ရီးယဲလ်ကို အနိုင်ယူပြီး All English Final ဖြစ်အောင် စွမ်းဆောင်ခဲ့တဲ့ ချယ်လ်ဆီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယပွဲမှာတော့ ချယ်လ်ဆီးအသင်းက ရီးယဲလ်ကို ၂-၀ ဂိုးနဲ့အနိုင်ယူပြီး ဗိုလ်လုပွဲတက်ခဲ့တာကြောင့် ဒီရာသီချန်ပီယံလိဂ်ဗိုလ်လုပွဲက All English Final ဖြစ်ခဲ့ပါပြီ။

ချယ်လ်ဆီးအသင်းရဲ့ ခြေစွမ်းအရ နိုင်ပွဲနဲ့ထိုက်တန်ခဲ့ပြီး မေဆင်မောင့်၊ ဟားဗတ်စ်တို့သာ ဂိုးသွင်းသေချာခဲ့ရင် အခုထက်တောင် ဂိုးပြတ်မယ့်အနေအထားပါပဲ။

ပထမအကျော့တုန်းက တစ်ကွင်းလုံးမနားတမ်း ပတ်ဆော့ပြီး ခြေစွမ်းပြခဲ့တဲ့ ကွန်​တေဟာ အခုပွဲမှာလည်း တားဆီးလို့မရတဲ့ စွမ်းဆောင်ရည်မျိုး ဆက်လက်ပြသခဲ့သလို

ချယ်လ်ဆီးရခဲ့တဲ့ နှစ်ဂိုးစလုံးက သူ့ဆီကနေ အစပျိုးခဲ့တာပါ။

ဒီပွဲမှာ ဇီဒန်းရဲ့ကစားကွက်အခင်းအကျင်းက အားနည်းချက်တွေရှိတယ်လို့ ဆိုရမှာဖြစ်ပြီး ချယ်လ်ဆီး ကွင်းလယ်ကို အသာရဖို့ ၃-၅-၂ ပုံစံခင်းကျင်းခဲ့တာက မှားယွင်းခဲ့ပါတယ်။

တိုက်စစ်မှာ ဟာဇက်နဲ့ ဘန်ဇီမာကို တွဲပေးခဲ့တာကြောင့် တောင်ပံကနေ Space တွေရှာပြီး ပြိုင်ဘက်ခံစစ်ကို ထိုးဖောက်တတ်တဲ့

ဟာဇက်အတွက် ပုံမှန်နေရာမဟုတ်လို့ ဟာဇက်လည်း ချယ်လ်ဆီးခံစစ်ကြားမှာ လှုပ်လို့မရတော့ပါဘူး။

ဗင်နီစီယက်စ်ကိုလည်း ညာခြမ်းမှာ Wing Back အဖြစ်အသုံးပြုခဲ့ပြီး ဗင်နီစီယက်စ်ဟာ တိုက်စစ်ကိုလည်း မပံ့ပိုးနိုင်၊ ခံစစ်ကိုလည်း မကူနိုင်တာကြောင့်

သူ့ဘက်ကနေ ချီဝဲလ်၊ မေဆင်မောင့်တို့ အဓိကထိုးဖောက်ခဲ့တယ်။ တိုက်စစ်မှာ ဝေဖန်ခံနေရတဲ့ ဗာနာနဲ့ ဟားဗက်စ်တို့လည်း အကောင်းဆုံးကစားနိုင်ခဲ့ကြပြီး

Counter ပြန်ကစားတိုင်း ချယ်လ်ဆီးတိုက်စစ်မှာ သူတို့နှစ်ဦးက အမြဲတမ်းအသင့်ဖြစ်နေတယ်။

ပထမအကျော့ကတည်းက ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လုပ်အားနှုန်းကို မယှဥ်နိုင်ခဲ့တဲ့ ရီးယဲလ်အသင်း အခုပွဲမှာလည်း ထပ်ပြီး အရှုံးပေးခဲ့ရသလို

အခွင့်အရေးတချို့ရပေမယ့် ဘန်ဇီမာရဲ့ကန်ချက်တွေကို ချယ်လ်ဆီးဂိုးသမားမန်ဒီ လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် ရီးယဲလ်တို့ အခုလိုရလဒ်ကို ပိုင်ဆိုင်ခဲ့ရတာပါပဲ။

ချယ်လ်ဆီးအသင်းကတော့ ယုံကြည်မှုအပြည့်နဲ့ကစားခဲ့သလို ခံစစ်ကစားသမားတွေရဲ့ ခြေစွမ်းကိုလည်း ချီးကျူးရမှာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းအတွက် ပထမဂိုးကို ဟားဗတ်စ်ရဲ့ကန်ချက် တိုင်ထိထွက်လာတာကနေ အသင့်ရှိနေတဲ့ ဗာနာက ခေါင်းတိုက်သွင်းခဲ့တာပါ။

ဗိုလ်လုပွဲတက်ဖို့ သေချာစေတဲ့ဂိုးကိုတော့ ၈၅ မိနစ်မှာ ပူလီဆစ်ရဲ့ ပေးပို့မှုကနေ မေဆင်မောင့်က ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

အသက် ၂၂ နှစ်၊ ၁၅ ရက်သာရှိသေးတဲ့ မေဆင်မောင့်ဟာ မန်ချက်စတာယူနိုက်တက်ဂန္ထဝင် တိုက်စစ်မှူးရွန်နီ (၂၁နှစ်၊ ၁၈၂ရက်၊ အေစီမီလန်)နောက်ပိုင်း

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဒုတိယမြောက်အသက်အငယ်ဆုံး English ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။

ချယ်လ်ဆီးနည်းပြတူချယ်လ်ဟာလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မတူညီတဲ့ကလပ်နှစ်သင်း (PSG၊ ချယ်လ်ဆီး)နဲ့ နှစ်ရာသီဆက်တက်ရောက်ခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ All English Final အဖြစ် ယူနိုက်တက်နဲ့ချယ်လ်ဆီး (၂၀၀၈)၊ လီဗာပူးလ်နဲ့စပါး (၂၀၁၉)တို့ ဆုံတွေ့ခဲ့ဖူးပြီး

အခု ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ ရင်ဆိုင်ရမှာဖြစ်လို့ တတိယအကြိမ်မြောက် All English Final ဖြစ်ခဲ့ပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရီးယဲလ္ကို အႏိုင္ယူၿပီး All English Final ျဖစ္ေအာင္ စြမ္းေဆာင္ခဲ့တဲ့ ခ်ယ္လ္ဆီး

ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ ဒုတိယပြဲမွာေတာ့ ခ်ယ္လ္ဆီးအသင္းက ရီးယဲလ္ကို ၂-၀ ဂိုးနဲ႔အႏိုင္ယူၿပီး ဗိုလ္လုပြဲတက္ခဲ့တာေၾကာင့္

ဒီရာသီခ်န္ပီယံလိဂ္ဗိုလ္လုပြဲက All English Final ျဖစ္ခဲ့ပါၿပီ။ ခ်ယ္လ္ဆီးအသင္းရဲ႕ ေျခစြမ္းအရ ႏိုင္ပြဲနဲ႔ထိုက္တန္ခဲ့ၿပီး

ေမဆင္ေမာင့္၊ ဟားဗတ္စ္တို႔သာ ဂိုးသြင္းေသခ်ာခဲ့ရင္ အခုထက္ေတာင္ ဂိုးျပတ္မယ့္အေနအထားပါပဲ။

ပထမအေက်ာ့တုန္းက တစ္ကြင္းလုံးမနားတမ္း ပတ္ေဆာ့ၿပီး ေျခစြမ္းျပခဲ့တဲ့ ကြန္​ေတဟာ အခုပြဲမွာလည္း တားဆီးလို႔မရတဲ့ စြမ္းေဆာင္ရည္မ်ိဳး ဆက္လက္ျပသခဲ့သလို

ခ်ယ္လ္ဆီးရခဲ့တဲ့ ႏွစ္ဂိုးစလုံးက သူ႔ဆီကေန အစပ်ိဳးခဲ့တာပါ။

ဒီပြဲမွာ ဇီဒန္းရဲ႕ကစားကြက္အခင္းအက်င္းက အားနည္းခ်က္ေတြရွိတယ္လို႔ ဆိုရမွာျဖစ္ၿပီး ခ်ယ္လ္ဆီး ကြင္းလယ္ကို အသာရဖို႔ ၃-၅-၂ ပုံစံခင္းက်င္းခဲ့တာက မွားယြင္းခဲ့ပါတယ္။

တိုက္စစ္မွာ ဟာဇက္နဲ႔ ဘန္ဇီမာကို တြဲေပးခဲ့တာေၾကာင့္ ေတာင္ပံကေန Space ေတြရွာၿပီး ၿပိဳင္ဘက္ခံစစ္ကို ထိုးေဖာက္တတ္တဲ့ ဟာဇက္အတြက္ ပုံမွန္ေနရာမဟုတ္လို႔

ဟာဇက္လည္း ခ်ယ္လ္ဆီးခံစစ္ၾကားမွာ လႈပ္လို႔မရေတာ့ပါဘူး။

ဗင္နီစီယက္စ္ကိုလည္း ညာျခမ္းမွာ Wing Back အျဖစ္အသုံးျပဳခဲ့ၿပီး ဗင္နီစီယက္စ္ဟာ တိုက္စစ္ကိုလည္း မပံ့ပိုးႏိုင္၊ ခံစစ္ကိုလည္း မကူႏိုင္တာေၾကာင့္ သူ႔ဘက္ကေန ခ်ီဝဲလ္၊ ေမဆင္ေမာင့္တို႔ အဓိကထိုးေဖာက္ခဲ့တယ္။

တိုက္စစ္မွာ ေဝဖန္ခံေနရတဲ့ ဗာနာနဲ႔ ဟားဗက္စ္တို႔လည္း အေကာင္းဆုံးကစားႏိုင္ခဲ့ၾကၿပီး Counter ျပန္ကစားတိုင္း ခ်ယ္လ္ဆီးတိုက္စစ္မွာ သူတို႔ႏွစ္ဦးက အၿမဲတမ္းအသင့္ျဖစ္ေနတယ္။

ပထမအေက်ာ့ကတည္းက ခ်ယ္လ္ဆီးအသင္းရဲ႕ ကြင္းလယ္လုပ္အားႏႈန္းကို မယွဥ္ႏိုင္ခဲ့တဲ့ ရီးယဲလ္အသင္း အခုပြဲမွာလည္း ထပ္ၿပီး အရႈံးေပးခဲ့ရသလို

အခြင့္အေရးတခ်ိဳ႕ရေပမယ့္ ဘန္ဇီမာရဲ႕ကန္ခ်က္ေတြကို ခ်ယ္လ္ဆီးဂိုးသမားမန္ဒီ လက္စြမ္းျပကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ရီးယဲလ္တို႔ အခုလိုရလဒ္ကို ပိုင္ဆိုင္ခဲ့ရတာပါပဲ။

ခ်ယ္လ္ဆီးအသင္းကေတာ့ ယုံၾကည္မႈအျပည့္နဲ႔ကစားခဲ့သလို ခံစစ္ကစားသမားေတြရဲ႕ ေျခစြမ္းကိုလည္း ခ်ီးက်ဴးရမွာျဖစ္ပါတယ္။

ခ်ယ္လ္ဆီးအသင္းအတြက္ ပထမဂိုးကို ဟားဗတ္စ္ရဲ႕ကန္ခ်က္ တိုင္ထိထြက္လာတာကေန အသင့္ရွိေနတဲ့ ဗာနာက ေခါင္းတိုက္သြင္းခဲ့တာပါ။

ဗိုလ္လုပြဲတက္ဖို႔ ေသခ်ာေစတဲ့ဂိုးကိုေတာ့ ၈၅ မိနစ္မွာ ပူလီဆစ္ရဲ႕ ေပးပို႔မႈကေန ေမဆင္ေမာင့္က ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္၊ ၁၅ ရက္သာရွိေသးတဲ့ ေမဆင္ေမာင့္ဟာ မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ တိုက္စစ္မႉး႐ြန္နီ (၂၁ႏွစ္၊ ၁၈၂ရက္၊ ေအစီမီလန္)ေနာက္ပိုင္း ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွာ ဂိုးသြင္းႏိုင္ခဲ့တဲ့

ဒုတိယေျမာက္အသက္အငယ္ဆုံး English ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါၿပီ။ ခ်ယ္လ္ဆီးနည္းျပတူခ်ယ္လ္ဟာလည္း

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို မတူညီတဲ့ကလပ္ႏွစ္သင္း (PSG၊ ခ်ယ္လ္ဆီး)နဲ႔ ႏွစ္ရာသီဆက္တက္ေရာက္ခဲ့တဲ့ ပထမဆုံးနည္းျပအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ All English Final အျဖစ္ ယူႏိုက္တက္နဲ႔ခ်ယ္လ္ဆီး (၂၀၀၈)၊ လီဗာပူးလ္နဲ႔စပါး (၂၀၁၉)တို႔ ဆုံေတြ႕ခဲ့ဖူးၿပီး

အခု ခ်ယ္လ္ဆီးနဲ႔ မန္စီးတီးတို႔ ရင္ဆိုင္ရမွာျဖစ္လို႔ တတိယအႀကိမ္ေျမာက္ All English Final ျဖစ္ခဲ့ပါၿပီ။