ရိုးမားအတြက္ သူ႔ရဲ႕ေနာက္ဆုံးပြဲမွာ ပင္နယ္တီလြဲခ်င္ခဲ့တဲ့ေတာ့တီ…ဘာေၾကာင့္လဲ

photo-sportbible

photo-gettyimages

အနီေရာင္ရိုးမားအက်ၤီနဲ႔ ၇၈၆ ပြဲကစားၿပီး ၃၀၇ ဂိုုးသြငး္္ခဲ့ၿပီးတဲ့ေနာက္ ၂၀၁၇ ေမလေႏွာင္းပိုင္းမွာ အဲဒီေရာမကလပ္အတြက္ ေတာ့တီေနာက္ဆုံးႏႈတ္ဆက္ေတာ့ ပရိသတ္ေပါင္းမ်ားစြာ ေၾကကြဲခဲ့ရပါတယ္။ ဂ်ီႏိုအာကို ၃-၂ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ရိုးမားကစားသမားဘ၀ သူ႔ရဲ႕ေနာက္ဆုံးပြဲမွာ ဒုတိယပိုင္းလူစား၀င္လာေတာ့ ေတာ့တီဟာ အသင္းေခါငး္ေဆာင္လက္ပတ္ကို ဒီေရာ့စီထံကေန လႊဲေျပာင္းရယူခဲ့တာပါ။ ကစားသမားဘ၀အတြက္ေရာ ရုိးမားအတြက္ပါ သူ႔ရဲ႕ေနာက္ဆုံးႏႈတ္ဆက္ပြဲဆိုတာက လႊမ္းမိုးခ့ဲတာေၾကာင့္ ႀကီးမားတဲ့စိတ္ခံစားမႈေတြျပည့္ႏွက္ေနတဲ့ ညေနခင္းတစ္ခုျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ရက္ပိုင္းအၾကာမွာပဲ သူ႔ရဲ႕ရိုးမားအသင္းေဖာ္ေဟာင္း ဂ်ဴအန္ဂ်ီးဆပ္ရဲ႕မယုံႏုိင္ဖြယ္ဖြင့္ဟမႈအရ အဲဒီပြဲရဲ႕မိနစ္ ၉၀ အတြင္းမွာ အေျခအေနေတြဟာ အရမ္းကိုေျပာငး္လဲသြားႏိုင္တယ္ဆိုတာ သိလိုက္ရပါတယ္။

photo-gettyimages

ေတာ့တီဟာ အဲဒီပဲြမွာ ပင္နယ္တီလြဲေခ်ာ္ဖုိ႔ စီစဥ္ခဲ့တာလို႔ ဂ်ီးဆပ္က ဖြင့္ဟခ့ဲတာပါ။ ဘာေၾကာင့္ပါလိမ့္။ အေၾကာင္းရင္းကေတာ့ ကလပ္မွာရွိခဲ့တဲ့အခ်ိန္ေတြအတြင္း သူ႔ကိုအားေပးခဲ့ၾကတဲ့ရိုးမားပရိသတ္ေတြကို ေက်းဇူးတင္တဲ့အေနနဲ႔ ေဘာလုံးကို ပရိသတ္ထဲ ကန္ပို႔ေပးခ်င္ခဲဲ့လို႔ပါ။ ေတာ့တီရဲ႕ေနာက္ဆုံးႏႈတ္ဆက္ပြဲအၿပီး ဘရာဇီးက ေရဒီယိုအင္တာဗ်ဴးတစ္ခုမွာ ဂ်ီးဆပ္က”သူ႔ရဲ႕ေနာက္ဆုံးပြဲမတိုင္ခင္မွာ ေတာ့တီက တကယ္လုိ႔ သူ ပင္နယ္တီကန္ခြင့္ရရင္ ဂိုးသြင္းမွာ မဟုတ္ဘဲ ေဘာလုံးကို ပရိသတ္ေတြဆီပို႔ေပးမွာလို႔ ကၽြန္ေတာ္တို႔ကို ေျပာခဲ့ပါတယ္”လို႔ ဖြင့္ဟခဲ့တာပါ။

photo-gettyimages

ျဖစ္ခ်င္ေတာ့ ရိုးမားဟာ အဲဒီပြဲမွာ ပင္နယ္တီကန္ခြင့္မရခဲ့ပါဘူး။ ရခဲ့ရင္လည္း ေတာ့တီကိုပဲ ေပးကန္ၾကမွာပါ။ တကယ္ဆုိရင္ အဲဒီပြဲဟာ ရိုးမားရဲ႕ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ အေရးပါခ့ဲလို႔ ပင္နယ္တီရလို႔ ေတာ့တီသာ လြဲေအာင္ကန္ခဲ့ရင္ အေျခအေနေတြရႈပ္ေထြးသြားႏိုင္မလားဆုိတာ ဘယ္သူသိႏိုင္မွာလဲ။ ဘာပဲျဖစ္ျဖစ္ ပရိသတ္ေတြအတြက္ ရည္ရြယ္တဲ့ေတာ့တီရဲ႕မျဖစ္ေျမာက္သြားတဲ့ စိတ္ကူးစိတ္သန္းကေတာ့ မယုံႏိုင္ဖြယ္ျဖစ္သလို ေလးစားဖြယ္အတိပါပဲ။ စက္တင္ဘာ ၂၇ ရက္ေန႔မွာ ၄၃ ႏွစ္ျပည့္ခဲ့တဲ့ ေတာ့တီနဲ႔ပတ္သက္လို႔ အခုခ်ိန္ထိ အမွတ္ရစရာတစ္ခုျဖစ္ပါလိမ့္မယ္။

[Unicode]

အနီရောင်ရိုးမားအင်္ကျီနဲ့ ၇၈၆ ပွဲကစားပြီး ၃၀၇ ဂိုးသွင်း်ခဲ့ပြီးတဲ့နောက် ၂၀၁၇ မေလနှောင်းပိုင်းမှာ အဲဒီရောမကလပ်အတွက် တော့တီနောက်ဆုံးနှုတ်ဆက်တော့ ပရိသတ်ပေါင်းများစွာ ကြေကွဲခဲ့ရပါတယ်။ ဂျီနိုအာကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရိုးမားကစားသမားဘ၀ သူ့ရဲ့နောက်ဆုံးပွဲမှာ ဒုတိယပိုင်းလူစားဝင်လာတော့ တော့တီဟာ အသင်းခေါင်းဆောင်လက်ပတ်ကို ဒီရော့စီထံကနေ လွှဲပြောင်းရယူခဲ့တာပါ။ ကစားသမားဘဝအတွက်ရော ရိုးမားအတွက်ပါ သူ့ရဲ့နောက်ဆုံးနှုတ်ဆက်ပွဲဆိုတာက လွှမ်းမိုးခဲ့တာကြောင့် ကြီးမားတဲ့စိတ်ခံစားမှုတွေပြည့်နှက်နေတဲ့ ညနေခင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ရက်ပိုင်းအကြာမှာပဲ သူ့ရဲ့ရိုးမားအသင်းဖော်ဟောင်း ဂျူအန်ဂျီးဆပ်ရဲ့မယုံနိုင်ဖွယ်ဖွင့်ဟမှုအရ အဲဒီပွဲရဲ့မိနစ် ၉၀ အတွင်းမှာ အခြေအနေတွေဟာ အရမ်းကိုပြောင်းလဲသွားနိုင်တယ်ဆိုတာ သိလိုက်ရပါတယ်။

တော့တီဟာ အဲဒီပွဲမှာ ပင်နယ်တီလွဲချော်ဖို့ စီစဉ်ခဲ့တာလို့ ဂျီးဆပ်က ဖွင့်ဟခဲ့တာပါ။ ဘာကြောင့်ပါလိမ့်။ အကြောင်းရင်းကတော့ ကလပ်မှာရှိခဲ့တဲ့အချိန်တွေအတွင်း သူ့ကိုအားပေးခဲ့ကြတဲ့ရိုးမားပရိသတ်တွေကို ကျေးဇူးတင်တဲ့အနေနဲ့ ဘောလုံးကို ပရိသတ်ထဲ ကန်ပို့ပေးချင်ခဲ့လို့ပါ။ တော့တီရဲ့နောက်ဆုံးနှုတ်ဆက်ပွဲအပြီး ဘရာဇီးက ရေဒီယိုအင်တာဗျူးတစ်ခုမှာ ဂျီးဆပ်က”သူ့ရဲ့နောက်ဆုံးပွဲမတိုင်ခင်မှာ တော့တီက တကယ်လို့ သူ ပင်နယ်တီကန်ခွင့်ရရင် ဂိုးသွင်းမှာ မဟုတ်ဘဲ ဘောလုံးကို ပရိသတ်တွေဆီပို့ပေးမှာလို့ ကျွန်တော်တို့ကို ပြောခဲ့ပါတယ်”လို့ ဖွင့်ဟခဲ့တာပါ။

ဖြစ်ချင်တော့ ရိုးမားဟာ အဲဒီပွဲမှာ ပင်နယ်တီကန်ခွင့်မရခဲ့ပါဘူး။ ရခဲ့ရင်လည်း တော့တီကိုပဲ ပေးကန်ကြမှာပါ။ တကယ်ဆိုရင် အဲဒီပွဲဟာ ရိုးမားရဲ့ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါခဲ့လို့ ပင်နယ်တီရလို့ တော့တီသာ လွဲအောင်ကန်ခဲ့ရင် အခြေအနေတွေရှုပ်ထွေးသွားနိုင်မလားဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ဘာပဲဖြစ်ဖြစ် ပရိသတ်တွေအတွက် ရည်ရွယ်တဲ့တော့တီရဲ့မဖြစ်မြောက်သွားတဲ့ စိတ်ကူးစိတ်သန်းကတော့ မယုံနိုင်ဖွယ်ဖြစ်သလို လေးစားဖွယ်အတိပါပဲ။ စက်တင်ဘာ ၂၇ ရက်နေ့မှာ ၄၃ နှစ်ပြည့်ခဲ့တဲ့ တော့တီနဲ့ပတ်သက်လို့ အခုချိန်ထိ အမှတ်ရစရာတစ်ခုဖြစ်ပါလိမ့်မယ်။