ရီဘာရီ ဘွန်ဒက်စ်လီဂါဆီ ပြန်ရောက်လာမှာလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘိုင်ယန်မြူးနစ် အသင်းရဲ့ ဂန္တဝင် ကစားသမား ရီဘာရီ ဟာ ဘွန်‌ဒက်စ်လီဂါ မှာ ပြန်ပြီး ကစားချင်နေတယ်လို့ ကြားသိရပါတယ်။ အသက်(၃၇)နှစ်အရွယ်ရှိ ပြင်သစ်ကစားသမားဟောင်းနဲ့ စီးရီးအေကလပ် ဖီအိုရင်တီးနား အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ မကြာခင်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ကစားသမားဟာ လာမယ့်ရာသီမှာ ဘောလုံးဆက်ကန်နိုင်ဖို့ အတွက်အသင်းသစ်ရှာဖွေနေတာဖြစ်ပါတယ်။

ရီဘာရီ ဟာ ဘိုင်ယန်မြူးနစ် အသင်းကနေ ထွက်ခွာပြီးနောက်မှာ ဖရန့်ဖတ် အသင်းကို ပြောင်း ရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ရီဘာရီ ဟာ အီတလီ ကိုပဲ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုအခါမှာတော့ ရီဘာရီ ဟာ ဘွန်ဒက်စ်လီဂါ ကို ပြန်လည် သွားရောက်ကစားဖို့ စိတ်ဝင်စားနေပေမယ့် ဖရန့်ဖတ် အသင်းကတော့ ပြင်သစ်လက်ရွေးစင် ကစားသမားဟောင်းကြီးကို ခေါ်ဖို့ စိတ်မဝင်စားတော့ပါဘူး။

ရီဘာရီ ဟာ စီးရီးအေကလပ် ဖီအိုရင်တီးနား အသင်းအတွက် (၂)ရာသီ ပွဲပေါင်း (၃၉)ပွဲပါဝင်ကစားထားပြီး (၄)ဂိုးသွင်းယူကာ (၉)ဂိုးဖန်တီးထားတာလည်းဖြစ်ပါတယ်။

ရီဘာရီ ဟာ ဘိုင်ယန်မြူးနစ် အသင်းမှာ ကာလအတော်ကြာကြာ ကစားခဲ့ကာ၊ ၂၀၁၃ခုနှစ် နည်းပြ ဟေးနက်စ် လက်အောက်မှာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။ရီဘာရီတစ်ယောက် ဘိုင်ယန်မြူးနစ် အသင်းမှာ ကစားခဲ့တဲ့ (၁၂)ရာသီအတွင်း ဆုဖလား (၂၃)လုံးရယူနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရီဘာရီ ဘြန္ဒက္စ္လီဂါဆီ ျပန္​ေရာက္လာမွာလား

ဘိုင္ယန္ျမဴးနစ္ အသင္းရဲ႕ ဂႏၲဝင္ ကစားသမား ရီဘာရီ ဟာ ဘြန္‌ဒက္စ္လီဂါ မွာ ျပန္ၿပီး ကစားခ်င္ေနတယ္လို႔ ၾကားသိရပါတယ္။ အသက္(၃၇)ႏွစ္အ႐ြယ္ရွိ ျပင္သစ္ကစားသမားေဟာင္းနဲ႔ စီးရီးေအကလပ္ ဖီအိုရင္တီးနား အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ဟာ မၾကာခင္မွာ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ကစားသမားဟာ လာမယ့္ရာသီမွာ ​​ေဘာလုံးဆက္ကန္ႏိုင္ဖို႔ အတြက္အသင္းသစ္ရွာေဖြေနတာျဖစ္ပါတယ္။

ရီဘာရီ ဟာ ဘိုင္ယန္ျမဴးနစ္ အသင္းကေန ထြက္ခြာၿပီး​ေနာက္မွာ ဖရန႔္ဖတ္ အသင္းကို ေျပာင္း ေ႐ႊ႕ဖို႔ ခ်ိတ္ဆက္မႈေတြ ရွိခဲ့ပါတယ္။ဒါေပမယ့္ ရီဘာရီ ဟာ အီတလီ ကိုပဲ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ အခုအခါမွာေတာ့ ရီဘာရီ ဟာ ဘြန္ဒက္စ္လီဂါ ကို ျပန္လည္ သြားေရာက္ကစားဖို႔ စိတ္ဝင္စားေနေပမယ့္ ဖရန႔္ဖတ္ အသင္းက ​ေတာ့ ျပင္သစ္လက္​ေ႐ြးစင္ ကစားသမား​ေဟာင္းႀကီးကို ​​ေခၚဖို႔ စိတ္မဝင္စားေတာ့ပါဘူး။

ရီဘာရီ ဟာ စီးရီးေအကလပ္ ဖီအိုရင္တီးနား အသင္းအတြက္ (၂)ရာသီ ပြဲေပါင္း (၃၉)ပြဲပါဝင္ကစားထားၿပီး (၄)ဂိုးသြင္းယူကာ (၉)ဂိုးဖန္တီးထားတာလည္းျဖစ္ပါတယ္။ ရီဘာရီ ဟာ ဘိုင္ယန္ျမဴးနစ္ အသင္းမွာ ကာလအ​ေတာ္ၾကာၾကာ ကစားခဲ့ကာ၊ ၂၀၁၃ခုႏွစ္ နည္းျပ ေဟးနက္စ္ လက္ေအာက္မွာ ခ်န္ပီယံလိဂ္ဖလားကို ရယူႏိုင္ခဲ့ပါတယ္။ရီဘာရီတစ္​ေယာက္ ဘိုင္ယန္ျမဴးနစ္ အသင္းမွာ ကစားခဲ့တဲ့ (၁၂)ရာသီအတြင္း ဆုဖလား (၂၃)လုံးရယူႏိုင္ခဲ့ပါတယ္။