုံး ဂျာမန်ကစားသမားဖြစ်လာတဲ့အတွက် ကျွန်တော်အရမ်းဝမ်းမြောက်မိပါတယ်”လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ရီးယဲလ်အသင်းမှာ နာမည်ကျော်ကစားသမားဟောင်းတွေဖြစ်တဲ့ ရော်ဘတ်တိုကားလို့စ်၊ ဟီယာရို၊ ရာအူးလ်၊ ဂူတီတို့ကစပြီး စီရော်နယ်လ်ဒိုအထိ ကစားသမားတွေဟာ အသင်းအတွက် အကောင်းဆုံးပေးဆပ်ခဲ့ကြပေမယ့် အသက်အရွယ်ရလာတဲ့အခါ အသင်းနဲ့ လမ်းခွဲခဲ့ရတာကြောင့် တိုနီကရူးစ်အနေနဲ့ ရီးယဲလ်အသင်းမှာ ကစားသမားဘဝကုန်ဆုံးခွင့်ရရှိနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရီးယဲလ္မွာပဲ ကစားသမားဘဝကုန္ဆုံးဖို႔ ဆႏၵရွိတယ္လို႔ တိုနီက႐ူးစ္ ဝန္ခံ

ရီးယဲလ္အသင္းမွာ (၇)ႏွစ္ၾကာကစားထားသူ ကြင္းလယ္ကစားသမား တိုနီက႐ူးစ္က ရီးယဲလ္အသင္းမွာပဲ ကစားသမားဘဝကုန္ဆုံးသြားဖို႔ ဆႏၵရွိတယ္လို႔ ဝန္ခံေျပာဆိုလိုက္ပါတယ္။ ၂၀၁၄ ခုႏွစ္တုန္းက ဘိုင္ယန္ျမဴးနစ္အသင္းကေန ရီးယဲလ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့သူ တိုနီက႐ူးစ္ဟာ အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္(၃)ႀကိမ္၊ လာလီဂါ(၂)ႀကိမ္အပါအဝင္ ဆုဖလားေပါင္း(၁၃)ခုအထိ ရယူႏိုင္ခဲ့သူပါ။ လက္ရွိအခ်ိန္အထိ ရီးယဲလ္အသင္းအတြက္ ပြဲေပါင္း(၃၀၉)ပြဲကစားထားတဲ့ တိုနီက႐ူးစ္ဟာ ရီးယဲလ္ကစားသမားေဟာင္း အူလီစတီလီကီကို ေက်ာ္ျဖတ္ၿပီး အသင္းအတြက္ပြဲအမ်ားဆုံး ကစားခဲ့တဲ့ ဂ်ာမန္ကစားသမားအျဖစ္ စံခ်ိန္တင္ထားသူလည္းျဖစ္ပါတယ္။ အသက္(၃၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ တိုနီက႐ူးစ္ကို တျခားဥေရာပထိပ္သီးအသင္းေတြက ေခၚယူဖို႔ ပစ္မွတ္ထားေနၾကေပမယ့္ သူကေတာ့ ရီးယဲလ္မွာပဲ ဆက္ကစားဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။

တိုနီက႐ူးစ္က “ပြဲတိုင္းမွာ ကြၽန္ေတာ္ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားကစားေနတာျဖစ္ၿပီး အသင္းေဖာ္ဆီ ေဘာလုံးေပးလိုက္လို႔ လြဲေခ်ာ္သြားရင္ေတာင္ စိတ္ပ်က္မိတာပါ။ ေဘာလုံးပြဲမွာ ရာႏႈန္းျပည့္ေကာင္းေအာင္ကစားႏိုင္တဲ့သူ မရွိဘူးဆိုေပမယ့္ ကြၽန္ေတာ္ကေတာ့ အစြမ္းကုန္ ေပးဆပ္သြားမွာျဖစ္ပါတယ္။ ကြၽန္ေတာ့္ ရည္မွန္းခ်က္က ရီးယဲလ္အသင္းမွာပဲ ကစားသမားဘဝကုန္ဆုံးဖို႔ျဖစ္တယ္ဆိုတာ မၾကာခဏေျပာခဲ့သလို အဲဒီအတိုင္းျဖစ္ေအာင္ ကြၽန္ေတာ္ ႀကိဳးစားသြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ ရီးယဲလ္အသင္းအတြက္ ပြဲအမ်ားဆုံးကစားခဲ့တဲ့ ဂ်ာမန္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့တာနဲ႔ပတ္သက္ၿပီး တိုနီက႐ူးစ္က “ဒါက တကယ့္ကို ထူးျခားတဲ့မွတ္တမ္းပါပဲ။ ရီးယဲလ္အသင္းမွာ ကစားခဲ့ဖူးတဲ့ ဂ်ာမန္ကစားသမားေတြကို ျပန္ၾကည့္ရင္ နက္ဇ္ဇာ၊ ႐ူးစတား၊ စတီလီကီစတဲ့ နာမည္ေက်ာ္ေတြ ကစားခဲ့ၾကတာျဖစ္ပါတယ္။ ကလပ္အသင္း ဂႏၴဝင္အျဖစ္ သတ္မွတ္ရမယ့္ စတီလီကီကို ေက်ာ္ျဖတ္ၿပီး အသင္းရဲ႕ပြဲအမ်ားဆုံး ဂ်ာမန္ကစားသမားျဖစ္လာတဲ့အတြက္ ကြၽန္ေတာ္အရမ္းဝမ္းေျမာက္မိပါတယ္”လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

ရီးယဲလ္အသင္းမွာ နာမည္ေက်ာ္ကစားသမားေဟာင္းေတြျဖစ္တဲ့ ေရာ္ဘတ္တိုကားလို႔စ္၊ ဟီယာ႐ို၊ ရာအူးလ္၊ ဂူတီတို႔ကစၿပီး စီေရာ္နယ္လ္ဒိုအထိ ကစားသမားေတြဟာ အသင္းအတြက္ အေကာင္းဆုံးေပးဆပ္ခဲ့ၾကေပမယ့္ အသက္အ႐ြယ္ရလာတဲ့အခါ အသင္းနဲ႔ လမ္းခြဲခဲ့ရတာေၾကာင့္ တိုနီက႐ူးစ္အေနနဲ႔ ရီးယဲလ္အသင္းမွာ ကစားသမားဘဝကုန္ဆုံးခြင့္ရရွိႏိုင္မလားဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပဲျဖစ္ပါတယ္။