ရိုးမားကစားသမားကို ပညာပြခဲ့တဲ့ အေဂျက်ဘောကောက်ကောင်လေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညကကစားခဲ့တဲ့ ယူရိုပါလိဂ်ကွာတားပွဲစဉ်တစ်ပွဲဖြစ်တဲ့ အေဂျက်နဲ့ရိုးမားတို့ပွဲမှာတော့ အေဂျက်အသင်းက အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်မယ့် အခွင့်အရေး ရခဲ့ပေမယ့် တာဒစ်က ပင်နယ်တီလွဲခဲ့တာကြောင့် နစ်နာခဲ့ရပြီး ရိုးမားအသင်းရဲ့ ဂိုးတွေကို ခွင့်ပြုခဲ့ရကာ ရှုံးပွဲကြုံခဲ့ရပါတယ်။

ဧည့်သည်ရိုးမားအသင်းက (၁-၂)ရလဒ်နဲ့အနိုင်ယူနိုင်ခဲ့ကာ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။အေဂျက်အသင်းအနေနဲ့ အဲဒီပွဲမှာ ဦးဆောင်ဂိုးစရခဲ့ပေမယ့် ဒုတိယပိုင်းမှာ ရိုးမားရဲ့ဂိုးတွေကို ပြန်လည်ခွင့်ပြုပေးခဲ့ရပါတယ်။

အေဂျက်အသင်းအတွက် ဂိုးသွင်းသူကတော့ ကလာဆန် (၃၉) မိနစ် ဖြစ်ပြီး၊ ရိုးမားအသင်းအတွက် ဂိုးသွင်းသူများကတော့ ပယ်လီဂရီနီ (၅၇) မိနစ်နဲ့ အိုင်ဘန်နက်ဇ် (၈၇) မိနစ် တို့ဖြစ်ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ပွဲတချို့မှာ ထူးခြားဖြစ်ရပ်တွေလည်း ရှိပါတယ်။ အေဂျက်ပွဲမှာတော့ ဘောကောက်တဲ့ကောင်လေးက စိတ်ဆိုးဆိုးနဲ့ ပညာပြခဲ့တာပါ။

အဲဒီဖြစ်ရပ်က နာကျင် အချိန်ပိုမှာဖြစ်ခဲ့တာပါ။ အနိုင်ဂိုးရထားတဲ့ ရိုးမားဘက်က ကာလာဖီအိုရီအနေနဲ့ လက်ပစ်ဘောရချိန်မှာ အချိန်ဆွဲတဲ့ သဘောနဲ့ ခပ်လှမ်းလှမ်းက ဘောလုံးကို ယူဖို့ တလှမ်းချင်း အေးအေးဆေးဆေးလမ်း လျှောက်လာခဲ့ပါတယ်။

အဲဒီအနေအထားကို ကွင်းဘေးက အေဂျက်ဘောကောက်ကောင်လေး က သည်းမခံနိုင်ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အသင်းရှုံးနေတာကြောင့်ဖြစ်နေတဲ့ ဒေါသရယ်၊ ပြိုင်ဘက်ကစားသမားရဲ့ ညစ်ကွက်ရယ်ကိုပေါင်းပြီး သူ့လက်ထဲက ဘောလုံးကို ကစားသမား ဆီတည့်တည့်ချိန်ပြီး အရှိန်နဲ့ ပစ်ပေါက်လိုက်ပါတော့တယ်။

စိတ်ဆိုးဆိုးနဲ့ပစ်လိုက်တဲ့ဘောလုံးကလက်တည့်ပါတယ်။ ကစားသမားရဲ့ မျက်နှာကို တည့်တည့်ထိသွားခဲ့ပြီး၊ ကစားသမားကလည်း အခြေအနေကိုသဘောပေါက်ကာ ဘောကောက်တဲ့ ကောင်လေးကို တော်ကီနဲ့ပစ်ပါတယ်။ ဒိုင်လူကြီးကတော့ ကာလာဖီအိုရီကိုပဲ အဝါကတ်ပြခဲ့ပါတယ်။

ကိုယ်နိုင်နေတာပဲဆိုပြီး ညစ်ကွက်သုံးလို့တော့မရပါဘူး။ ဘောကောက်တဲ့သူကအစ ကိုယ့်ရဲ့လုပ်ပုံမမှန်ရင် သူ့ခွင်နဲ့သူ ပညာပြလို့ရပါတယ်။ နောက်တစ်ကျော့မှာ ဘယ်အသင်းရဲ့ အနေအထားဘယ်လိုဖြစ်မလဲဆိုတာ အားပေးစောင့်ကြည့်ရအောင်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

႐ိုးမားကစားသမားကို ပညာျပခဲ့တဲ့ ​ေအဂ်က္​ေဘာ​ေကာက္​​ေကာင္​ေလး

မေန႔ညကကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ကြာတားပြဲစဥ္တစ္ပြဲျဖစ္တဲ့ ေအဂ်က္နဲ႔႐ိုးမားတို႔ပြဲမွာ​ေတာ့ ေအဂ်က္အသင္းက အိမ္ကြင္းမွာ ၂ ဂိုးျပတ္နဲ႔ ဦးေဆာင္ႏိုင္မယ့္ အခြင့္အေရး ရခဲ့ေပမယ့္ တာဒစ္က ပင္နယ္တီလြဲခဲ့တာေၾကာင့္ နစ္နာခဲ့ရၿပီး ႐ိုးမားအသင္းရဲ႕ ဂိုးေတြကို ခြင့္ျပဳခဲ့ရကာ ရႈံးပြဲႀကဳံခဲ့ရပါတယ္။

ဧည့္သည္႐ိုးမားအသင္းက (၁-၂)ရလဒ္နဲ႔အႏိုင္ယူႏိုင္ခဲ့ကာ ေနာက္တစ္ဆင့္တက္ဖို႔ အေျခအေနေကာင္းသြားခဲ့ပါတယ္။ေအဂ်က္အသင္းအေနနဲ႔ အဲဒီပြဲမွာ ဦးေဆာင္ဂိုးစရခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ႐ိုးမားရဲ႕ဂိုးေတြကို ျပန္လည္ခြင့္ျပဳေပးခဲ့ရပါတယ္။

ေအဂ်က္အသင္းအတြက္ ဂိုးသြင္းသူကေတာ့ ကလာဆန္ (၃၉) မိနစ္ ျဖစ္ၿပီး၊ ရိုးမားအသင္းအတြက္ ဂိုးသြင္းသူမ်ားကေတာ့ ပယ္လီဂရီနီ (၅၇) မိနစ္နဲ႔ အိုင္ဘန္နက္ဇ္ (၈၇) မိနစ္ တို႔ျဖစ္ပါတယ္။

မေန႔ညက ကစားခဲ့တဲ့ ပြဲတခ်ိဳ႕မွာ ထူးျခားျဖစ္ရပ္ေတြလည္း ရိွပါတယ္။ ေအဂ်က္ပြဲမွာေတာ့ ေဘာေကာက္တဲ့ေကာင္ေလးက စိတ္ဆိုးဆိုးနဲ႔ ပညာျပခဲ့တာပါ။ အဲဒီျဖစ္ရပ္က နာက်င္ အခ်ိန္ပိုမွာျဖစ္ခဲ့တာပါ။ အႏိုင္ဂိုးရထားတဲ့ ႐ိုးမားဘက္က ကာလာဖီအိုရီအေနနဲ႔ လက္ပစ္ေဘာရခ်ိန္မွာ အခ်ိန္ဆြဲတဲ့ သေဘာနဲ႔ ခပ္လွမ္းလွမ္းက ေဘာလုံးကို ယူဖို႔ တလွမ္းခ်င္း ေအးေအးေဆးေဆးလမ္း ေလ်ွာက္လာခဲ့ပါတယ္။

အဲဒီအေနအထားကို ကြင္းေဘးက ေအဂ်က္ေဘာေကာက္ေကာင္ေလး က သည္းမခံႏိုင္ျဖစ္လာခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ အသင္းရႈံးေနတာေၾကာင့္ျဖစ္ေနတဲ့ ေဒါသရယ္၊ ျပိုင္ဘက္ကစားသမားရဲ႕ ညစ္ကြက္ရယ္ကိုေပါင္းၿပီး သူ႔လက္ထဲက ေဘာလုံးကို ကစားသမား ဆီတည့္တည့္ခ်ိန္ၿပီး အရွိန္နဲ႔ ပစ္ေပါက္လိုက္ပါေတာ့တယ္။

စိတ္ဆိုးဆိုးနဲ႔ပစ္လိုက္တဲ့ေဘာလုံးကလက္တည့္ပါတယ္။ ကစားသမားရဲ႕ မ်က္ႏွာကို တည့္တည့္ထိသြားခဲ့ၿပီး၊ ကစားသမားကလည္း အေျခအေနကိုသေဘာေပါက္ကာ ေဘာေကာက္တဲ့ ေကာင္ေလးကို ေတာ္ကီနဲ႔ပစ္ပါတယ္။ ဒိုင္လူႀကီးကေတာ့ ကာလာဖီအိုရီကိုပဲ အဝါကတ္ျပခဲ့ပါတယ္။

ကိုယ္ႏိုင္ေနတာပဲဆုိၿပီး ညစ္ကြက္သုံးလို႔ေတာ့မရပါဘူး။ ေဘာေကာက္တဲ့သူကအစ ကိုယ့္ရဲ႕လုပ္ပုံမမွန္ရင္ သူ႔ခြင္နဲ႔သူ ပညာျပလို႔ရပါတယ္။ ေနာက္တစ္ေက်ာ့မွာ ဘယ္အသင္းရဲ႕ အေနအထားဘယ္လိုျဖစ္မလဲဆုိတာ အားေပးေစာင့္ၾကည့္ရေအာင္ပါ။