
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးယဲလ်အသင်းနဲ့အနာဂတ်မသေမချာဖြစ်နေတဲ့ နောက်ခံလူဗာရန်းကို ခေါ်ယူနိုင်ဖို့နီးစပ်နေပြီလို့ နာမည်ကျော် ESPN သတင်းဌာနကဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ သူတို့ရဲ့နံပါတ်(၁)ပစ်မှတ် ဆန်ချိုကို ခေါ်ယူဖို့ တရားဝင်သဘောတူညီမှုရခဲ့ပြီးတဲ့နောက် ဗာရန်းရဲ့အပြောင်းအရွှေ့အတွက် အာရုံစိုက်ကြိုးပမ်းခွင့်ရသွားပြီဖြစ်ပါတယ်။
ယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားဟာ ခံစစ်မှာ မက်ဂွိုင်းယားနဲ့တွဲဖက်ကစားဖို့အတွက် ထိပ်တန်းအဆင့်နောက်ခံလူတစ်ဦးကို ခေါ်ယူလိုနေပြီး ဗာရန်းက သူ့ရဲ့ဦးစားပေးပစ်မှတ်ဖြစ်သလို ရီးယဲလ်အသင်းနဲ့အပြောင်းအရွှေ့ကိစ္စဆွေးနွေးသွားဖို့ရှိနေပါပြီ။
ပြင်သစ်လက်ရွေးစင်နောက်ခံလူ ဗာရန်းရဲ့ လက်ရှိစာချုပ်က ၂၀၂၂၊ ဇွန်လကျရင်ကုန်ဆုံးမှာဖြစ်လို့ ရီးယဲလ်အသင်းဟာ ဗာရန်းကို စာချုပ်သက်တမ်းတိုးဖို့ကြိုးစားနေပေမယ့်
ကစားသမားက စိန်ခေါ်မှုအသစ်တွေရင်ဆိုင်ဖို့အတွက် အသင်းကနေထွက်ခွာချင်နေတာကြောင့် ရီးယဲလ်အသင်းအနေနဲ့ အလွတ်နဲ့ လက်မလွတ်ရအောင် အခုနွေရာသီအတွင်း ရောင်းချဖို့စီစဉ်နေတာပါ။
ယူနိုက်တက်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့အတွင်း ဗာရန်းကို ခေါ်ယူဖို့ချိတ်ဆက်နေပြီး ယူရို-၂၀၂၀ ပြိုင်ပွဲကနေ ပြင်သစ်အသင်းထွက်ခဲ့ရပြီးတဲ့နောက် အရှိန်မြှင့်ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။
ရီးယဲလ်အသင်းက သူတို့နောက်ခံလူအတွက် ပေါင်သန်း(၆၀)အထိအလိုရှိနေပေမယ့်လည်း ယူနိုက်တက်အသင်းဟာ ဗာရန်းကို ပေါင်(၄၃)သန်းလောက်နဲ့ ခေါ်ယူနိုင်မယ်ဆိုတာ ယုံကြည်မှုအပြည့်ရှိနေတယ်လို့ ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ ဗာရန်းဟာ ၂၀၁၁ ခုနှစ်တုန်းက ပြင်သစ်ကလပ်လန်းစ်အသင်းကနေ ရီးယဲလ်အသင်းကို ပေါင်(၈.၅)သန်းနဲ့ရောက်ရှိခဲ့ပြီး လာလီဂါ၊ ချန်ပီယံလိဂ်အပါအဝင် အဓိက ဆုဖလားတွေအများကြီးရယူခဲ့သူပါ။
ရီးယဲလ်အသင်းဟာ မကြာသေးခင်က ဝါရင့်နောက်ခံလူရာမို့စ်နဲ့ လမ်းခွဲခဲ့တာကြောင့် အခု ဗာရန်းကို အသင်းကထွက်ခွာခွင့်ပြုသွားဖို့ရှိ၊မရှိက သိပ်မသေချာသေးပါဘူး။
အခုနွေရာသီကာလအတွင်း ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာကို အလွတ်နဲ့ခေါ်ယူထားပြီး တကယ်လို့ ဗာရန်းကို လက်လွတ်လိုက်ရမယ်ဆိုရင် အစားထိုးနိုင်အောင် လက်စတာအသင်းက ဖိုဖာနာ၊ ဗီလာရီးယဲလ်နောက်ခံလူ ပေါတောရက်စ်တို့ကို ကြိုးပမ်းသွားဖို့ ရီးယဲလ်အင်း စီစဉ်နေပါပြီ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ရီးယဲလ္ေနာက္ခံလူ ဗာရန္းကို ေပါင္(၄၃)သန္းနဲ႔ေခၚယူဖို႔ နီးစပ္ေနၿပီျဖစ္တဲ့ ယူႏိုက္တက္
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ရီးယဲလ္အသင္းနဲ႔အနာဂတ္မေသမခ်ာျဖစ္ေနတဲ့ ေနာက္ခံလူဗာရန္းကို ေခၚယူႏိုင္ဖို႔နီးစပ္ေနၿပီလို႔ နာမည္ေက်ာ္ ESPN သတင္းဌာနကေဖာ္ျပခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ သူတို႔ရဲ႕နံပါတ္(၁)ပစ္မွတ္ ဆန္ခ်ိဳကို ေခၚယူဖို႔ တရားဝင္သေဘာတူညီမႈရခဲ့ၿပီးတဲ့ေနာက္ ဗာရန္းရဲ႕အေျပာင္းအေ႐ႊ႕အတြက္ အာ႐ုံစိုက္ႀကိဳးပမ္းခြင့္ရသြားၿပီျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားဟာ ခံစစ္မွာ မက္ဂြိဳင္းယားနဲ႔တြဲဖက္ကစားဖို႔အတြက္ ထိပ္တန္းအဆင့္ေနာက္ခံလူတစ္ဦးကို ေခၚယူလိုေနၿပီး ဗာရန္းက သူ႔ရဲ႕ဦးစားေပးပစ္မွတ္ျဖစ္သလို ရီးယဲလ္အသင္းနဲ႔အေျပာင္းအေ႐ႊ႕ကိစၥေဆြးေႏြးသြားဖို႔ရွိေနပါၿပီ။ ျပင္သစ္လက္ေ႐ြးစင္ေနာက္ခံလူ ဗာရန္းရဲ႕ လက္ရွိစာခ်ဳပ္က ၂၀၂၂၊ ဇြန္လက်ရင္ကုန္ဆုံးမွာျဖစ္လို႔ ရီးယဲလ္အသင္းဟာ ဗာရန္းကို စာခ်ဳပ္သက္တမ္းတိုးဖို႔ႀကိဳးစားေနေပမယ့္ ကစားသမားက စိန္ေခၚမႈအသစ္ေတြရင္ဆိုင္ဖို႔အတြက္ အသင္းကေနထြက္ခြာခ်င္ေနတာေၾကာင့္ ရီးယဲလ္အသင္းအေနနဲ႔ အလြတ္နဲ႔ လက္မလြတ္ရေအာင္ အခုေႏြရာသီအတြင္း ေရာင္းခ်ဖို႔စီစဥ္ေနတာပါ။
ယူႏိုက္တက္အသင္းဟာ အခုေႏြရာသီအေျပာင္းအေ႐ႊ႕အတြင္း ဗာရန္းကို ေခၚယူဖို႔ခ်ိတ္ဆက္ေနၿပီး ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲကေန ျပင္သစ္အသင္းထြက္ခဲ့ရၿပီးတဲ့ေနာက္ အရွိန္ျမႇင့္ႀကိဳးပမ္းေနတာလည္းျဖစ္ပါတယ္။ ရီးယဲလ္အသင္းက သူတို႔ေနာက္ခံလူအတြက္ ေပါင္သန္း(၆၀)အထိအလိုရွိေနေပမယ့္လည္း ယူႏိုက္တက္အသင္းဟာ ဗာရန္းကို ေပါင္(၄၃)သန္းေလာက္နဲ႔ ေခၚယူႏိုင္မယ္ဆိုတာ ယုံၾကည္မႈအျပည့္ရွိေနတယ္လို႔ ESPN သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။
အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဗာရန္းဟာ ၂၀၁၁ ခုႏွစ္တုန္းက ျပင္သစ္ကလပ္လန္းစ္အသင္းကေန ရီးယဲလ္အသင္းကို ေပါင္(၈.၅)သန္းနဲ႔ေရာက္ရွိခဲ့ၿပီး လာလီဂါ၊ ခ်န္ပီယံလိဂ္အပါအဝင္ အဓိက ဆုဖလားေတြအမ်ားႀကီးရယူခဲ့သူပါ။ ရီးယဲလ္အသင္းဟာ မၾကာေသးခင္က ဝါရင့္ေနာက္ခံလူရာမို႔စ္နဲ႔ လမ္းခြဲခဲ့တာေၾကာင့္ အခု ဗာရန္းကို အသင္းကထြက္ခြာခြင့္ျပဳသြားဖို႔ရွိ၊မရွိက သိပ္မေသခ်ာေသးပါဘူး။
အခုေႏြရာသီကာလအတြင္း ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ အလာဘာကို အလြတ္နဲ႔ေခၚယူထားၿပီး တကယ္လို႔ ဗာရန္းကို လက္လြတ္လိုက္ရမယ္ဆိုရင္ အစားထိုးႏိုင္ေအာင္ လက္စတာအသင္းက ဖိုဖာနာ၊ ဗီလာရီးယဲလ္ေနာက္ခံလူ ေပါေတာရက္စ္တို႔ကို ႀကိဳးပမ္းသြားဖို႔ ရီးယဲလ္အင္း စီစဥ္ေနပါၿပီ။