
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန်ကြယ်ပွင့် ညာနောက်ခံလူ ရီစီဂျိမ်းစ်ကို ပတ်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းက ခေါ်ယူမယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ပျံ့နေပါတယ်။
အဲဒီ သတင်းဟာ ပရိသတ်တွေအတွက်တော့ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ရေးနဲ့လေကန်ရေးလုပ်လို့ကောင်းတဲ့ ကိစ္စဖြစ်နေပါတယ်။
လူမှုကွန်ရက်ပေါ်က ဝေဖန်ရေးကိစ္စပြောရရင် အွန်လိုင်းမှာ လူမှုရေး ခွဲခြားစော်ကားပြောဆို ခံရမှုတွေကြောင့် ရီစီဂျိမ်းစ်ဟာ သူ့ရဲ့ အင်စတာဂရမ် အကောင့်ကို ဖျက်သွားခဲ့ပါသေးတယ်။
မီလျံချီတဲ့ follower တွေ ရထားတဲ့ အကောင့်ကိုပြီးခဲ့တဲ့ ဇန်နဝါရီလအကုန်မှာ ဂျိမ်းစ်တစ်ယောက် ဖျက်ခဲ့ရတာပါ။
ချယ်လ်ဆီးကြယ်ပွင့်ရဲ့ အပြောင်းအရွှေ့ သတင်းကိုတော့ ချယ်လ်ဆီးပရိသတ် အသိုင်းအဝိုင်းက လှောင်ပြောင်ရယ်စရာ တစ်ခုလိုသာ သဘောထားပြီး ပျက်ရယ်ပြုနေကြပါတယ်။
CfcDuboisဆိုတဲ့ အကောင့်ပိုင်ရှင်က- “ပတ်ဂွာဒီယိုလာ ဂျိမ်းကို လိုချင်တာက ငါ အာကာသယာဉ်မှူးတစ်ယောက် ဖြစ်ချင်သလိုပါပဲလား။
ဒါက ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဖူးလေ။
ရီစီဂျိမ်းစ်ကများ ကျွန်တော်ဟာ ချန်ပီယံလိဂ် အရှုံးသမားတွေအတွက် စာချုပ်ချုပ်ပါတယ်လို့ပြောလိုက်ရင်တော့ကွာ” ဆိုပြီးဖဲ့ထားပါတယ်။
Chelsea Babeဆိုတဲ့ အကောင့်ပိုင်ရှင်ကလည်း “ချန်ပီယံလိဂ် ဖိုင်နယ်မှာ ရီစီဂျိမ်းစ်တစ်ယောက် စတာလင်နဲ့ မန်ဒီတို့ကို ဒုက္ခပေးသွားတာက ပက်ဂွာဒီယိုလာကိုအ ခုထိ ကသိကအောင့် ဖြစ်နေစေတုန်းပဲ ထင်ပါတယ်”ဆိုပြီး ရေးထားပါတယ်။
Jamal Convertဆိုတဲ့ အကောင့်ကတော့ “ဂျိမ်းစ်ကို လိုချင်ရင် ခြေထောက်တစ်ချောင်းစီအတွက် ပေါင်သန်း(၂၀၀)ပေးရမယ်။
သဘောတူညီချက်မှာ ကီဗင်ဒီဘရိုင်းပါ အလိုက်ပေးရဦးမယ်တဲ့ဗျာ။”ဆိုပြီး အသာစီးကနေပြောထားပါတယ်။
Mason Mount ဆိုတဲ့ အကောင့်ပိုင်ရှင်ကလည်း” ပတ်က ဂျိမ်းစ်ကို လိုချင်မှာပေါ့။
ဘာဖြစ်လို့လဲဆိုတော့ UCL ဖိုင်နယ်မှာ သူက ဘင်ဂျမင်မန်ဒီကို လိမ်ခေါက်ကျော်ဖြတ်သွားတာကိုး။
ပြီးတော့ စတာလင်ကိုလည်း အနိုင်ကျင့်သွားသေးတာဆိုတော့”လို့ လှောင်ပြောင်ထားပါတယ်။
Saka Idris Oluwajuedaloဆိုတဲ့ ပရိသတ်တစ်ဦးကလည်း ” ဂျိမ်းစ်ကို သန်း(၅၀၀)နဲ့ ဝယ်ရမယ်။
ကျေးဇူးပြုပြီး ညှိနှိုင်းဆွေးနွေးမှု မရှိ”လို့ စနောက်ထားပါသေးတယ်။
Cesctotti Francisဆိုတဲ့ ပရိသတ်တစ်ယောက်ကတော့ “ငါတို့ရဲ့ ကစားသမားတွေက သူတို့ဆီ လာမယ်လို့ တွက်ဆလိုက်ရင်တော့ ဒါက အကြီးအကျယ် စော်ကားလိုက်တာပဲ။
ပြိုင်ဘက်အသင်းက ငါတို့ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ကို ကမ်းလှမ်းရဲတယ်ပေါ့”ဆိုပြီး ပြောထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ရီစီဂျိမ်းစ်ကို ခေါ်မယ်ဆိုတာ ဂွာဒီယိုလာအတွက် အရူးအိပ်မက်မက်တာလား?