
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘာစီလိုနာအသင်းရဲ့ အာဂျင်တီးနားဝါရင့်တိုက်စစ်မှူးအဂွဲရိုးဟာ အသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်သလို မကြာခင်ရာနှုန်းပြည့်ကြံ့ခိုင်မှုပြည့်ဝလာဖို့ရှိနေတာကြောင့် ရီးယဲလ်အသင်းနဲ့ကစားမယ့် El Clasico ပွဲမှာ ဘာစီလိုနာအတွက်ပထမဆုံးအကြိမ်ပွဲထွက်ကစားဖို့ရှိနေပါပြီ။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက မန်စီးတီးအသင်းနဲ့လမ်းခွဲပြီးတော့ ဘာစီလိုနာအသင်းဆီအလွတ်နဲ့ပြောင်းရွှေ့ခဲ့သူ အဂွဲရိုးဟာ ရာသီမစတင်ခင်မှာ ခြေသလုံးဒဏ်ရာရရှိခဲ့တာကြောင့် ကာလရှည်အနားယူနေရပြီး (၁၀)ပတ်လောက်အထိအနားယူရဖို့ရှိတယ်လို့ သတင်းထွက်ခဲ့ပါတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ အဂွဲရိုးရဲ့ဒဏ်ရာက မျှော်လင့်ထားတာထက် တိုးတက်ကောင်းမွန်လာပြီး ပြီးခဲ့တဲ့လက အသင်းရဲ့ Gym မှာ လေ့ကျင့်မှုပြုလုပ်ခဲ့တဲ့အပြင် အခုဆိုရင် အသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပါတယ်။
အဲဒါကြောင့် အဂွဲရိုးအနေနဲ့ အခုနိုင်ငံတကာပွဲတွေအပြီး အောက်တိုဘာလအလယ်လောက်မှာ အသင်းအတွက်ပထမဆုံးပါဝင်ကစားနိုင်တော့မှာဖြစ်တယ်လို့ Mundo Deportivo မီဒီယာကဖော်ပြခဲ့ပါတယ်။
အဂွဲရိုး ဘောလုံးပြန်ကစားနိုင်မယ့်သတင်းက ရလဒ်ဆိုးတွေကြောင့်ဖိအားများနေတဲ့ ဘာစီလိုနာနည်းပြရော်နယ်လ်ကိုးမန်းအတွက် သတင်းကောင်းတစ်ခုဖြစ်ပြီး ရော်နယ်လ်ကိုးမန်းကလည်း
အဂွဲရိုး၊ ဒမ်ဘီလီတို့လို အဓိက,ကစားသမားတွေဒဏ်ရာကနေပြန်ကောင်းလာပြီး အသင်းအတွက်ပါဝင်ကစားနိုင်မယ်ဆိုရင် ရလဒ်တွေကောင်းလာလိမ့်မယ်လို့ ဆိုခဲ့ဖူးပါတယ်။
အခုလောလောဆယ်မှာတော့ ဘာစီလိုနာအသင်းဟာ ရလဒ်တွေဆိုးရွားနေပြီး လာလီဂါမှာအဆင့်(၉)နေရာမှာရပ်တည်နေရသလို ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်(၂)ပွဲစလုံးရှုံးနိမ့်ခဲ့တာကြောင့် ရော်နယ်လ်ကိုးမန်းကို နည်းပြရာထူးကနေထုတ်ပယ်တော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာပါ။
ဘာစီလိုနာအသင်းဟာ လာမယ့်အောက်တိုဘာ(၂၄)ရက်ကျရင် သူတို့ရဲ့အဓိကပြိုင်ဘက်ရီးယဲလ်အသင်းနဲ့ El Clasico ပထမအကျော့အဖြစ် နူးကမ့်ကွင်းမှာ ရင်ဆိုင်ကစားရမှာဖြစ်ပြီး
လာလီဂါချန်ပီယံဆုမျှော်လင့်ချက်အတွက် ရလဒ်ကောင်းရယူဖို့လိုနေတာကြောင့် အဲဒီပွဲအမီ အဂွဲရိုး အသင်းအတွက်ကစားနိုင်ဖို့နီးစပ်နေတဲ့အတွက် ဘာစီလိုနာပရိသတ်တွေအတွက်တော့ အားတက်စရာလို့သတ်မှတ်ရမှာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ရီးယဲလ္နဲ႔ကစားမယ့္ El Clasico ပြဲမွာ ဘာစီလိုနာအတြက္ပြဲထြက္ကစားဖို႔ရွိေနတဲ့ အဂြဲ႐ိုး
ဘာစီလိုနာအသင္းရဲ႕ အာဂ်င္တီးနားဝါရင့္တိုက္စစ္မႉးအဂြဲ႐ိုးဟာ အသင္းနဲ႔အတူေလ့က်င့္ခန္းျပန္ဆင္းေနၿပီျဖစ္သလို မၾကာခင္ရာႏႈန္းျပည့္ႀကံ့ခိုင္မႈျပည့္ဝလာဖို႔ရွိေနတာေၾကာင့္ ရီးယဲလ္အသင္းနဲ႔ကစားမယ့္ El Clasico ပြဲမွာ ဘာစီလိုနာအတြက္ပထမဆုံးအႀကိမ္ပြဲထြက္ကစားဖို႔ရွိေနပါၿပီ။ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းက မန္စီးတီးအသင္းနဲ႔လမ္းခြဲၿပီးေတာ့ ဘာစီလိုနာအသင္းဆီအလြတ္နဲ႔ေျပာင္းေ႐ႊ႕ခဲ့သူ အဂြဲ႐ိုးဟာ ရာသီမစတင္ခင္မွာ ေျခသလုံးဒဏ္ရာရရွိခဲ့တာေၾကာင့္ ကာလရွည္အနားယူေနရၿပီး (၁၀)ပတ္ေလာက္အထိအနားယူရဖို႔ရွိတယ္လို႔ သတင္းထြက္ခဲ့ပါတယ္။
ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ အဂြဲ႐ိုးရဲ႕ဒဏ္ရာက ေမွ်ာ္လင့္ထားတာထက္ တိုးတက္ေကာင္းမြန္လာၿပီး ၿပီးခဲ့တဲ့လက အသင္းရဲ႕ Gym မွာ ေလ့က်င့္မႈျပဳလုပ္ခဲ့တဲ့အျပင္ အခုဆိုရင္ အသင္းနဲ႔အတူေလ့က်င့္ခန္းျပန္ဆင္းေနၿပီျဖစ္ပါတယ္။ အဲဒါေၾကာင့္ အဂြဲ႐ိုးအေနနဲ႔ အခုႏိုင္ငံတကာပြဲေတြအၿပီး ေအာက္တိုဘာလအလယ္ေလာက္မွာ အသင္းအတြက္ပထမဆုံးပါဝင္ကစားႏိုင္ေတာ့မွာျဖစ္တယ္လို႔ Mundo Deportivo မီဒီယာကေဖာ္ျပခဲ့ပါတယ္။
အဂြဲ႐ိုး ေဘာလုံးျပန္ကစားႏိုင္မယ့္သတင္းက ရလဒ္ဆိုးေတြေၾကာင့္ဖိအားမ်ားေနတဲ့ ဘာစီလိုနာနည္းျပေရာ္နယ္လ္ကိုးမန္းအတြက္ သတင္းေကာင္းတစ္ခုျဖစ္ၿပီး ေရာ္နယ္လ္ကိုးမန္းကလည္း အဂြဲ႐ိုး၊ ဒမ္ဘီလီတို႔လို အဓိက,ကစားသမားေတြဒဏ္ရာကေနျပန္ေကာင္းလာၿပီး အသင္းအတြက္ပါဝင္ကစားႏိုင္မယ္ဆိုရင္ ရလဒ္ေတြေကာင္းလာလိမ့္မယ္လို႔ ဆိုခဲ့ဖူးပါတယ္။
အခုေလာေလာဆယ္မွာေတာ့ ဘာစီလိုနာအသင္းဟာ ရလဒ္ေတြဆိုး႐ြားေနၿပီး လာလီဂါမွာအဆင့္(၉)ေနရာမွာရပ္တည္ေနရသလို ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္(၂)ပြဲစလုံးရႈံးနိမ့္ခဲ့တာေၾကာင့္ ေရာ္နယ္လ္ကိုးမန္းကို နည္းျပရာထူးကေနထုတ္ပယ္ေတာ့မယ္ဆိုတဲ့ သတင္းေတြထြက္ေပၚေနတာပါ။ ဘာစီလိုနာအသင္းဟာ လာမယ့္ေအာက္တိုဘာ(၂၄)ရက္က်ရင္ သူတို႔ရဲ႕အဓိကၿပိဳင္ဘက္ရီးယဲလ္အသင္းနဲ႔ El Clasico ပထမအေက်ာ့အျဖစ္ ႏူးကမ့္ကြင္းမွာ ရင္ဆိုင္ကစားရမွာျဖစ္ၿပီး လာလီဂါခ်န္ပီယံဆုေမွ်ာ္လင့္ခ်က္အတြက္ ရလဒ္ေကာင္းရယူဖို႔လိုေနတာေၾကာင့္ အဲဒီပြဲအမီ အဂြဲ႐ိုး အသင္းအတြက္ကစားႏိုင္ဖို႔နီးစပ္ေနတဲ့အတြက္ ဘာစီလိုနာပရိသတ္ေတြအတြက္ေတာ့ အားတက္စရာလို႔သတ္မွတ္ရမွာျဖစ္ပါတယ္။