ရိုးမားနဲ့ စီရော်နယ်လ်ဒိုတို့ကြားမှာ ဘယ်တော့မှငြိမ်းအေးနိုင်မှာမဟုတ်တဲ့ အမုန်းမီးစ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းမှာကစားနေတဲ့ စီရော်နယ်လ်ဒိုဟာ ကစားသမားဘဝတစ်လျှောက် ပြိုင်ဘက်အသင်းတွေအများကြီးနဲ့ ရင်ဆိုင်ခဲ့ဖူးပြီး ခါးသီးတဲ့ပြိုင်ဘက်တွေနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရတာတွေလည်း အများကြီးပါပဲ။

ဒါပေမဲ့ အသင်းတစ်သင်းနဲ့ မပြေမလည်ဖြစ်တာမျိုး၊ နှစ်တွေအကြာကြီး အကြိတ်အခဲရှိတာမျိုးမရှိပေမယ့် ထူးထူးခြားခြားဆိုသလို သူနဲ့ဘယ်တော့မှ ငြိမ်းချမ်းရေးမရနိုင်တဲ့အသင်းတစ်သင်းတော့ ရှိနေပါသေးတယ်။ အဲဒီအသင်းကတော့ အခုစီးရီးအေပြိုင်ပွဲမှာ ခဏခဏရင်ဆိုင်နေရတဲ့ ရိုးမားအသင်းပါပဲ။

ရိုးမားအသင်းနဲ့ပဋိပက္ခက ဂျူဗင်တပ်စ်အသင်းဆီရောက်တော့မှ ဖြစ်ခဲ့တာမဟုတ်ဘဲ အရင်မန်ချက်စတာယူနိုက်တက်ကစားသမားဘဝတုန်းက စခဲ့တဲ့မီးပွားဖြစ်ပါတယ်။

၂၀၀၆-၀၇ ရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ယူနိုက်တက်အသင်းက ရိုးမားကို (၇-၁)ဂိုးနဲ့အပြတ်အသတ်အနိုင်ရခဲ့တဲ့ပွဲကို ပရိသတ်တွေ မှတ်မိကြဦးမှာပါ။

အဲဒီပွဲမှာ စီရော်နယ်လ်ဒိုဟာ ရိုးမားကစားသမားတွေ ထိန်းချုပ်ဖို့ခက်လောက်အောင် ခြေစွမ်းပြကစားခဲ့ပြီး ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးချန်ပီယံလိဂ်ဂိုးကိုပါ သွင်းယူနိုင်ခဲ့တယ်။

ရိုးမားကစားသမားတွေဟာ ဥပဒေဘောင်ထဲကတစ်မျိုး၊ ဥပဒေပြင်ပကတစ်မျိုး စီရော်နယ်လ်ဒိုကို တားဆီးဖို့ကြိုးစားခဲ့ပြီး ဘယ်လိုမှမထိန်းနိုင်တော့လို့ နောက်ဆုံး ခြေထောက်ရိုက်ချိုးခံရမယ်လို့တောင် ခြိမ်းခြောက်ကြတဲ့အထိဖြစ်ခဲ့ရတယ်။ အဲဒီပွဲအပြီးမှာတော့ စီရော်နယ်လ်ဒိုဟာ ရိုးမားကစားသမားတွေနဲ့ ဘယ်တော့မှ အင်္ကျီလဲလှယ်တာမျိုး မလုပ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တော့တာပါပဲ။

အဲဒီတုန်းကအဖြစ်အပျက်နဲ့ပတ်သက်လို့ စီရော်နယ်လ်ဒိုက အခုလိုဖွင့်ဟပြောခဲ့ဖူးပါတယ်။ “ကျွန်တော်တို့အသင်း (၆)ဂိုးပြတ်နဲ့နိုင်နေချိန်မှာ ရိုးမားကစားသမားတစ်ဦးက ကျွန်တော့်ကို နောက်ထပ်ဘောလုံးဆွဲပြေးတာတွေ မလုပ်ဖို့တောင်းပန်ခဲ့ပါတယ်။ တခြားသူတွေကတော့ ကျွန်တော့်ကို ဒဏ်ရာရအောင်လုပ်ရမလားဆိုပြီး ခြိမ်းခြောက်ခဲ့ကြပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် ရိုးမားကစားသမားတွေနဲ့ ကျွန်တော် ဘယ်တော့မှာ အင်္ကျီချင်းလဲမှာမဟုတ်ပါဘူး”။

အခုဆိုရင် စီရော်နယ်လ်ဒိုရဲ့အသင်းဟောင်း ယူနိုက်တက်အသင်းက ဒီညမှာ ရိုးမားအသင်းနဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားမှာပါ။

စီရော်နယ်လ်ဒိုသာ အဲဒီပွဲကို စောင့်ကြည့်ဖြစ်မယ်ဆိုရင် ၂၀၀၇ ခုနှစ်တုန်းကလိုမျိုး ယူနိုက်တက်အသင်း ဂိုးပြတ်နိုင်ပွဲရယူနိုင်ဖို့ အားပေးဖြစ်လိမ့်မယ်ဆိုတာ အသေအချာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

႐ိုးမားနဲ႔ စီေရာ္နယ္လ္ဒိုတို႔ၾကားမွာ ဘယ္ေတာ့မွၿငိမ္းေအးႏိုင္မွာမဟုတ္တဲ့ အမုန္းမီးစ

စီးရီးေအထိပ္သီး ဂ်ဴဗင္တပ္စ္အသင္းမွာကစားေနတဲ့ စီေရာ္နယ္လ္ဒိုဟာ ကစားသမားဘဝတစ္ေလွ်ာက္ ၿပိဳင္ဘက္အသင္းေတြအမ်ားႀကီးနဲ႔ ရင္ဆိုင္ခဲ့ဖူးၿပီး ခါးသီးတဲ့ၿပိဳင္ဘက္ေတြနဲ႔ အႀကိတ္အနယ္ယွဥ္ၿပိဳင္ခဲ့ရတာေတြလည္း အမ်ားႀကီးပါပဲ။ ဒါေပမဲ့ အသင္းတစ္သင္းနဲ႔ မေျပမလည္ျဖစ္တာမ်ိဳး၊ ႏွစ္ေတြအၾကာႀကီး အႀကိတ္အခဲရွိတာမ်ိဳးမရွိေပမယ့္ ထူးထူးျခားျခားဆိုသလို သူနဲ႔ဘယ္ေတာ့မွ ၿငိမ္းခ်မ္းေရးမရႏိုင္တဲ့အသင္းတစ္သင္းေတာ့ ရွိေနပါေသးတယ္။ အဲဒီအသင္းကေတာ့ အခုစီးရီးေအၿပိဳင္ပြဲမွာ ခဏခဏရင္ဆိုင္ေနရတဲ့ ႐ိုးမားအသင္းပါပဲ။ ႐ိုးမားအသင္းနဲ႔ပဋိပကၡက ဂ်ဴဗင္တပ္စ္အသင္းဆီေရာက္ေတာ့မွ ျဖစ္ခဲ့တာမဟုတ္ဘဲ အရင္မန္ခ်က္စတာယူႏိုက္တက္ကစားသမားဘဝတုန္းက စခဲ့တဲ့မီးပြားျဖစ္ပါတယ္။

၂၀၀၆-၀၇ ရာသီ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ယူႏိုက္တက္အသင္းက ႐ိုးမားကို (၇-၁)ဂိုးနဲ႔အျပတ္အသတ္အႏိုင္ရခဲ့တဲ့ပြဲကို ပရိသတ္ေတြ မွတ္မိၾကဦးမွာပါ။ အဲဒီပြဲမွာ စီေရာ္နယ္လ္ဒိုဟာ ႐ိုးမားကစားသမားေတြ ထိန္းခ်ဳပ္ဖို႔ခက္ေလာက္ေအာင္ ေျခစြမ္းျပကစားခဲ့ၿပီး ယူႏိုက္တက္ကစားသမားဘ၀ ပထမဆုံးခ်န္ပီယံလိဂ္ဂိုးကိုပါ သြင္းယူႏိုင္ခဲ့တယ္။ ႐ိုးမားကစားသမားေတြဟာ ဥပေဒေဘာင္ထဲကတစ္မ်ိဳး၊ ဥပေဒျပင္ပကတစ္မ်ိဳး စီေရာ္နယ္လ္ဒိုကို တားဆီးဖို႔ႀကိဳးစားခဲ့ၿပီး ဘယ္လိုမွမထိန္းႏိုင္ေတာ့လို႔ ေနာက္ဆုံး ေျခေထာက္႐ိုက္ခ်ိဳးခံရမယ္လို႔ေတာင္ ၿခိမ္းေျခာက္ၾကတဲ့အထိျဖစ္ခဲ့ရတယ္။ အဲဒီပြဲအၿပီးမွာေတာ့ စီေရာ္နယ္လ္ဒိုဟာ ႐ိုးမားကစားသမားေတြနဲ႔ ဘယ္ေတာ့မွ အက်ႌလဲလွယ္တာမ်ိဳး မလုပ္ေတာ့ဘူးလို႔ ဆုံးျဖတ္ခဲ့ေတာ့တာပါပဲ။

အဲဒီတုန္းကအျဖစ္အပ်က္နဲ႔ပတ္သက္လို႔ စီေရာ္နယ္လ္ဒိုက အခုလိုဖြင့္ဟေျပာခဲ့ဖူးပါတယ္။ “ကြၽန္ေတာ္တို႔အသင္း (၆)ဂိုးျပတ္နဲ႔ႏိုင္ေနခ်ိန္မွာ ႐ိုးမားကစားသမားတစ္ဦးက ကြၽန္ေတာ့္ကို ေနာက္ထပ္ေဘာလုံးဆြဲေျပးတာေတြ မလုပ္ဖို႔ေတာင္းပန္ခဲ့ပါတယ္။ တျခားသူေတြကေတာ့ ကြၽန္ေတာ့္ကို ဒဏ္ရာရေအာင္လုပ္ရမလားဆိုၿပီး ၿခိမ္းေျခာက္ခဲ့ၾကပါတယ္။ အဲဒီျဖစ္ရပ္ေၾကာင့္ ႐ိုးမားကစားသမားေတြနဲ႔ ကြၽန္ေတာ္ ဘယ္ေတာ့မွာ အက်ႌခ်င္းလဲမွာမဟုတ္ပါဘူး”။ အခုဆိုရင္ စီေရာ္နယ္လ္ဒိုရဲ႕အသင္းေဟာင္း ယူႏိုက္တက္အသင္းက ဒီညမွာ ႐ိုးမားအသင္းနဲ႔ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္ပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားမွာပါ။ စီေရာ္နယ္လ္ဒိုသာ အဲဒီပြဲကို ေစာင့္ၾကည့္ျဖစ္မယ္ဆိုရင္ ၂၀၀၇ ခုႏွစ္တုန္းကလိုမ်ိဳး ယူႏိုက္တက္အသင္း ဂိုးျပတ္ႏိုင္ပြဲရယူႏိုင္ဖို႔ အားေပးျဖစ္လိမ့္မယ္ဆိုတာ အေသအခ်ာပါပဲ။