ရီစီဂျိမ်းစ်ကြောင့် အမှတ်ပေးဇယားဦးဆောင်ခွင့်ရခဲ့တဲ့ ချဲလ်ဆီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးအသင်းဟာ နယူးကာဆယ်ရဲ့ ခံစစ်ကစားပုံကြောင့် ပွဲချိန် ၆၅ မိနစ်အထိ အခက်တွေ့ခဲ့ရပေမယ့် ညာနောက်ခံလူ ရီစီဂျိမ်းစ်ရဲ့ ဒုံးပျံကန်ချက်တွေကြောင့် အဝေးကွင်းမှာ လှပတဲ့နိုင်ပွဲတစ်ပွဲကို ဖန်တီးနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။

ချဲလ်ဆီးတိုက်စစ်မှာ လူကာကူ၊ ဗာနာတို့နှစ်ယောက်လုံး မပါဝင်နိုင်ခဲ့သလို မေဆင်မောင့်လည်း မပါဝင်လာခဲ့ဘဲ ဇီယက်ချ်၊ ဟာဗက်ဇ်၊ အိုဒွိုင်းတို့နဲ့ ပွဲထွက်လာခဲ့တာပါ။

ချဲလ်ဆီးတို့ ဂိုးရဖို့ တော်တော်လေး ရုန်းကန်ခဲ့ရချိန် ပွဲကစားချိန် (၆၄) မိနစ်မှာ ရီစီဂျိမ်းစ်ရဲ့ မထင်မှတ်တဲ့ကန်ချက်က ချဲလ်ဆီးအတွက် အဖွင့်ဂိုးဖြစ်ခဲ့ပြီး အဲဒီဂိုးကြောင့်လည်း ချဲလ်ဆီးတို့ လက်ကျန်ပွဲကစားချိန်တွေမှာ ဖိအားလျော့ခဲ့ရတာပါ။

ပွဲချိန်၇၇မိနစ်မှာ ချဲလ်ဆီးတို့ဒုတိယဂိုးထပ်ရခဲ့ပြီး လော့ဖ်တပ်စ်ချိခ်ရဲ့အနီးကပ်ပေးပို့မှုကို ရီစီဂျိမ်းစ်ကန်သွင်းရာမှာ နောက်ခံလူတွေနဲ့ထိပြီးပြန်ထွက်လာတာကို ဂျိမ်းစ်ပဲထပ်ဆင့်ပိတ်သွင်းခဲ့တာပါ။

ဆက်တိုက်ဆိုသလိုပဲ ပွဲချိန်မိနစ်၈၀မှာ ဟာဗက်ဇ်ကပင်နယ်တီဧရိယာထဲမှာ နယူးကာဆယ်ဂိုးသမားကို ကျော်ဖြတ်ဖို့ကြိုးစားခဲ့ပေမယ့် ဂိုးသမားတားဆီးပုံကြမ်းခဲ့လို့ ချဲလ်ဆီးတို့ပင်နယ်တီရခဲ့ပါတယ်။

ရရှိလာတဲ့ပင်နယ်တီပြစ်ဒဏ်ဘောကို ကန်သွင်းနေကျဂျော်ဂျင်ဟိုကပဲ အမှားအယွင်းမရှိကန်သွင်းကာ ချဲလ်ဆီးအတွက်ပွဲသိမ်းဂိုးကို ရယူပေးသွားခဲ့တာပါ။

အဲဒီနိုင်ပွဲကြောင့် ချဲလ်ဆီးတို့ ဒုတိယနေရာက လီဗာပူးကို (၃) မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရီစီဂ်ိမ္းစ္ေၾကာင့္ အမွတ္​ေပးဇယားဦး​ေဆာင္ခြင့္ရခဲ့တဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းဟာ နယူးကာဆယ္ရဲ႕ ခံစစ္ကစားပုံေၾကာင့္ ပြဲခ်ိန္ ၆၅ မိနစ္အထိ အခက္ေတြ႕ခဲ့ရေပမယ့္ ညာေနာက္ခံလူ ရီစီဂ်ိမ္းစ္ရဲ႕ ဒုံးပ်ံကန္ခ်က္ေတြေၾကာင့္ အေဝးကြင္းမွာ လွပတဲ့ႏိုင္ပြဲတစ္ပြဲကို ဖန္တီးႏိုင္ခဲ့တယ္လို႔ ဆိုရပါမယ္။
ခ်ဲလ္ဆီးတိုက္စစ္မွာ လူကာကူ၊ ဗာနာတို႔ႏွစ္ေယာက္လုံး မပါဝင္ႏိုင္ခဲ့သလို ေမဆင္ေမာင့္လည္း မပါဝင္လာခဲ့ဘဲ ဇီယက္ခ်္၊ ဟာဗက္ဇ္၊ အိုဒြိဳင္းတို႔နဲ႔ ပြဲထြက္လာခဲ့တာပါ။

ခ်ဲလ္ဆီးတို႔ ဂိုးရဖို႔ ေတာ္ေတာ္ေလး ႐ုန္းကန္ခဲ့ရခ်ိန္ ပြဲကစားခ်ိန္ (၆၄) မိနစ္မွာ ရီစီဂ်ိမ္းစ္ရဲ႕ မထင္မွတ္တဲ့ကန္ခ်က္က ခ်ဲလ္ဆီးအတြက္ အဖြင့္ဂိုးျဖစ္ခဲ့ၿပီး အဲဒီဂိုးေၾကာင့္လည္း ခ်ဲလ္ဆီးတို႔ လက္က်န္ပြဲကစားခ်ိန္ေတြမွာ ဖိအားေလ်ာ့ခဲ့ရတာပါ။

ပြဲခ်ိန္၇၇မိနစ္မွာ ခ်ဲလ္ဆီးတို႔ဒုတိယဂိုးထပ္ရခဲ့ၿပီး ေလာ့ဖ္တပ္စ္ခ်ိခ္ရဲ႕အနီးကပ္ေပးပို႔မႈကို ရီစီဂ်ိမ္းစ္ကန္သြင္းရာမွာ ေနာက္ခံလူေတြနဲ႔ထိၿပီးျပန္ထြက္လာတာကို ဂ်ိမ္းစ္ပဲထပ္ဆင့္ပိတ္သြင္းခဲ့တာပါ။
ဆက္တိုက္ဆိုသလိုပဲ ပြဲခ်ိန္မိနစ္၈၀မွာ ဟာဗက္ဇ္ကပင္နယ္တီဧရိယာထဲမွာ နယူးကာဆယ္ဂိုးသမားကို ေက်ာ္ျဖတ္ဖို႔ႀကိဳးစားခဲ့ေပမယ့္ ဂိုးသမားတားဆီးပုံၾကမ္းခဲ့လို႔ ခ်ဲလ္ဆီးတို႔ပင္နယ္တီရခဲ့ပါတယ္။
ရရွိလာတဲ့ပင္နယ္တီျပစ္ဒဏ္ေဘာကို ကန္သြင္းေနက်ေဂ်ာ္ဂ်င္ဟိုကပဲ အမွားအယြင္းမရွိကန္သြင္းကာ ခ်ဲလ္ဆီးအတြက္ပြဲသိမ္းဂိုးကို ရယူေပးသြားခဲ့တာပါ။အဲဒီႏိုင္ပြဲေၾကာင့္ ခ်ဲလ္ဆီးတို႔ ဒုတိယေနရာက လီဗာပူးကို (၃) မွတ္ျဖတ္ ဦးေဆာင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။